ကိုယ်က ဘယ်လောက်ပဲ အဖိုးတန်တဲ့ လူတယောက် ဖြစ်နေပါစေ တန်ဖိုး သိသူနဲ့ တွေ့မှ တန်ဖိုးထား ခံရမှာပါ။
ကိုယ်က ဘယ်လောက်ပဲ ပေးဆပ်ခဲ့တဲ့ လူတယောက် ဖြစ်နေပါစေ အလေးထားတဲ့ သူနဲ့ တွေ့မှ ကိုယ့်ရဲ့ ပေးဆပ်မှုဟာ အရာထင်ပါလိမ့်မယ်။
ကိုယ် ဘယ်လောက်ပဲ ရိုးသားနေပါစေ မှန်ကန်တဲ့ လူတယောက်နဲ့ ဆုံတွေ့နိုင် မှသာ ကိုယ့်ရဲ့ ကောင်းသတင်းတွေဟာ ကျော်ဇောနိုင်မှာပါ။
ကိုယ် ဘယ်လောက်ပဲ အလျှော့ပေးတဲ့ လူတယောက် ဖြစ်နေပါစေ ကိုယ့်အပေါ် ညှာတာ ထောက်ထားတဲ့ လူတယောက်နဲ့ တွေ့မှ ဒါတွေကို သိတတ် ခံစားနိုင် မှာပါ။
တကယ်လို့ ကောင်းမွန်တဲ့ သူတွေနဲ့ မဆုံတွေ့ခဲ့ရဘူး ဆိုရင် ကိုယ့်ကိုယ်ကို ကောင်းမွန်စွာ နေထိုင်သွားဖို့ သတိပေးနေရင် ရပါပြီ။
နားမလည်သူများရဲ့ အကြည့်တွေ အပြောတွေကို ဖယ်ထုတ်ထား လိုက်ပါ။ Crd
Zawgyi
တန္ဖိုးသိမွ တန္ဖိုးရွိမွာ
0 Comments