ဖားတွေဟာ သူ့တို့ ခန္ဓာကိုယ်ရဲ့ သဘာဝက ခုန်သွားမှ ရတာလေ။ အဲဒါကြောင့် ခရီးအဝေကြီးကို သွားရမယ် ဆိုရင် ကြာရှည် မခုန်နိုင် ကြဘူးပေါ့။
ဒီတော့ ခရီးသွားဖို့ လမ်းကြုံ မီးရထားလို ယဉ်တခု လိုအပ်လာတယ်။ ခရီးသွားယဉ် အကူအညီ ရှာကြတော့ ကူညီမဲ့ မိတ်ဆွေပေါ်လာတယ်။ အဲဒါ မြွေကြီးပဲ။
အဲဒီ မြွေကြီးက ဖားမိသားစု တဆွေတမျိုးလုံးကို သူ့ရဲ့ ကျောကုန်းပေါ် တင်ဆောင်ပြီး ခရီးအဝေးကြီးကို ခေါ်ဆောင်သွားပါတယ်။ အဲဒါ တကယ်ပါပဲ။ မိတ်ဆွေရော ဘယ်လို ထင်ပါသလဲ။
အလွန် သဘောကောင်းတဲ့ အဲဒီမြွေကြီးဟာ တကယ်တော့ ဖားတွေကို သနားပြီး ခရီး ပို့ပေးနေတာတော့ မဟုတ်ဘူးဗျ။ ဖားတွေဟာ သူ့ရဲ့ စားနပ်ရိက္ခာတွေလေ။
ဒီတော့ သူက ဖားတွေကို မောင်းမထုတ်ပဲ အသာတကြည် လက်ခံပြီး တင်ဆောင်လာ ခဲ့တာပေါ့။ ဗိုက်စာတဲ့ အချိန်မှာ ရိက္ခာကို အဆင်သင့် ယူစားလိုက်ရုံ ပါပဲ။
အို ချစ်မိတ်ဆွေတို့ သတိပေး ပါရစေ။ လူ့ ပြည် လူလောကမှာလည်း ဤကဲ့သို့သော ကျေးဇူးရှင် ပုံစံနဲ့ ချခင်း ကူညီထားတာ ပေးကျွေးထားတာ ကယ်တင်ထားတာတွေ ရှိပါတယ်။ အရာရာကို သတိ အသိနဲ့သာ ဆုံးဖြတ်ပါ မိတ်ဆွေ။ Crd
Zawgyi
မြွေနှင့်တူသော လူများ
0 Comments