တခါက အရမ်းကို မတ်စောက်ပြီး အချွန်အတက် အဖုအထစ်တွေ ပေါတဲ့ ကျောက်ဆောင် အမြင့်ပေါ်မှာ ဆိတ်ကလေး တကောင် ခုန်ပေါက် ပြေးလွှား ဆော့ကစား နေတယ်။
မြေခွေးအို တကောင်က အဲဒီ ဆိတ်ကလေးကို မြင်သောအခါ ဆိတ်ကလေးကို
"ငါရပ်နေတဲ့ ဒီနေရာလေးမှာ စိမ်းလန်းစိုပြည် လှပ၍ စိတ်ချမ်းသာ ကိုယ်ချမ်းသာ နဲ့လည်း နေနိုင်ရန်၊ သက်သောင့် သက်သာဖြင့် ရွက်နုတွေကို စားသောက် စံစားနိုင်ရန် အောက်သို့ ဆင်းလာ ခဲ့ပါ" ဟု အော်ပြီး ပြောကြား လိုက်တယ်။
ထိုအခါ ဆိတ်ကလေး ကလည်း "ခင်ဗျားရဲ့ အကြံဉာဏ် အတွက်တော့ သိပ်ကို ကျေးဇူးတင်ပါတယ် မိတ်ဆွေ မြေခွေးရယ်။
ဒါပေမဲ့ ကျုပ်သိချင်နေမိတာက ခင်ဗျားဟာ ကျုပ်ရဲ့ သက်သောင့်သက်သာမှု ဖြစ်ဖို့ စဉ်းစားနေ တာလား၊ ဒါမှမဟုတ် ဆိတ်သား တကိုက်စာလေး စားလိုက်ရရင် ဘယ်လောက် မြိန်လိုက်မလဲ လို့ စဉ်းစားနေတာလား ဆိုတာပါပဲ" လို့ ပြန်ပြောလိုက် ပါတော့တယ်။
ဒီပုံပြင်လေးကနေ သင်ခန်းစာ တခုခုကို ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့ဟာ လူပေါင်းများစွာနဲ့ တွေ့ဆုံ ပေါင်းသင်း ဆက်ဆံ ရတတ်ပါတယ်။
ကိုယ့်ရဲ့ ကောင်းမွန်မှု၊ အောင်မြင်မှုကို တိုးတက်အောင် လုပ်ပေးချင်သော မိတ်ဆွေတွေ ရှိသလို ကောင်းမွန်မှု၊ အောင်မြင်မှုတွေကို မတိုးတက်အောင်၊ မဖြစ်ထွန်းအောင်၊ ကျရှုံးအောင် လုပ်ချင်နေကြသော မိတ်ဆွေတွေ လည်း ရှိနေတတ်သောကြောင့် သတိထား ဆက်ဆံသင့်ပါတယ်။ crd
Zawgyi
ေျမေခြးအိုနဲ့ ဆိတ္ပ်ိဳ
တခါက အရမ္းကို မတ္ေစာက္ၿပီး အခြၽန္အတက္ အဖုအထစ္ေတြ ေပါတဲ့ ေက်ာက္ေဆာင္ အျမင့္ေပၚမွာ ဆိတ္ကေလး တေကာင္ ခုန္ေပါက္ ေျပးလႊား ေဆာ့ကစား ေနတယ္။
ေျမေခြးအို တေကာင္က အဲဒီ ဆိတ္ကေလးကို ျမင္ေသာအခါ ဆိတ္ကေလးကို "ငါရပ္ေနတဲ့ ဒီေနရာေလးမွာ စိမ္းလန္းစိုျပည္ လွပ၍ စိတ္ခ်မ္းသာ ကိုယ္ခ်မ္းသာ နဲ႔လည္း ေနႏိုင္ရန္၊ သက္ေသာင့္ သက္သာျဖင့္ ႐ြက္ႏုေတြကို စားေသာက္ စံစားႏိုင္ရန္ ေအာက္သို႔ ဆင္းလာ ခဲ့ပါ" ဟု ေအာ္ၿပီး ေျပာၾကား လိုက္တယ္။
ထိုအခါ ဆိတ္ကေလး ကလည္း "ခင္ဗ်ားရဲ႕ အႀကံဉာဏ္ အတြက္ေတာ့ သိပ္ကို ေက်းဇူးတင္ပါတယ္ မိတ္ေဆြ ေျမေခြးရယ္။
ဒါေပမဲ့ က်ဳပ္သိခ်င္ေနမိတာက ခင္ဗ်ားဟာ က်ဳပ္ရဲ႕ သက္ေသာင့္သက္သာမႈ ျဖစ္ဖို႔ စဥ္းစားေန တာလား၊ ဒါမွမဟုတ္ ဆိတ္သား တကိုက္စာေလး စားလိုက္ရရင္ ဘယ္ေလာက္ ၿမိန္လိုက္မလဲ လို႔ စဥ္းစားေနတာလား ဆိုတာပါပဲ" လို႔ ျပန္ေျပာလိုက္ ပါေတာ့တယ္။
ဒီပုံျပင္ေလးကေန သင္ခန္းစာ တခုခုကို ရရွိလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ က်ေနာ္တို႔ဟာ လူေပါင္းမ်ားစြာနဲ႔ ေတြ႕ဆုံ ေပါင္းသင္း ဆက္ဆံ ရတတ္ပါတယ္။
ကိုယ့္ရဲ႕ ေကာင္းမြန္မႈ၊ ေအာင္ျမင္မႈကို တိုးတက္ေအာင္ လုပ္ေပးခ်င္ေသာ မိတ္ေဆြေတြ ရွိသလို ေကာင္းမြန္မႈ၊ ေအာင္ျမင္မႈေတြကို မတိုးတက္ေအာင္၊ မျဖစ္ထြန္းေအာင္၊ က်ရႈံးေအာင္ လုပ္ခ်င္ေနၾကေသာ မိတ္ေဆြေတြ လည္း ရွိေနတတ္ေသာေၾကာင့္ သတိထား ဆက္ဆံသင့္ပါတယ္။ crd
0 Comments