အသက် ၄၀ မှာ စတဲ့ဘဝ
အသက် ၄၀ တန်းထဲ ဝင်လာပြီ ဆိုရင် တောင်တန်းတွေလည်း ကျော်ဖြတ်ဖူးပြီ၊ မြစ်ချောင်း တွေလည်းဖြတ်ကူးဖူးပြီ။ စစ်တာတွေရော တုတာတွေရော၊ လှတာတွေရော အကျည်းတန်တာ တွေရော၊
ကောင်းတာတွေရော ဆိုးသွမ်းတာတွေရော၊ ချိုတာတွေရော ခါးသက်တာတွေရော အားလုံးမြင်ဖူးပြီးပြီ၊ မြည်းကြည့်ဖူး ပြီးပါပြီ။
၄၀ တန်းရဲ့ အတွေ့အကြုံ
အောင်မြင်ခဲ့တာတွေ၊ ဆုံးရှုံးခဲ့တာတွေ ပျော်ရွှင်ခဲ့တာတွေ၊ ဆွေးမြည့်ခဲ့တာတွေ ဒါတွေ အားလုံးကို လက်ခံတတ်သွားပါပြီ၊ နားလည်တတ်သွားပါပြီ။
ဘာကိုတော့ ချစ်သင့်တယ်၊ ဘာကိုတော့ မချစ်သင့်တော့ဘူး၊ ဘာကိုတော့ လုပ်သင့်ပြီ၊ ဘာကိုတော့ ဆက်မလုပ်သင့် တော့ဘူး တကယ် စဉ်းစားတတ်သွားပြီ။
၄၀ တန်းရဲ့ စိတ်နေစိတ်ထား
လေးနက်သွားပါပြီ။ ၂၀ တန်း လူငယ်တွေက စမ်းချောင်းနဲ့ တူတယ် ဆိုပါစို့။ ၃၀ တန်း ကျရင် မြစ်ကြီးတွေဖြစ်သွားပြီ။ ၄၀ တန်းကျတော့ ပင်လယ်ကြီးနဲ့ တူသွားပြီ။ ကြိုးစားခဲ့ဖူးပြီ၊ ရုန်းကန်ခဲ့ဖူးပြီ။ ဘဝင်မြင့်ခဲ့ဖူးပြီ၊ အကျနာခဲ့ဖူးပြီ။
ရှိသင့်တာလည်း ရှိခဲ့ဖူးပြီ။ မရှိနိုင်တော့တဲ့ ဟာတွေကိုလည်း သိပ်မမျှော်ကိုး တော့ပြီ။ အားလုံးကို ကျင့်သား ရသွားပြီ။ အရင်က တက်ခဲ့တဲ့ ဘဝင်၊ အထိ မခံခဲ့တဲ့ မာန။ ပင်လယ်နဲ့ တူလာတော့ သဘောထားတတ် သွားပါပြီ။ စိတ်နှလုံး ကျယ်ပြောသွားပါပြီ။
လူ့ဘဝဆိုတာ မာရသွန်ပြေးပွဲနဲ့ တူတတ်ပါတယ်။ ၄၀ တန်းဟာ ခရီးတဝက် ကျော်သွားပြီ။ ရှေ့ဆက်ရမဲ့ ခရီးဟာ အရေးပါလာပါပြီ။ ဘယ်သူတွေ တာထွက် ဘယ်လောက်ကောင်းကောင်း၊
ဘယ်သူတွေ လမ်းတဝက်မှာ ထွက်သွား ထွက်သွား ကျမကတော့ နိုင်နိုင် ရှုံးရှုံး အဓိကက တာဆုံးတဲ့အထိ ရင့်ကျက်တဲ့ နှလုံးသား ခိုင်မြဲတဲ့ စိတ်ထားနဲ့ ဘဝမာရသွန် လမ်းမပေါ် မှာ ပြုံးပြုံးလေး ရှိနေဖို့ပဲ လိုပါလိမ့်မယ်။ Crd
Zawgyi
ပင္လယ္ႏွင့္တူေသာ မိန္းမ
အသက္ ၄၀ မွာ စတဲ့ဘဝ
အသက္ ၄၀ တန္းထဲ ဝင္လာၿပီ ဆိုရင္ ေတာင္တန္းေတြလည္း ေက်ာ္ျဖတ္ဖူးၿပီ၊ ျမစ္ေခ်ာင္း ေတြလည္းျဖတ္ကူးဖူးၿပီ။ စစ္တာေတြေရာ တုတာေတြေရာ၊ လွတာေတြေရာ အက်ည္းတန္တာ ေတြေရာ၊ ေကာင္းတာေတြေရာ ဆိုးသြမ္းတာေတြေရာ၊ ခ်ိဳတာေတြေရာ ခါးသက္တာေတြေရာ အားလုံးျမင္ဖူးၿပီးၿပီ၊ ျမည္းၾကည့္ဖူး ၿပီးပါၿပီ။
၄၀ တန္းရဲ႕ အေတြ႕အႀကဳံ
ေအာင္ျမင္ခဲ့တာေတြ၊ ဆုံးရႈံးခဲ့တာေတြ ေပ်ာ္႐ႊင္ခဲ့တာေတြ၊ ေဆြးျမည့္ခဲ့တာေတြ ဒါေတြ အားလုံးကို လက္ခံတတ္သြားပါၿပီ၊ နားလည္တတ္သြားပါၿပီ။ ဘာကိုေတာ့ ခ်စ္သင့္တယ္၊ ဘာကိုေတာ့ မခ်စ္သင့္ေတာ့ဘူး၊ ဘာကိုေတာ့ လုပ္သင့္ၿပီ၊ ဘာကိုေတာ့ ဆက္မလုပ္သင့္ ေတာ့ဘူး တကယ္ စဥ္းစားတတ္သြားၿပီ။
၄၀ တန္းရဲ႕ စိတ္ေနစိတ္ထား
ေလးနက္သြားပါၿပီ။ ၂၀ တန္း လူငယ္ေတြက စမ္းေခ်ာင္းနဲ႔ တူတယ္ ဆိုပါစို႔။ ၃၀ တန္း က်ရင္ ျမစ္ႀကီးေတြျဖစ္သြားၿပီ။ ၄၀ တန္းက်ေတာ့ ပင္လယ္ႀကီးနဲ႔ တူသြားၿပီ။ ႀကိဳးစားခဲ့ဖူးၿပီ၊ ႐ုန္းကန္ခဲ့ဖူးၿပီ။ ဘဝင္ျမင့္ခဲ့ဖူးၿပီ၊ အက်နာခဲ့ဖူးၿပီ။
ရွိသင့္တာလည္း ရွိခဲ့ဖူးၿပီ။ မရွိႏိုင္ေတာ့တဲ့ ဟာေတြကိုလည္း သိပ္မေမွ်ာ္ကိုး ေတာ့ၿပီ။ အားလုံးကို က်င့္သား ရသြားၿပီ။ အရင္က တက္ခဲ့တဲ့ ဘဝင္၊ အထိ မခံခဲ့တဲ့ မာန။ ပင္လယ္နဲ႔ တူလာေတာ့ သေဘာထားတတ္ သြားပါၿပီ။ စိတ္ႏွလုံး က်ယ္ေျပာသြားပါၿပီ။
လူ႔ဘဝဆိုတာ မာရသြန္ေျပးပြဲနဲ႔ တူတတ္ပါတယ္။ ၄၀ တန္းဟာ ခရီးတဝက္ ေက်ာ္သြားၿပီ။ ေရွ႕ဆက္ရမဲ့ ခရီးဟာ အေရးပါလာပါၿပီ။ ဘယ္သူေတြ တာထြက္ ဘယ္ေလာက္ေကာင္းေကာင္း၊
ဘယ္သူေတြ လမ္းတဝက္မွာ ထြက္သြား ထြက္သြား က်မကေတာ့ ႏိုင္ႏိုင္ ရႈံးရႈံး အဓိကက တာဆုံးတဲ့အထိ ရင့္က်က္တဲ့ ႏွလုံးသား ခိုင္ၿမဲတဲ့ စိတ္ထားနဲ႔ ဘဝမာရသြန္ လမ္းမေပၚ မွာ ၿပဳံးၿပဳံးေလး ရွိေနဖို႔ပဲ လိုပါလိမ့္မယ္။ Crd
0 Comments