ဟိုးရှေးရှေးတုန်းကပေါ့။ လပေါ်က အဘိုးအိုဟာ တောကြီး တခုထဲကို ကြည့်လိုက်တယ်။ တောထဲမှာ ယုန်ရယ်၊ မျောက်ရယ်၊ မြေခွေးရယ် အဆွေခင်ပွန်း ဖွဲ့ပြီး အတူ နေထိုင် ကြသတဲ့။
အဘိုးအိုဟာ "ဘယ်ယူက အကြင်နာတတ်ဆုံးလဲ ဆိုတာ ငါဆင်းပြီး စုံစမ်းဦးမှ" လို့ တွေးမိသတဲ့။
အဲဒါနဲ့ အဘိုးအိုဟာ သူတောင်းစားအိုကြီး တယောက် အယောင်ဆောင်လိုက်ပြီး တောထဲကို သွားတယ်။ "ဆာလွန်းလို့ပါ ကယ်ကြပါ" လို့ ပြောလိုက်တယ်။
"အို သနားစရာ သူတောင်းစားအိုကြီးပဲ" လို့ သူတို့က ပြောပြီး အစားအသောက် တခုခု ရှာပေးဖို့ ထွက်သွား ကြတယ်။
မျောက်က သစ်သီးတွေ ယူလာတယ်။ မြေခွေးက ငါးတကောင် ဖမ်းလာတယ်။ ယုန်ကတော့ ဘာမှ ရမလာဘူး။ "ဒုက္ခပါဘဲ ဒုက္ခပါဘဲ၊ ငါဘာလုပ်ရမလဲ" လို့ အော်ရင်း ယုန်က အကြံတခု ရသွားတယ်။
"ကိုမျောက် ကျနော့်ကို ထင်းရှာပေးပါဗျာ။ ကိုမြေခွေးက မီးဖို လုပ်ပေးပါ" လို့ ပြောလိုက်တယ်။ မိးဖိုမှာ မီးရတော့ သူတောင်းစားအိုကြီးကို ယုန်က ပြောတယ်။
"ကျနော့်မှာ အဘိုးကို ပေးစရာ အစာတော့ မရှိပါဘူး။ ဒါကြောင့် ကျနော် မီးပုံထဲကို ခုန်ဆင်း လိုက်ပါမယ်။ ကျနော့်အသားကို ကျက်ရင် စားလိုက်ပါ ခင်ဗျာ" လို့ ပြောတယ်။ ပြီးတော့ ယုန်က မီးပုံထဲကို ခုန်ဆင်းဖို့ ပြင်တယ်။
အဲဒီအချိန်မှာပဲ လပေါ်က အဘိုးအို ဟာ သူ့ရဲ့ မူလရုပ်သွင်ကို ပြန်ပြောင်းလိုက်တယ်။ အဘိုးက "သင်ဟာ အကြင်နာတတ်ဆုံးပါပဲ။ သင့်ကိုယ်ကို အနာခံပြီး ကူညီဖို့ မလိုတော့ပါဘူး။ ငါနဲ့အတူ ထာဝရ နေထိုင်ဖို့ သင့်ကို ခေါ်သွားပါမယ်" လို့ ပြောတယ်။
အဲဒီနောက် အဘိုးအိုက ယုန်ကို ပွေ့ချီပြီး လမင်းဆီကို ခေါ်သွားတယ်။ လသာတဲ့ ညမှာဆို လပေါ်မှာ အဘိုးအိုနဲ့ ကြင်နာသနားတတ်သူ ယုန်ငယ်ကို ယနေ့တိုင် တွေ့နိုင်ကြ ပါသေးတယ်။
(သင်ခန်းစာ။ ။ စိတ်ကောင်း စေတနာကောင်း ထားပါ။ ကိုယ့်စေတနာ ကိုယ့်ကို ပြန်အကျိုးပေး ပါလိမ့်မယ်) Crd
Zawgyi
အဘိုးအိုနွင့္ ယုန္ကေလး
ဟိုးေရွးေရွးတုန္းကေပါ့။ လေပၚက အဘိုးအိုဟာ ေတာႀကီး တခုထဲကို ၾကည့္လိုက္တယ္။ ေတာထဲမွာ ယုန္ရယ္၊ ေမ်ာက္ရယ္၊ ေျမေခြးရယ္ အေဆြခင္ပြန္း ဖြဲ႕ၿပီး အတူ ေနထိုင္ ၾကသတဲ့။ အဘိုးအိုဟာ "ဘယ္ယူက အၾကင္နာတတ္ဆုံးလဲ ဆိုတာ ငါဆင္းၿပီး စုံစမ္းဦးမွ" လို႔ ေတြးမိသတဲ့။
အဲဒါနဲ႔ အဘိုးအိုဟာ သူေတာင္းစားအိုႀကီး တေယာက္ အေယာင္ေဆာင္လိုက္ၿပီး ေတာထဲကို သြားတယ္။ "ဆာလြန္းလို႔ပါ ကယ္ၾကပါ" လို႔ ေျပာလိုက္တယ္။ "အို သနားစရာ သူေတာင္းစားအိုႀကီးပဲ" လို႔ သူတို႔က ေျပာၿပီး အစားအေသာက္ တခုခု ရွာေပးဖို႔ ထြက္သြား ၾကတယ္။
ေမ်ာက္က သစ္သီးေတြ ယူလာတယ္။ ေျမေခြးက ငါးတေကာင္ ဖမ္းလာတယ္။ ယုန္ကေတာ့ ဘာမွ ရမလာဘူး။ "ဒုကၡပါဘဲ ဒုကၡပါဘဲ၊ ငါဘာလုပ္ရမလဲ" လို႔ ေအာ္ရင္း ယုန္က အႀကံတခု ရသြားတယ္။ "ကိုေမ်ာက္ က်ေနာ့္ကို ထင္းရွာေပးပါဗ်ာ။ ကိုေျမေခြးက မီးဖို လုပ္ေပးပါ" လို႔ ေျပာလိုက္တယ္။ မိးဖိုမွာ မီးရေတာ့ သူေတာင္းစားအိုႀကီးကို ယုန္က ေျပာတယ္။
"က်ေနာ့္မွာ အဘိုးကို ေပးစရာ အစာေတာ့ မရွိပါဘူး။ ဒါေၾကာင့္ က်ေနာ္ မီးပုံထဲကို ခုန္ဆင္း လိုက္ပါမယ္။ က်ေနာ့္အသားကို က်က္ရင္ စားလိုက္ပါ ခင္ဗ်ာ" လို႔ ေျပာတယ္။ ၿပီးေတာ့ ယုန္က မီးပုံထဲကို ခုန္ဆင္းဖို႔ ျပင္တယ္။
အဲဒီအခ်ိန္မွာပဲ လေပၚက အဘိုးအို ဟာ သူ႔ရဲ႕ မူလ႐ုပ္သြင္ကို ျပန္ေျပာင္းလိုက္တယ္။ အဘိုးက "သင္ဟာ အၾကင္နာတတ္ဆုံးပါပဲ။ သင့္ကိုယ္ကို အနာခံၿပီး ကူညီဖို႔ မလိုေတာ့ပါဘူး။ ငါနဲ႔အတူ ထာဝရ ေနထိုင္ဖို႔ သင့္ကို ေခၚသြားပါမယ္" လို႔ ေျပာတယ္။
အဲဒီေနာက္ အဘိုးအိုက ယုန္ကို ေပြ႕ခ်ီၿပီး လမင္းဆီကို ေခၚသြားတယ္။ လသာတဲ့ ညမွာဆို လေပၚမွာ အဘိုးအိုနဲ႔ ၾကင္နာသနားတတ္သူ ယုန္ငယ္ကို ယေန႔တိုင္ ေတြ႕ႏိုင္ၾက ပါေသးတယ္။ (သင္ခန္းစာ။ ။ စိတ္ေကာင္း ေစတနာေကာင္း ထားပါ။ ကိုယ့္ေစတနာ ကိုယ့္ကို ျပန္အက်ိဳးေပး ပါလိမ့္မယ္) Crd
0 Comments