အတွေးမှားသော ငှက်ကလေးး

တခါတုန်းက ‌ငှက်ကလေး တကောင် ဆောင်းခိုဖို့ အတွက် တောင်ပိုင်းကို မိုင်ထောင်ချီ ခရီးနှင် ပျံသန်းလာခဲ့တယ်။

ငှက်ကလေးဟာ ပျံလာရင်းနဲ့ လမ်းခရီးမှာ အတောင်ပံတွေ အေးခဲပြီး ဆက်မပျံနိုင်တော့ပဲ မြေပေါ်ကို ပြုတ်ကျခဲ့တယ်။

မြေပေါ်မှာ အေးခဲပြီး သေအံ့မူးမူး ဖြစ်နေတဲ့ ငှက်ကလေး အပေါ် နွားနောက် တကောင်က လာပြီး ချေးပါချ လိုက်တယ်။ ငှက်ကလေးက တွေးတယ်။ သေတော့မယ့်သူ ကိုတောင် ဒုက္ခလာပေးရက် တယ်ပေါ့။

ဒါပေမယ့် သူထင်သလို မဟုတ်ခဲ့ ပါဘူး။ နွားချေးရဲ့ အပူဓာတ်ကြောင့် သူ့ကိုယ်က ရေခဲတွေ ကွာကျလာပြီး သူအသက်ရှင်ဖို့ မျှော်လင့်ချက် ရှိလာခဲ့တယ်။

အဲဒီအချိန်မှာပဲ ကြောင်တကောင် ရောက်လာပြီး နွားချေးပုံထဲမှာ လှုပ်နေတဲ့ ငှက်ကလေး‌ကို တွေ့သွား‌‌တော့ နွားချေးတွေကို လက်နဲ့ ယက်ပြီး ဖယ်သတဲ့။

ငှက်ကလေး အရမ်း ပျော်သွားတယ်။ ကယ်တင်ရှင် လာပြီပေါ့။ ဒါပေမယ့် ငှက်ကလေးရဲ့ အတွေးဟာ မှားသွားခဲ့ရတယ်။ သူ ကြောင်စာ ဖြစ်သွား ရှာတယ်လေ။

ဒီလိုပါပဲ ဘဝမှာ သင့်အပါ် မကောင်းဘူးလို့ သင်ထင်နေတဲ့ သူတိုင်းလည်း ရန်သူ မဟုတ်သလို၊ သင့် အပေါ် ကောင်းတယ်လို့ ထင်ရတဲ့ သူတိုင်းဟာလည်း မိတ်ဆွေ မဟုတ်ဘူးဆိုတဲ့ အချက်ကို ဒီအကြောင်းအရာလေးက သင်ခန်းစာ ပေးထားတာ ဖြစ်ပါတယ်။ Crd

Zawgyi

အေတြးမွားေသာ ငွက္ကေလး

တခါတုန္းက ‌ငွက္ကေလး တေကာင္ ေဆာင္းခိုဖို႔ အတြက္ ေတာင္ပိုင္းကို မိုင္ေထာင္ခ်ီ ခရီးႏွင္ ပ်ံသန္းလာခဲ့တယ္။ ငွက္ကေလးဟာ ပ်ံလာရင္းနဲ႔ လမ္းခရီးမွာ အေတာင္ပံေတြ ေအးခဲၿပီး ဆက္မပ်ံႏိုင္ေတာ့ပဲ ေျမေပၚကို ျပဳတ္က်ခဲ့တယ္။

ေျမေပၚမွာ ေအးခဲၿပီး ေသအံ့မူးမူး ျဖစ္ေနတဲ့ ငွက္ကေလး အေပၚ ႏြားေနာက္ တေကာင္က လာၿပီး ေခ်းပါခ် လိုက္တယ္။ ငွက္ကေလးက ေတြးတယ္။ ေသေတာ့မယ့္သူ ကိုေတာင္ ဒုကၡလာေပးရက္ တယ္ေပါ့။

ဒါေပမယ့္ သူထင္သလို မဟုတ္ခဲ့ ပါဘူး။ ႏြားေခ်းရဲ႕ အပူဓာတ္ေၾကာင့္ သူ႔ကိုယ္က ေရခဲေတြ ကြာက်လာၿပီး သူအသက္ရွင္ဖို႔ ေမွ်ာ္လင့္ခ်က္ ရွိလာခဲ့တယ္။

အဲဒီအခ်ိန္မွာပဲ ေၾကာင္တေကာင္ ေရာက္လာၿပီး ႏြားေခ်းပုံထဲမွာ လႈပ္ေနတဲ့ ငွက္ကေလး‌ကို ေတြ႕သြား‌‌ေတာ့ ႏြားေခ်းေတြကို လက္နဲ႔ ယက္ၿပီး ဖယ္သတဲ့။

ငွက္ကေလး အရမ္း ေပ်ာ္သြားတယ္။ ကယ္တင္ရွင္ လာၿပီေပါ့။ ဒါေပမယ့္ ငွက္ကေလးရဲ႕ အေတြးဟာ မွားသြားခဲ့ရတယ္။ သူ ေၾကာင္စာ ျဖစ္သြား ရွာတယ္ေလ။

ဒီလိုပါပဲ ဘဝမွာ သင့္အပၚ မေကာင္းဘူးလို႔ သင္ထင္ေနတဲ့ သူတိုင္းလည္း ရန္သူ မဟုတ္သလို၊ သင့္ အေပၚ ေကာင္းတယ္လို႔ ထင္ရတဲ့ သူတိုင္းဟာလည္း မိတ္ေဆြ မဟုတ္ဘူးဆိုတဲ့ အခ်က္ကို ဒီအေၾကာင္းအရာေလးက သင္ခန္းစာ ေပးထားတာ ျဖစ္ပါတယ္။ Crd

Post a Comment

0 Comments