အပ်တထောက်စာလေး ဆိုပေမဲ့

တခါတုန်းက တိုင်းပြည် တပြည်မှာ အရမ်းဆင်းရဲတဲ့ အဖွားအို တယောက် ရှိသတဲ့။ သူမှာ ပိုင်ဆိုင်မှု ဆိုတာကလည်း လဲပြိုခါနီး တဲလေး တလုံးရယ်၊ ညစ်ပတ်ပြီး အရောင် မထွက်တော့တဲ့ အဝတ်စားလေး တစုံရယ်၊ ကြက်မလေး တကောင်ရယ်ပဲ ရှိတယ်။

အဖွားအိုရဲ့ ကြက်မလေးက သူ့အတွက် နေ့တိုင်း ကြက်ဥ တလုံး ဥပေးတယ်။ အဲဒီ ကြက်ဥလေးနဲ့ အဖွားအိုက နေ့တိုင်း သူ့ရဲ့ စားဝတ်နေရေးကို ဖြေရှင်းပြီး အသက်ရှင်နေ ခဲ့ရတယ်။

အဖွားအို နေထိုင်တဲ့ တိုင်းပြည်မှာ အစားကျူးတဲ့ ဘုရင်တပါး အုပ်ချုပ်နေတယ်။ တနေ့မှာ ဘုရင်က တိုင်းပြည်ထဲမှာ ထူးဆန်းတဲ့ အမိန့်တခုကို မောင်းထုပြီး ကြေညာခဲ့တယ်။ အဲဒါအမိန့်က ဘာလဲ ဆိုတော့

လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တိုင်းပြည်မှာ ရှိတဲ့ တိုင်းသူပြည်သားတွေ အားလုံး သူ စားတော်ပွဲတည်ဘို့ အတွက်အသားဟင်းတခွက် လာပို့ရမယ်လို့ ကျေညာမောင်းခတ် ခဲ့တယ်။

ဒီသတင်းကို ကြားတဲ့ တိုင်းသူပြည်သားတွေက အသားဟင်းတခွက် ပို့ဘို့ ပြင်ဆင်ကြတယ်။ အဲဒီအထဲမှာ ကြက်မလေးတကောင်ကို ပိုင်ဆိုင်ထားတဲ့ အဖွားအိုလဲ အပါအဝင်ပေါ့။

အဖွားအိုမှာ ဘယ်လိုမှ အသားဟင်းကို ပို့စရာမရှိဘူး ဖြစ်နေတယ်။ သူ့မှာ အသားဟင်းတခွက် ပို့ဖို့ ငွေကြေးကလဲ လုံးဝမရှိ ဆိုတော့ အရမ်းကို ခက်ခဲနေ ခဲ့တယ်။

အသားဟင်း မပို့နိုင်လို့ မင်းပြစ် မင်းဒဏ် ခံရမယ်ဆို ပိုပြီး ကြီးလေးတာကြောင့် အဖွားအိုက သူ့ကို နေ့တိုင်း ကြက်ဥတလုံး တလုံး ဥပေးနေတဲ့ ကြက်မလေးကို သတ်ပြီး ဘုရင်ဆီကို အသားဟင်းတခွက် ပို့ဖို့ သူဆုံးဖြတ်လိုက်တယ်။

ဘုရင်ကတော့ စားတော်ပွဲမှာ တအိမ်တယောက်နှုန်း အသားဟင်းခွက်ပေါင်း မြောက်များစွာနဲ့ ပွဲတော် တည်နေခဲ့တယ်။

အသားဟင်းခွက်တွေက သိပ်များပြားလွန်း တာကြောင့် ဟင်းခွက်တိုင်းကို မစားဖြစ်ခဲ့ ပါဘူး။ မစားဖြစ်တဲ့ ဟင်းခွက်တွေ ထဲမှာ အဖွားအိုရဲ့ ကြက်သားဟင်း လေးလည်း အပါပေါ့။

အဲဒါကြောင့် ကိုယ်အတွက် အပ်ဖျားတထောက်စာ ဆိုပေမယ့် ဆပ်ပြာပူဖောင်းလေးတွေ အတွက်တော့ ဘဝကို ပျက်စေပါတယ်။ Crd

Post a Comment

0 Comments