အနွေးဓာတ်နှင့် ဆူးဒဏ်ရာ

ရာသီဥတုထဲမှာ ဆောင်းရာသီဟာ အလွန် အေးလွန်းလှတာကြောင့် တိရစ္ဆာန်တွေဟာ ဒီအအေးဒဏ်ကြောင့်ပဲ သေကြေပျက်စီး ကြရပါတယ်။

ဖြူးကောင်လေး တွေဟာ ဒီအခြေအနေကြောင့် သူတို့ အချင်းအချင်း နီးကပ်စွာ နေလိုက်ပြီး အဲ့ဒီကနေ သူတို့ဟာ အနွေးဓာတ်ကို ရရှိကြပါတယ်။

ဒါပေမယ့် သူတို့ရဲ့ ကိုယ်ပေါ်က ဆူးတွေကြောင့် တကောင်နဲ့ တကောင် ထိုးမိကြပြီး ထိခိုက်ဒဏ်ရာ ရကြပြန် ပါတယ်။

ဒီလိုနဲ့ပဲ တကောင်နှင့် တကောင် မနီးကပ်ပဲ ခပ်ဝေးဝေး နေလိုက်ကြ ပြန်တော့ အအေးဒဏ်ကြောင့် သေကြေ ပျက်စီးကြရ ပြန်ပါတယ်။ နောက်ဆုံးတော့ သူတို့ဟာ ဆုံးဖြတ်ချက် တခုကို ချကြရပါတယ်။

အနွေးဓါတ်ရဖို့ အချင်းချင်းက ပေးတဲ့ အဆူးရဲ့ ဒဏ်ရာကို ယူမလား၊ အေးခဲ သေဆုံးသွားပြီး ကမ္ဘာပေါ်က ပျောက်ကွယ် သွားမှာကို လိုချင်သလားပေါ့။ သူတို့ဟာ အချင်းချင်း နီးကပ်စွာ နေပြီး အနွေးဓါတ်ရဖို့ နည်းလမ်းကို ရွေးချယ်ခဲ့ ကြပါတယ်။

သူတို့ဟာ တခြားဖြူးကောင် ထံမှ အနွေးဓါတ် ရဖို့အတွက် သူ့ထံမှ ရရှိတဲ့ ဆူးဒဏ်ရာကိုလည်း လက်ခံပြီး ဘယ်လို နေထိုင်ရမလဲ ဆိုတာ သိရှိခဲ့ကြပြီး အသက်ရှင်ခဲ့ ကြပါတယ်။

ဒီလိုပါပဲ သင့်ရဲ့ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေ ဆီက အကောင်းဆုံး ဆိုတာတွေကို သင်အမြဲတမ်း မရနိုင်ပါဘူး။

မိမိပတ်ဝန်းကျင်မှ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေဆီက ကောင်းတဲ့ အရည်အသွေးတွေကို မျှဝေယူကြပြီး မကောင်းတဲ့ အချက်တွေကို သည်းခံ ခွင့်လွှတ်ပေးတတ်မယ် ဆိုရင် အရာရာဟာ လှပနေမှာပါ။ အောင်ထွန်းဦး

Zawgyi

အေႏြးဓာတ္ႏွင့္ ဆူးဒဏ္ရာ

ရာသီဥတုထဲမွာ ေဆာင္းရာသီဟာ အလြန္ ေအးလြန္းလွတာေၾကာင့္ တိရစာၦန္ေတြဟာ ဒီအေအးဒဏ္ေၾကာင့္ပဲ ေသေၾကပ်က္စီး ၾကရပါတယ္။

ျဖဴးေကာင္ေလး ေတြဟာ ဒီအေျခအေနေၾကာင့္ သူတို႔ အခ်င္းအခ်င္း နီးကပ္စြာ ေနလိုက္ၿပီး အဲ့ဒီကေန သူတို႔ဟာ အေႏြးဓာတ္ကို ရရွိၾကပါတယ္။ ဒါေပမယ့္ သူတို႔ရဲ႕ ကိုယ္ေပၚက ဆူးေတြေၾကာင့္ တေကာင္နဲ႔ တေကာင္ ထိုးမိၾကၿပီး ထိခိုက္ဒဏ္ရာ ရၾကျပန္ ပါတယ္။

ဒီလိုနဲ႔ပဲ တေကာင္ႏွင့္ တေကာင္ မနီးကပ္ပဲ ခပ္ေဝးေဝး ေနလိုက္ၾက ျပန္ေတာ့ အေအးဒဏ္ေၾကာင့္ ေသေၾက ပ်က္စီးၾကရ ျပန္ပါတယ္။ ေနာက္ဆုံးေတာ့ သူတို႔ဟာ ဆုံးျဖတ္ခ်က္ တခုကို ခ်ၾကရပါတယ္။

အေႏြးဓါတ္ရဖို႔ အခ်င္းခ်င္းက ေပးတဲ့ အဆူးရဲ႕ ဒဏ္ရာကို ယူမလား၊ ေအးခဲ ေသဆုံးသြားၿပီး ကမာၻေပၚက ေပ်ာက္ကြယ္ သြားမွာကို လိုခ်င္သလားေပါ့။ သူတို႔ဟာ အခ်င္းခ်င္း နီးကပ္စြာ ေနၿပီး အေႏြးဓါတ္ရဖို႔ နည္းလမ္းကို ေ႐ြးခ်ယ္ခဲ့ ၾကပါတယ္။

သူတို႔ဟာ တျခားျဖဴးေကာင္ ထံမွ အေႏြးဓါတ္ ရဖို႔အတြက္ သူ႔ထံမွ ရရွိတဲ့ ဆူးဒဏ္ရာကိုလည္း လက္ခံၿပီး ဘယ္လို ေနထိုင္ရမလဲ ဆိုတာ သိရွိခဲ့ၾကၿပီး အသက္ရွင္ခဲ့ ၾကပါတယ္။

ဒီလိုပါပဲ သင့္ရဲ႕ သူငယ္ခ်င္း မိတ္ေဆြ အေပါင္းအသင္းေတြ ဆီက အေကာင္းဆုံး ဆိုတာေတြကို သင္အၿမဲတမ္း မရႏိုင္ပါဘူး။ မိမိပတ္ဝန္းက်င္မွ သူငယ္ခ်င္း မိတ္ေဆြ အေပါင္းအသင္းေတြဆီက ေကာင္းတဲ့ အရည္အေသြးေတြကို မွ်ေဝယူၾကၿပီး မေကာင္းတဲ့ အခ်က္ေတြကို သည္းခံ ခြင့္လႊတ္ေပးတတ္မယ္ ဆိုရင္ အရာရာဟာ လွပေနမွာပါ။ ေအာင္ထြန္းဦး

Post a Comment

0 Comments