အနိုင်မယူသူ၏ အပြုံး

တခါတလေ ကိုယ်မှန်နေမှန်း သိရက်နဲ့ အလျော့ပေးခဲ့ ရပေမယ့် စိတ်ထဲမှတော့ နာကျင်နေ မိတယ်။ "အရူး စိတ်ချမ်းသာရင် တိုင်းပြည်တဝက် အေးချမ်းတယ်" ဆိုတဲ့ စကားလေးကို မှတ်မိတော့လည်း စိတ်ထဲ အလိုလို ပြုံးနေမိတယ်။

တခါတလေ အလျော့ပေးနေလို့ ရောင့်တက်နေသူတွေ ကြုံတွေနေရတော့ စိတ်ထဲ ဘဝင်မကျ ဖြစ်မိတယ်။

"ကိုယ်တွေလည်း လူထဲက လူတယောက်ပဲလေ" ဆိုတဲ့ အတွေးနဲ့ ဖြည့်တွေးခဲ့ပေမယ့် စိတ်ထဲတော့ အလိုလို ပြုံးမိလာတယ်။

မလိုရင်တမျိုး လိုရင်တမျိုး ဆက်ဆံတတ်တဲ့ လူအချို့ရဲ့ အပြုအမူတွေကြောင့် စိတ်ထဲ အလိုမကျ ဖြစ်နေမိတယ်။

"ဆိတ်ဆိတ်နေခြင်းဟာ ထောင်တန်တယ်" ဆိုတဲ့ စကားလေး အတိုင်း တုံ့ပြန်ချင်ပေမယ့် ထိန်းချုပ်ကာ စိတ်ထဲမှာ တွေးရင်း အလိုလို ပြုံးနေမိတယ်။

သည်းခံခြင်းဟာ အောင်မြင်ခြင်း ဆိုတဲ့ စကားအတိုင်း အတိုင်းအတာ တခုအထိ သည်းခံခဲ့ပါတယ်။ အချို့အရာတွေမှာ "ကိုယ်လည်း ဘာမှ မဟုတ်ပါဘူးလေ" ဆိုတဲ့ အသိနဲ့ မကင်းနိုင်လို့ ကောင်းအောင် နေနေရပေမယ့် ဘာမှ မတုန့်ပြန်ခဲ့ဘူး ဆိုတာ မိမိကိုယ်သာ အသိဆုံးပါလေ။

ကိုယ့်ဘက်က အတတ်နိုင်ဆုံး ဆက်ဆံပေးရက်နဲ့ တခါတလေ အလိမ်အညာတွေနဲ့ ဆက်ဆံလာတဲ့အခါ အသိလေးတခုတော့ မှတ်ထားလိုက်တယ်။ စိတ်ထဲမှာတော့ အလိုလို ပြုံးနေမိတယ်။ Crd

Zawgyi

အႏိုင္မယူသူ၏ အၿပဳံး

တခါတေလ ကိုယ္မွန္ေနမွန္း သိရက္နဲ႔ အေလ်ာ့ေပးခဲ့ ရေပမယ့္ စိတ္ထဲမွေတာ့ နာက်င္ေန မိတယ္။ "အ႐ူး စိတ္ခ်မ္းသာရင္ တိုင္းျပည္တဝက္ ေအးခ်မ္းတယ္" ဆိုတဲ့ စကားေလးကို မွတ္မိေတာ့လည္း စိတ္ထဲ အလိုလို ၿပဳံးေနမိတယ္။

တခါတေလ အေလ်ာ့ေပးေနလို႔ ေရာင့္တက္ေနသူေတြ ႀကဳံေတြေနရေတာ့ စိတ္ထဲ ဘဝင္မက် ျဖစ္မိတယ္။ "ကိုယ္ေတြလည္း လူထဲက လူတေယာက္ပဲေလ" ဆိုတဲ့ အေတြးနဲ႔ ျဖည့္ေတြးခဲ့ေပမယ့္ စိတ္ထဲေတာ့ အလိုလို ၿပဳံးမိလာတယ္။

မလိုရင္တမ်ိဳး လိုရင္တမ်ိဳး ဆက္ဆံတတ္တဲ့ လူအခ်ိဳ႕ရဲ႕ အျပဳအမူေတြေၾကာင့္ စိတ္ထဲ အလိုမက် ျဖစ္ေနမိတယ္။ "ဆိတ္ဆိတ္ေနျခင္းဟာ ေထာင္တန္တယ္" ဆိုတဲ့ စကားေလး အတိုင္း တုံ႔ျပန္ခ်င္ေပမယ့္ ထိန္းခ်ဳပ္ကာ စိတ္ထဲမွာ ေတြးရင္း အလိုလို ၿပဳံးေနမိတယ္။

သည္းခံျခင္းဟာ ေအာင္ျမင္ျခင္း ဆိုတဲ့ စကားအတိုင္း အတိုင္းအတာ တခုအထိ သည္းခံခဲ့ပါတယ္။ အခ်ိဳ႕အရာေတြမွာ "ကိုယ္လည္း ဘာမွ မဟုတ္ပါဘူးေလ" ဆိုတဲ့ အသိနဲ႔ မကင္းႏိုင္လို႔ ေကာင္းေအာင္ ေနေနရေပမယ့္ ဘာမွ မတုန႔္ျပန္ခဲ့ဘူး ဆိုတာ မိမိကိုယ္သာ အသိဆုံးပါေလ။

ကိုယ့္ဘက္က အတတ္ႏိုင္ဆုံး ဆက္ဆံေပးရက္နဲ႔ တခါတေလ အလိမ္အညာေတြနဲ႔ ဆက္ဆံလာတဲ့အခါ အသိေလးတခုေတာ့ မွတ္ထားလိုက္တယ္။ စိတ္ထဲမွာေတာ့ အလိုလို ၿပဳံးေနမိတယ္။ Crd

Post a Comment

0 Comments