တောဝက်နဲ့ ခြင်္သေ့

တခါက တောအုပ်တခုရဲ့ အလယ်က စမ်းရေအိုင် တအိုင်မှာ ခြင်္သေ့တကောင်နဲ့ တောဝက်တကောင်ဟာ ရေသောက် ဆင်းလာရင်း ဆုံတွေ့ ကြပါတယ်။

ခြင်္သေ့က သူဟာ တောဘုရင်မို့ အရင် ရေဆင်းသောက် သင့်တယ်လို့ ပြောပါတယ်။ တောဝက်ကလည်း သူ့ကို ဦးစားပေး သင့်ကြောင်း ပြန်ပြောပါတယ်။

အဲဒီ နေရာမှာတင် သူ အရင် ဆင်းသောက် သင့်တယ်၊ ငါအရင် ဆင်းသောက် သင့်တယ်နဲ့ ငြင်းခုံရင်း မကြာခင် သတ်ပုတ် ကြတော့မယ့် အခြေအနေ တခု ဖြစ်လာပါတယ်။ ခြင်္သေ့နဲ့ တောဝက်ဟာ အချင်းချင်း ရန်စောင်နေတာ နဲ့တင် ဘေးပတ်ဝန်းကျင်ကို သတိမထားမိ ကြပါဘူး။

အဲဒီ အချိန်မှာပဲ လင်းတ တကောင်ဟာ ခြင်္သေ့နဲ့ တောဝက်တို့ ရန်ဖြစ်ကြပြီး ကိုက်ဖြတ်တဲ့ အခါ ရှုံးနိမ့် သေဆုံးသွားမယ့် အကောင်ကို စားဖို့ရာ အနီးဝန်းကျင်က သစ်ပင်ပေါ် မှာ အဆင်သင့် စောင့်ဆိုင်းနေ ပါတယ်။

နောက်တော့မှ ခြင်္သေ့နဲ့ တောဝက်တို့ဟာ သူတို့ အချင်းချင်း သတ်ပုတ်မယ့် အချိန်ကို စောင့်နေတဲ့ လင်းတကို သတိထားမိပြီး သံဝေဂ ရကြပါတော့တယ်။ ထို့နောက်မှာတော့ သူတို့နှစ်ကောင် အတူတူ ရေဆင်းသောက် ကြပါတော့တယ်။

ကျွန်တော်တို့ တတွေလည်း တခါတရံမှာ ဘာမှ မဟုတ်တဲ့ ကိစ္စလေး အတွက်နဲ့ ရန်ဖြစ်ခြင်းဟာ တခြားသော မလိုသူတွေအတွက် အခွင့်ကောင်း ဖြစ်စေ ပါတယ်။

အဲဒါကြောင့် ဘာမှ မဟုတ်တဲ့ ကိစ္စလေးတွေ အတွက်နဲ့ အချိန်ကုန်ခံ ရန်ဖြစ် မနေသင့်ပဲ အချင်းချင်း နားလည်မှု ယူလိုက်တာ အကောင်းဆုံး ဖြစ်တယ် ဆိုတဲ့ အကြောင်းကို ဒီအကြောင်း အရားလေးက သင်ခန်းစာ ပေးထားတာ ဖြစ်ပါတယ်။ Crd

Zawgyi

ေတာဝက္နဲ႔ ျခေသၤ့

တခါက ေတာအုပ္တခုရဲ႕ အလယ္က စမ္းေရအိုင္ တအိုင္မွာ ျခေသၤ့တေကာင္နဲ႔ ေတာဝက္တေကာင္ဟာ ေရေသာက္ ဆင္းလာရင္း ဆုံေတြ႕ ၾကပါတယ္။ ျခေသၤ့က သူဟာ ေတာဘုရင္မို႔ အရင္ ေရဆင္းေသာက္ သင့္တယ္လို႔ ေျပာပါတယ္။ ေတာဝက္ကလည္း သူ႔ကို ဦးစားေပး သင့္ေၾကာင္း ျပန္ေျပာပါတယ္။

အဲဒီ ေနရာမွာတင္ သူ အရင္ ဆင္းေသာက္ သင့္တယ္၊ ငါအရင္ ဆင္းေသာက္ သင့္တယ္နဲ႔ ျငင္းခုံရင္း မၾကာခင္ သတ္ပုတ္ ၾကေတာ့မယ့္ အေျခအေန တခု ျဖစ္လာပါတယ္။ ျခေသၤ့နဲ႔ ေတာဝက္ဟာ အခ်င္းခ်င္း ရန္ေစာင္ေနတာ နဲ႔တင္ ေဘးပတ္ဝန္းက်င္ကို သတိမထားမိ ၾကပါဘူး။

အဲဒီ အခ်ိန္မွာပဲ လင္းတ တေကာင္ဟာ ျခေသၤ့နဲ႔ ေတာဝက္တို႔ ရန္ျဖစ္ၾကၿပီး ကိုက္ျဖတ္တဲ့ အခါ ရႈံးနိမ့္ ေသဆုံးသြားမယ့္ အေကာင္ကို စားဖို႔ရာ အနီးဝန္းက်င္က သစ္ပင္ေပၚ မွာ အဆင္သင့္ ေစာင့္ဆိုင္းေန ပါတယ္။

ေနာက္ေတာ့မွ ျခေသၤ့နဲ႔ ေတာဝက္တို႔ဟာ သူတို႔ အခ်င္းခ်င္း သတ္ပုတ္မယ့္ အခ်ိန္ကို ေစာင့္ေနတဲ့ လင္းတကို သတိထားမိၿပီး သံေဝဂ ရၾကပါေတာ့တယ္။ ထို႔ေနာက္မွာေတာ့ သူတို႔ႏွစ္ေကာင္ အတူတူ ေရဆင္းေသာက္ ၾကပါေတာ့တယ္။

ကြၽန္ေတာ္တို႔ တေတြလည္း တခါတရံမွာ ဘာမွ မဟုတ္တဲ့ ကိစၥေလး အတြက္နဲ႔ ရန္ျဖစ္ျခင္းဟာ တျခားေသာ မလိုသူေတြအတြက္ အခြင့္ေကာင္း ျဖစ္ေစ ပါတယ္။

အဲဒါေၾကာင့္ ဘာမွ မဟုတ္တဲ့ ကိစၥေလးေတြ အတြက္နဲ႔ အခ်ိန္ကုန္ခံ ရန္ျဖစ္ မေနသင့္ပဲ အခ်င္းခ်င္း နားလည္မႈ ယူလိုက္တာ အေကာင္းဆုံး ျဖစ္တယ္ ဆိုတဲ့ အေၾကာင္းကို ဒီအေၾကာင္း အရားေလးက သင္ခန္းစာ ေပးထားတာ ျဖစ္ပါတယ္။ Crd

Post a Comment

0 Comments