ပုစွန်လုံးမှာ ဦးခေါင်း မပါဘူး။ သို့ပေမယ့် ချမ်းချမ်းသာသာ နေဖို့အတွက် ကိုယ့်တွင်းကိုယ် တူးတတ်တယ်။ ဦးခေါင်း ပါတဲ့ လူက နေရာတကာ ဟိုလူ့ မှီခို၊ ဒီလူ့ မှီခို လိုက်လုပ်နေရင် ပုစွန်လုံးကို အားနာဖို့ ကောင်းတယ်။
ဘဝ ဆုတ်ယုတ်နေတဲ့ လူငယ်တွေကို အကဲခတ်ကြည့်။ ရှေ့မဆက်နိုင်ဘဲ စိတ်ပျက်နေသူတွေ ရှိတယ်။ အဆိုး လောကဓံ နှိပ်စက်ခံရလို့ လက်လျှော့ အရှုံးပေး နေသူတွေ ရှိတယ်။
တခါလေး ရှုံးရုံနဲ့ လုံးဝ ရှုံးသွားပြီလို့ သတ်မှတ်လိုက်ရင် တိုးတက်ဖို့ အခွင့်ဆိုတာ ပျောက်ကွယ် သွားမှာပေါ့။ အတောင်ပံ မခတ်တဲ့ ပိုးစုန်းကြူးမှာ အရောင် ထွက်ဖို့ ခက်တယ်။
ရည်မှန်းချက် နဲ့ ကြိုးစားမှု မရှိတဲ့ လူငယ်မှာလည်းတိုးတက်လာဖို့ ခက်မှာပါပဲ။
လူငယ်တယောက်ရဲ့ အနှစ် အမြူတေ ဆိုတာ မျှော်လင့်ချက်နဲ့ အိမ်မက်ပါ။ ဘဝမှာ မော့ကြည့်ရတဲ့ အိမ်မက်မျိုးတော့ လူငယ်မှန်သမျှ မက်သင့်ကြတာပေါ့။
ထူးချွန်ထက်မြတ်တဲ့ လူငယ်ဆိုတာ ကိုယ့်ဘဝကိုလည်း မြှင့်တင်နိုင်သလို သူတပါးတို့ရဲ့ ဘဝကိုလည်း မြှင့်တင် ပေးနိုင်စွမ်း ရှိတယ်။
စာနာစိတ် ရှိတဲ့ လူငယ်ဆိုတာ တကိုယ်ကောင်းဆန်စိတ် နည်းပါးသလို တပါးသူတို့ရဲ့ စိတ်ပင်ပန်းမှုတွေ ကိုလည်း မျှဝေခံစား ပေးတတ်ကြတယ်။
အသားဖြူခြင်း မဖြူခြင်း၊ ရုပ်ရည်လှခြင်း မလှခြင်းတွေက လူငယ်တယောက်ရဲ့ တန်ဖိုး မဟုတ်ဘူး။ ဘယ်လောက် အစွမ်းအစ ရှိ မရှိ၊ ဘာတွေ လုပ်နိုင် မလုပ်နိုင် ဆိုတာကမှ လူငယ်တယောက်ရဲ့ တန်ဖိုးပါ။ ဆရာအောင်သင်း
Zawgyi
ပုစြန္လုံးႏွင့္ လူငယ္
ပုစြန္လုံးမွာ ဦးေခါင္း မပါဘူး။ သို႔ေပမယ့္ ခ်မ္းခ်မ္းသာသာ ေနဖို႔အတြက္ ကိုယ့္တြင္းကိုယ္ တူးတတ္တယ္။ ဦးေခါင္း ပါတဲ့ လူက ေနရာတကာ ဟိုလူ႔ မွီခို၊ ဒီလူ႔ မွီခို လိုက္လုပ္ေနရင္ ပုစြန္လုံးကို အားနာဖို႔ ေကာင္းတယ္။
ဘဝ ဆုတ္ယုတ္ေနတဲ့ လူငယ္ေတြကို အကဲခတ္ၾကည့္။ ေရွ႕မဆက္ႏိုင္ဘဲ စိတ္ပ်က္ေနသူေတြ ရွိတယ္။ အဆိုး ေလာကဓံ ႏွိပ္စက္ခံရလို႔ လက္ေလွ်ာ့ အရႈံးေပး ေနသူေတြ ရွိတယ္။
တခါေလး ရႈံး႐ုံနဲ႔ လုံးဝ ရႈံးသြားၿပီလို႔ သတ္မွတ္လိုက္ရင္ တိုးတက္ဖို႔ အခြင့္ဆိုတာ ေပ်ာက္ကြယ္ သြားမွာေပါ့။ အေတာင္ပံ မခတ္တဲ့ ပိုးစုန္းၾကဴးမွာ အေရာင္ ထြက္ဖို႔ ခက္တယ္။ ရည္မွန္းခ်က္ နဲ႔ ႀကိဳးစားမႈ မရွိတဲ့ လူငယ္မွာလည္းတိုးတက္လာဖို႔ ခက္မွာပါပဲ။
လူငယ္တေယာက္ရဲ႕ အႏွစ္ အျမဴေတ ဆိုတာ ေမွ်ာ္လင့္ခ်က္နဲ႔ အိမ္မက္ပါ။ ဘဝမွာ ေမာ့ၾကည့္ရတဲ့ အိမ္မက္မ်ိဳးေတာ့ လူငယ္မွန္သမွ် မက္သင့္ၾကတာေပါ့။
ထူးခြၽန္ထက္ျမတ္တဲ့ လူငယ္ဆိုတာ ကိုယ့္ဘဝကိုလည္း ျမႇင့္တင္ႏိုင္သလို သူတပါးတို႔ရဲ႕ ဘဝကိုလည္း ျမႇင့္တင္ ေပးႏိုင္စြမ္း ရွိတယ္။ စာနာစိတ္ ရွိတဲ့ လူငယ္ဆိုတာ တကိုယ္ေကာင္းဆန္စိတ္ နည္းပါးသလို တပါးသူတို႔ရဲ႕ စိတ္ပင္ပန္းမႈေတြ ကိုလည္း မွ်ေဝခံစား ေပးတတ္ၾကတယ္။
အသားျဖဴျခင္း မျဖဴျခင္း၊ ႐ုပ္ရည္လွျခင္း မလွျခင္းေတြက လူငယ္တေယာက္ရဲ႕ တန္ဖိုး မဟုတ္ဘူး။ ဘယ္ေလာက္ အစြမ္းအစ ရွိ မရွိ၊ ဘာေတြ လုပ္ႏိုင္ မလုပ္ႏိုင္ ဆိုတာကမွ လူငယ္တေယာက္ရဲ႕ တန္ဖိုးပါ။ ဆရာေအာင္သင္း
0 Comments