ကျားသေကို အသက်သွင်းသူများ

တခါတုန်းက မြို့ငယ်လေး တခုက သူငယ်ချင်း လေးယောက်ဟာ ဒိသာပါမောက္ခ ဆရာကြီးထံမှာ သုံးနှစ်သုံးမိုး ပညာသင်ကြားပြီးနောက် ပညာစုံလို့ မိမိမြို့ကို ပြန်လာကြတယ်။

သူငယ်ချင်း လေးယောက် အနက် သုံးယောက်ဟာ ပညာ အလွန်ထူးချွန်ကြပြီး ဆရာကြီးရဲ့ မကြာခဏ ချီးကျူး ခံကြရသူတွေ ဖြစ်တယ်။

လေးယောက်မြောက် သူငယ်ချင်းကတော့ ပညာ သိပ်မထူးချွန် ပေမယ့် အလုပ် လုပ်ရာမှာတော့ လက်တွေ့ကျကျ စဉ်းစားလုပ်ကိုင်တတ်တယ်။

ဒီလိုနဲ့ သူတို့ လေးယောက် ပြန်လာရာ လမ်းမှာရှိတဲ့ တောနက်ကြီးတခု အရောက်မှာ ကျားရိုးစု တခုကို တွေ့တော့ ပညာထူးချွန်တဲ့ တယောက်က သူ့ရဲ့ပညာကို ပြချင်တာနဲ့ ကျားရိုးတွေကို ဆက်စပ်ပြီး ကျားရိုးစု လုပ်ပြလိုက်တယ်။

နောက်တယောက်ကလည်း အားကျမခံ ကျားရိုးစုမှာ ကြွက်သားတွေ၊ ကျားရေတွေ ထည့်ပြလိုက်တယ်။ နောက်တယောက်က "ငါလဲ မန်းမှုတ်ပြီး အသက်သွင်းပေးမယ်" လို့ ပြောလိုက်တယ်။

ထိုအခါ လေးယောက်မြောက်ဖြစ်တဲ့ လက်တွေ့ကျကျ လုပ်ကိုင်တတ်တဲ့ သူက "အသက်တော့ မသွင်းပါနဲ့ အလွန် အန္တရယ်များတယ်၊ အကုန် ဒုက္ခရောက် လိမ့်မယ်" ဆိုပြီး တားတယ်။

ဒါပေမယ့် ပညာပြချင်သူတွေက နားမထောင် ကြပါဘူး။ ဒါကြောင့် လက်တွေ့ကျကျ လုပ်တတ်သူက အကြီးဆုံး သစ်ပင်ကြီး ထိပ်အထိ တက်ပြီး စောင့်ကြည်တယ်။

သုံးယောက်သား ပေါင်းပြီး အသက် သွင်းလိုက်ကြတာ ကျားကြီးလည်း အသက် ဝင်လာရော ဘေးမှာရှိနေတဲ့ သုံးယောက်စလုံးကို သတ်စားလိုက် ပါတော့တယ်။

ပညာတတ်တာထက် လက်တွေ့ကျကျ လုပ်ကိုင် တတ်တာက ပိုကောင်းပါတယ်။ စာတတ်တာထက် အကျိုးအပြစ်ကို စဉ်းစားနားလည်ပြီး လက်တွေ့ လုပ်ဆောင်နိုင်ရ ပါမယ်။ ပညာတတ်ပြီး စဉ်းစားဆင်ခြင်ဉာဏ် မရှိရင်လည်း အလကားပါပဲ။ Crd

Zawgyi

က်ားေသကို အသက္သြင္းသူမ်ား

တခါတုန္းက ၿမိဳ႕ငယ္ေလး တခုက သူငယ္ခ်င္း ေလးေယာက္ဟာ ဒိသာပါေမာကၡ ဆရာႀကီးထံမွာ သုံးႏွစ္သုံးမိုး ပညာသင္ၾကားၿပီးေနာက္ ပညာစုံလို႔ မိမိၿမိဳ႕ကို ျပန္လာၾကတယ္။ သူငယ္ခ်င္း ေလးေယာက္ အနက္ သုံးေယာက္ဟာ ပညာ အလြန္ထူးခြၽန္ၾကၿပီး ဆရာႀကီးရဲ႕ မၾကာခဏ ခ်ီးက်ဴး ခံၾကရသူေတြ ျဖစ္တယ္။

ေလးေယာက္ေျမာက္ သူငယ္ခ်င္းကေတာ့ ပညာ သိပ္မထူးခြၽန္ ေပမယ့္ အလုပ္ လုပ္ရာမွာေတာ့ လက္ေတြ႕က်က် စဥ္းစားလုပ္ကိုင္တတ္တယ္။

ဒီလိုနဲ႔ သူတို႔ ေလးေယာက္ ျပန္လာရာ လမ္းမွာရွိတဲ့ ေတာနက္ႀကီးတခု အေရာက္မွာ က်ား႐ိုးစု တခုကို ေတြ႕ေတာ့ ပညာထူးခြၽန္တဲ့ တေယာက္က သူ႔ရဲ႕ပညာကို ျပခ်င္တာနဲ႔ က်ား႐ိုးေတြကို ဆက္စပ္ၿပီး က်ား႐ိုးစု လုပ္ျပလိုက္တယ္။

ေနာက္တေယာက္ကလည္း အားက်မခံ က်ား႐ိုးစုမွာ ႂကြက္သားေတြ၊ က်ားေရေတြ ထည့္ျပလိုက္တယ္။ ေနာက္တေယာက္က "ငါလဲ မန္းမႈတ္ၿပီး အသက္သြင္းေပးမယ္" လို႔ ေျပာလိုက္တယ္။ ထိုအခါ ေလးေယာက္ေျမာက္ျဖစ္တဲ့ လက္ေတြ႕က်က် လုပ္ကိုင္တတ္တဲ့ သူက "အသက္ေတာ့ မသြင္းပါနဲ႔ အလြန္ အႏၲရယ္မ်ားတယ္၊ အကုန္ ဒုကၡေရာက္ လိမ့္မယ္" ဆိုၿပီး တားတယ္။

ဒါေပမယ့္ ပညာျပခ်င္သူေတြက နားမေထာင္ ၾကပါဘူး။ ဒါေၾကာင့္ လက္ေတြ႕က်က် လုပ္တတ္သူက အႀကီးဆုံး သစ္ပင္ႀကီး ထိပ္အထိ တက္ၿပီး ေစာင့္ၾကည္တယ္။ သုံးေယာက္သား ေပါင္းၿပီး အသက္ သြင္းလိုက္ၾကတာ က်ားႀကီးလည္း အသက္ ဝင္လာေရာ ေဘးမွာရွိေနတဲ့ သုံးေယာက္စလုံးကို သတ္စားလိုက္ ပါေတာ့တယ္။

ပညာတတ္တာထက္ လက္ေတြ႕က်က် လုပ္ကိုင္ တတ္တာက ပိုေကာင္းပါတယ္။ စာတတ္တာထက္ အက်ိဳးအျပစ္ကို စဥ္းစားနားလည္ၿပီး လက္ေတြ႕ လုပ္ေဆာင္ႏိုင္ရ ပါမယ္။ ပညာတတ္ျပီး စဥ္းစားဆင္ျခင္ဉာဏ္ မရွိရင္လည္း အလကားပါပဲ။ Crd

Post a Comment

0 Comments