ဘယ်သူ့အတွက် အလုပ် လုပ်နေတာလဲ

တရုပ်ပြည်က လုပ်ငန်းရှင် သူဌေးမကြီးတဦး သေဆုံးတော့ မုဆိုးဖို ခင်ပွန်းသည်က ၁.၉ ဘီလျံ အမွေရခဲ့ပြီး အိမ်က အိမ်အကူကို ကောက်ယူ လိုက်တယ်။

အဲဒီ အိမ်အကူက ပြောတယ်။ "တသက်လုံး သူဌေးမအတွက် အလုပ် လုပ်ပေးလာတယ် ထင်ခဲ့တာ။ သူဌေးမက ကျမအတွက် အလုပ် လုပ်ပေးနေမှန်း အခုမှ သိရတော့တယ်" တဲ့။

အမှန်တရားကတော့ ချမ်းသာဖို့ထက် အသက်ရှည် ကျန်းမာဖို့က ပိုအရေးကြီးတယ်။ ကျန်းမာ သန်စွမ်းတဲ့ ကိုယ်ခန္ဓာ ထိန်းသိမ်းထားဖို့ အားထုတ်ရမယ်။

ဘယ်သူက ဘယ်သူ့အတွက် အလုပ် လုပ်ပေးနေတယ် ဆိုတာ သိပ်အရေးမကြီးဘူး။ နောက်ဆုံးပေါ် မိုဘိုင်းဖုန်းတစ်လုံးရဲ့ ၇၀ ရာခိုင်နှုန်းသော Function တွေကို ကျနော်တို့ မလိုအပ်ဘူး။

မော်တော်ကား အပျံစားရဲ့ အမြန်နှုန်း ၇၀ ရာခိုင်နှုန်းနဲ့ အဆင်တန်ဆာ တွေကို ဘယ်တော့မှ မသုံးဖြစ်ဘူး။ နန်းတော်ကြီး တမျှ ကြီးကျယ်ခမ်းနားတဲ့ စံအိမ်ကြီးရဲ့ ၇၀ ရာခိုင်နှုန်းမှာ ဘယ်သူမှ မနေဖြစ်ဘူး။

ဘီရိုထဲက အဝတ်အစား ၇၀ ရာခိုင်နှုန်း ကိုလည်း ဘယ်တော့မှ ထုတ်မဝတ် ဖြစ်ဘူး။ တသက်လုံး အလုပ် လုပ်ပြီး ရှာဖွေစုဆောင်းလာတာရဲ့ ၇၀ ရာခိုင်နှုန်း ကိုလည်း သူများတွေ အတွက်ပဲ သုံးစွဲ ပစ်လိုက်ရတာ များတယ်။

ဒီတော့ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းလေးကို ထိထိရောက်ရောက် သုံးစွဲရမယ်။ မဖျားမနာပဲ ရှိရင်တောင် ဆေးမှန်မှန် သွားစစ်ပါ။ ရေမဆာလည်း ရေသောက်ပါ။

ပြဿနာတွေ သေရေးရှင်ရေး ဖြစ်နေစေဦးတော့ မေ့ပျောက် စွန့်လွှတ်တတ် ပါစေ။ ကိုယ် မှန်နေစေ ဦးတော့ အလျှော့ပေးဖို့ နောက်မတွန့် ပါနဲ့။

အရမ်း ချမ်းသာပြီး သြဇာရှိနေရင်တောင် နှိ့မ်ချပါ။ မချမ်းသာတဲ့အခါလည်း ရောင့်ရဲတတ် ပါစေ။ ဘယ်လောက် အလုပ်များများ စိတ်နဲ့ ကိုယ်ကို လေ့ကျင့်ခန်း လုပ်ပါ။

ကိုယ် ဂရုစိုက် အလေးထားသူတွေ အတွက် အချိန်ပေးပါ။ တန်ဖိုးရှိတဲ့ အချိန်တွေကို တန်ဖိုးရှိတဲ့ သူတွေ အနားမှာ နေခြင်းဖြင့်ဘဝကို ကောင်းကောင်း အသုံးချတတ် ပါစေ။ Min Thiha

Post a Comment

0 Comments