တနေ့မှာ လူတစုက သူတို့ရဲ့ ဘဝတွေ ပျော်ရွှင်ဖို့အတွက် ပျော်ရွှင်မှုကို ဘယ်လိုရှာရမလဲ ဆိုတာ ဆွေးနွေးဖို့ စုရုံးလိုက် ကြပါတယ်။ သူတို့ကို ဆွေးနွေးပေးတဲ့ ဆရာက ဘဝအတွက် သင်ခန်းစာတွေနဲ့ အခြား စွမ်းရည်တွေကို သင်ပေးပါတယ်။
ရုတ်တရက် ဆရာက ဆွေးနွေးနေတာကို ရပ်တန့်လိုက်ပြီး လူတယောက်ကို ဘောလုံးတလုံးစီ ပေးပါတယ်။ လူတိုင်းကို ပြောပါတယ်။
ဆော့ပင်နဲ့ ဘောလုံးပေါ်မှာ နာမည်တခုကို ရေးပြီးနောက် ဘောလုံးအားလုံးကို တစုတစည်းထဲ အခြားအခန်း တခုကို လာပို့ပေးဖို့ မှာလိုက်ပါတယ်။
ပြီးတဲ့နောက်မှာတော့ အဲဒီ ဘောလုံးတွေထဲကနေ ငါးမိနစ်အတွင်း ကိုယ့်နာမည် ကိုယ်ရှာဖို့ အမိန့်ပေး လိုက်ပါတယ်။ လူတိုင်းက ထိုငါးမိနစ် အတွင်းမှာ ကိုယ့်နာမည် ရေးထားတဲ့ ဘောလုံးကို အသည်းအသန် ရှာရပါတယ်။
တွန်းလိုက်၊ တိုက်လိုက်၊ လဲပြိုကျလိုက်နဲ့ အသည်းအသန် ရှာပေမယ့် အချိန်က အရမ်းကို နည်းလွန်းနေတဲ့ အတွက် ကိုယ့်နာမည် ပါတဲ့ ဘောလုံးကို ရှာမရပါဘူး။
ငါးမိနစ် ပြည့်တဲ့ အခါမှတော့ ဆရာက ပြောပါတယ်။ ကျွန်တော်တို့ အားလုံးဟာ ကိုယ့်နာမည်ကိုယ် ရှာသလို ပါပဲ။ ကိုယ့်ရဲ့ပျော်ရွှင်မှုကို ဘယ်ဆီမှာမှန်း မသိဘဲ လိုက်ရှာနေ ကြပါတယ်။
တကယ်တော့ အခြားသူများကို ကူညီပြီး သူတို့နာမည်ပါတဲ့ ဘောလုံးကို ရှာပေးလိုက်မယ် ဆိုရင် သင့်နာမည်ပါတဲ့ ဘောလုံးကို သင် ရှာမတွေ့ပေမယ့် သင်ကျေနပ်နေ ပါလိမ့်မယ်။
ခုနက ဘောလုံး ရှာခိုင်းတဲ့ အချိန်မှာ သင့်လက်ထဲ ရောက်လာတဲ့ ဘောလုံးက သင့်နာမည်ပါတဲ့ ဘောလုံး မဟုတ်ပေမယ့် ထိုနာမည်ပိုင်ရှင်ကို ပေးလိုက်ရင် အခြားသူတယောက် ပျော်သွားသလို၊ သင်လည်း ကျေနပ်နေမိမှာပါပဲ။ အဲဒါကသာ လူ့ဘဝမှာ ရှင်သန်ရခြင်းရဲ့ အနှစ်သာရ ပျော်ရွှင်ခြင်း ဖြစ်ပါတယ်။
ဒီစာပိုဒ်ထဲကလို ပါပဲ။ ကျွန်တော်တို့ နေ့စဉ် ဘဝမှာလည်း ပျော်ရွှင်ဖို့ ဆိုတာကို အသည်းအသန် လိုက်ရှာနေတတ် ကြပါတယ်။ တကယ်တော့ ပျော်ရွှင်မှု ဆိုတာက ကျွန်တော်တို့ရဲ့ အတွင်းစိတ်ထဲမှာသာ ရှိနေတတ်ပါတယ်။
အခြားသူများကို ပျော်ရွှင်ကျေနပ်စေချင်တဲ့ စိတ်နဲ့ ပြုမူလိုက်ခြင်းက ကိုယ့်ရဲ့စိတ်တွင်းမှာ ကိုယ်တိုင် ပျော်ရွှင်ကျေနပ် သွားပြီးမှ အခြားသူထံ ကူးစက်သွားတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ပျော်ရွှင်မှုကို အခြားသော အရာတွေထဲမှ မရှာဘဲ ကိုယ့်စိတ်တွင်းအေးချမ်းမှု၊ ကျေနပ်မှုကိုသာ ရှာတဲ့ အနေနဲ့ အခြားသူများကို ကူညီပေးလိုက်ပါ။ တကယ် ပျော်ရွှင် ကျေနပ်လာ ပါလိမ့်မယ်။ bawa
0 Comments