ဒီပုံပြင်လေးကတော့ ဂျပန်မှာ အမှန်တကယ် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေး တခုပါ။ ဂျပန်မှာရှိတဲ့ ပုဂ္ဂိုလ်တဦးဟာ အိမ်အဟောင်းကို ပြုပြင်ဖို့ နံရံကို ချိုးဖျက်ခဲ့တယ်။ ဂျပန်အိမ်တွေမှာ သစ်သားနံရံတွေကြား အခေါင်းပေါက် နေရာလပ်တခု ရှိတယ်။
သူဟာ နံရံကို ဖြိုချတဲ့အခါ ညပ်နေတဲ့ အိမ်မြှောင်တကောင်ကို မြင်ခဲ့တယ်။ အပြင်က သံတချောင်းက အဲဒီ အိမ်မြှောင်ရဲ့ ခြေတဖက်ကို ဖောက်ရိုက်ထားတာ သူတွေ့ခဲ့တယ်။ သူဟာ အိမ်မြှောင်လေးအပေါ် သနားစိတ် ဝင်ခဲ့တယ်။
တချိန်ထဲမှာလည်း ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကို သိချင်လို့ သံချောင်းလေးကို စစ်ဆေးလိုက်တဲ့အခါ သံချောင်းလေးရဲ့သက်တမ်းဟာ ပထမဆုံး အိမ်ဆောက်တဲ့ အချိန်နဲ့ တွက်ကြည့်ရင် ၂ နှစ်လောက် ရှိနေတာကို တွေ့ရှိခဲ့ရတယ်။
ဘယ်လို ဖြစ်ရတာလဲ။ အိမ်မြောင်လေးဟာ တနေရာထဲမှာပဲ ၂ နှစ်ကြာကြာ အသက်ရှင်ခဲ့တယ်။ မှောင်ပြီး ခွဲကန့်ထားတဲ့ နံရံမှာ ၁ နှစ်ကြာကြာ မရွေ့လျားဘဲ ရှိနေတဲ့အတွက် သူဟာ စိတ်ထဲမှာ မဖြစ်နိုင်သလို ခံစားရပြီး အံ့သြသင့်မှုတွေနဲ့ တုန်လှုပ်သွားခဲ့တယ်။
ပြီးတော့ ခြေထောက်မှာ သံရိုက်ခံရလို့ ခြေလှမ်း တလှမ်းမှ မရွေ့လျားဘဲ ၂ နှစ်ကြာကြာ အသက်ရှင်နေတဲ့ ဒီအိမ်မြှောင်ကို သူအရမ်းအရမ်း အံ့သြမိတယ်။
ဒါကြောင့် သူ့အလုပ်ကို ရပ်ပြီး အိမ်မြှောင်ကလေး ဘာတွေလုပ်ပြီး ဘယ်လို စားခဲ့လဲ ဆိုတာ့ လေ့လာကြည့်ခဲ့တယ်။
ဒီလိုနဲ့ သူ့စိတ်ထဲ ဖြစ်နေတဲ့ ခံစားချက် အတွက် အဖြေဖော်ထုတ် နိုင်ခဲ့ပါတယ်။ အဲဒါကတော့ အခြား အိမ်မြှောင်လေး တကောင်က အစာတွေကို ပါးစပ်ထဲမှာ ထည့်ပြီး ဒုက္ခိတ အိမ်မြှောင်လေးကို လာကျွေးနေလို့ ပါပဲ။
အဲဒီမြင်ကွင်းကို သူမြင်ရတဲ့အခါ အသက်ရှူ မှားလောက်အောင် ဖြစ်ပြီး အရမ်း ခံစားခဲ့ရတယ်။ ၂ နှစ် ကြာကြာ မမောမပန်း၊မျှော်လင့်ချက် မစွန့်ဘဲ အဖော် အိမ်မြှောင်လေးကို ပြုစုခဲ့တဲ့ အိမ်မြှောင်လေးကို စဉ်းစားကြည့်ပါ။
မိတ်ဆွေလည်း မိတ်ဆွေရဲ့အဖော် (သူငယ်ချင်း၊ မိဘ၊ မောင်နှမ၊ ဆွေမျိုး၊ အတူလက်တွဲ လုပ်ဆောင်ရတဲ့သူ) တွေ အပေါ်မှာ အိမ်မြှောင်လေးလို ပြုစုပေး နိုင်မှာလား။
အထူးသဖြင့် (၉) လ တိုင်တိုင် ကြီးမားတဲ့ ဝန်ထုပ်ကို လွယ်ပြီး လူဖြစ်အောင် ဒီလောကထဲ ယူဆောင်ပေးခဲ့တဲ့ အမေကို ဒီလို ပြုစုပေး နိုင်မှာလား။
သေးငယ်တဲ့ တိရစ္ဆာန်လေးတောင်မှ ဒုက္ခရောက်နေတဲ့ အဖော်ကို ဒီလို ပြုစုတတ်ရင် အရမ်း ထက်မြက် ကျွမ်းကျင်ပြီး ပါရမီတွေ ထူးတဲ့ လူသားတွေအနေနဲ့ ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ။
ကျေးဇူးပြုပြီး မိတ်ဆွေရဲ့ ချစ်ရတဲ့သူတွေကို ဘယ်တော့မှ စွန့်ပစ် မထားပါနဲ့။ မိတ်ဆွေရဲ့ အကူအညီကို အမှန်တကယ် လိုလားနေတဲ့ သူကို အလုပ်များတယ် လို့ မပြောပါနဲ့။
နှလုံးသားကို အသုံးပြုပြီး အသက်ရှင်ပါ။ ဦးနှောက်ကို အသုံးပြုပြီး အသက်ဆက်ပါ။ ဒါဆိုရင် ဘဝဟာ ကောင်းကင်သုခ ဖြစ်လာပါလိမ့်မယ်။ Crd
0 Comments