လျှို့ဝှက်ထားရမည့်အရာ

ဟိုးရှေးရှေးတုန်းက ရွာကြီးတရွာမှာ ထူဆန်းတဲ့ အဘိုးအို တယောက် ရှိတယ်။ သူ့မှာ သိပ်လှတဲ့ မြေးမလေး တယောက်လည်း ရှိတယ်။

အဘိုးအိုဟာ သိပ်ကျွမ်းကျင် သိပ်တော် သိပ်ထက်လှတဲ့ မျက်လှည့်ပညာကို ပိုင်ဆိုင်ထား ပါတယ်။ အဲ့ဒီ ပညာရပ်နဲ့ပဲ အသက်မွေးမှု ပြုခဲ့တယ်။ သူ့မြေမလေး ကိုလည်း အဲ့ဒီ ပညာတွေ သင်ပေးတယ်။

တနေ့တော့ လူစည်ကားတဲ့ နေရာမှာ မျက်လှည့် ပြတာပေါ့။ ပန်းပွင့်ကနေ ငွေစက္ကူ ဖြစ်တာတွေ ကြိုးကနေ မြွေဖြစ်သွားတာတွေ စတဲ့ ပြကွက် မျိုးစုံကို ပြနေတာပေါ့။ အားလုံး ပြပြီးပြီဆိုရင် ပရိသတ်ပေးတဲ့ ငွေကိုပဲ ယူတယ်။

အခုပြတဲ့ ပြပွဲမှာတော့ အဘိုးအိုက ထူးဆန်းတဲ့ စကားတခွန်းကို ပြောတယ်။ "မျက်လှည့်ပညာ ဆိုတာ မှော်ပညာ မဟုတ်သလို တန်ခိုးစွမ်းအားတွေ မရှိပါဘူး။ လိမ်တာလည်း မဟုတ်ပါဘူး။

မျက်လှည့်ပညာမှာ လျှို့ဝှက်ချက်တွေ ရှိတယ်။ အဲ့ဒီ လျှို့ဝှက်ချက်တွေကို မသိလို့သာ ခင်ဗျားတို့ လာကြည့်ကြတာ ဖြစ်တယ်။ ဒီကနေ့ မျက်လှည့်ပညာရဲ့ လျှို့ဝှက်ချက် တွေကိုပြောပြပါမယ်"

ပရိသတ်ဟာ အင်မတန်မှ စိတ်ဝင်စား သွားတယ်။ ကြိုးကနေ ဘယ်လို မြွေ ဖြစ်သွားတယ်၊ ပန်းကနေ ဘယ်လို ငွေစက္ကူတွေ ဖြစ်သွားတယ် စသည်ဖြင့်ပေါ့ ခဏကြာတော့ အဘိုးအိုဟာ လျှို့ဝှက်ချက်တွေကို အကုန် ရှင်းပြသွားခဲ့တယ်။

ပရိသတ်လည်း ပြောတုန်းခဏတော့ စိတ်ဝင်စား တာပေါ့။ သိလည်းသွားရော "သြော် ဒီလိုလုပ်တာလား၊ ဒါလေးများ" နဲ့ ပြောကြပြီး မျက်လှည့်ပညာကို စိတ်မဝင်စားတော့ဘူးပေါ့။

နောက်တနေ့မှာ အဘိုးအိုဟာ မြေးလေးကို ခေါ်ပြီး မျက်လှည့် သွားပြတာပေါ့။ ဒါပေမယ့် ပရိသတ် တယောက်မှ မလာတော့ပါဘူး။ အဘိုးအိုက "မြေးလေးရေ ပရိသတ် တယောက်မှ မလာပါလား။ ဘာကြောင့်လဲ" လို့ မေးတယ်။

မြေးမလေးက "အဘိုးက မနေ့ကပွဲမှာ လျှို့ဝှက်ချက်တွေ အကုန် ပြောပြလိုက်တာကို။ ဘယ်သူက စိတ်ဝင်စားတော့ မှာလဲ" လို့ ဖြေတယ်။

ထိုအခါ အဘိုးအိုက "အေး ဟုတ်တယ် မြေးလေး။ အဘိုး တသက်လုံး ကျွေးမွေးခဲ့တဲ့ပညာ အခုတော့ လျှို့ဝှက်ချက်လည်း ပြလိုက်ရော ဘယ်သူကမှ စိတ်မဝင်စားတော့ဘူး။ တန်ဖိုးလည်း မရှိတော့ဘူး။

အဲဒါကြောင့် မြေးလေလည်း မှတ်ထားပါ။ လျှို့ဝှက်ချက် ဖြစ်တဲ့ မြေးလေးရဲ့ ခန္ဓာကိုယ် အလှကိုလည်း ဘယ်သူကိုမှ မပြရဘူးကွဲ့။ လျှို့ဝှက်ထားရမယ်။ ဒါဆို မြေးလေးရဲ့ မိန်းကလေး အလှဟာ တန်ဖိုး ကြီးတယ်ကွဲ့။

ဒူးဖော်ပေါင်ဖော် ရင်သားတွေ ပေါ်နေရင် ဘယ်သူမှ စိတ်မဝင်စားတော့ဘဲ တန်ဖိုးမရှိ ဖြစ်သွားလိမ့်မယ်။ ပြတုန်းခဏပဲ သူတို့က တန်ဖိုးထားကြတာ။

ဒါကြောင့် အဝတ်စားကို လုံလုံခြုံခြုံ ဝတ်ပါ" ဆိုပြီး အဘိုးအိုဟာ သူ့ပညာနဲ့ ရင်းပြီးတော့ မြေးလေးကို ဆုံးမခဲ့တယ်။ Crd

Post a Comment

0 Comments