အသက်ကြီးသောသူ

ရှေးသရောအခါ ဆင်၊ မျောက်၊ ခါ သတ္တဝါ သုံးဦးသည် ညောင်ပင်ကြီး တပင်ကို အမှီပြု၍ နေကြ၏။ တနေ့သ၌ သူတို့သည် ဤသို့ တိုင်ပင်ကြ၏။

"ငါတို့သည် တဦးကိုတဦး ရိုသေလေးစားခြင်း မရှိကြ။ အမှုမဲ့ အမှတ်မဲ့ နေခဲ့ကြသည်။ ငါတို့သည် ယနေ့မှစ၍ အသက်ကြီးသူကို အသက်ငယ်သူက ရိုသေစွာ ဆက်ဆံ နေထိုင်ကြတော့အံ့" ဟု သဘောတူ ကြ၏။

သူတို့အနက် မည်သူက အသက်အကြီးဆုံး ဖြစ်သည်ကို သိရန် "ဤညောင်ပင်ကြီးကို မည်သည့် အရွယ်က စ၍ မှတ်မိကြပါသနည်း" ဟု အချင်းချင်း မေးမြန်းကြ၏။

ထိုအခါ ဆင်က "အဆွေတို့ ငါငယ်စဉ်က ဤအရပ်၌ ကစားသောအခါ ဤညောင်ပင်ကို ခွ၍ ကစားခဲ့ဖူး၏။ ဤညောင်ပင်၏ အညွန့်အခက် များသည် ငါ၏ ချက်ကို ထိရုံမျှသာ ရှိသေးသည်ကို ငါကောင်းစွာ မှတ်မိ၏" ဟု ဆို၏။

မျောက်ကလည်း "အဆွေတို့ ငါငယ်စဉ်က ဤညောင်ပင်သည် အဆွေဆင် ပြောသလောက် မကြီးသေး။ ငါသည် မြေကြီးပေါ်ထိုင်လျက် ဤ‌ညောင်ပင်ဖျားက အညွန့်များကို ပါးစပ်ဖြင့် ကိုက်ဖြတ်၍ ကစားခဲ့ရသည်ကို ကောင်းစွာမှတ်မိ၏" ဟု ဆို၏။

ထို့နောက် ခါက "အဆွေတို့ ငါငယ်စဉ်က ဤညောင်ပင်ကြီးသည် ဤအရပ်၌ပင် မရှိသေး။ ငါသည် အခြားအရပ်က ညောင်သီးကို စားခဲ့၍ ဤအရပ်၌ မစင်စွန့်ခဲ့ရာမှ ဤညောင်ပင်ကြီး ပေါက်လာရသည်" ဟုဆို၏။

သို့ဖြစ်၍ ခါသည် အသက်အကြီးဆုံး ဖြစ်ကြောင်း ဆင်နှင့် မျောက်က ဝန်ခံကြရ၏။ ထိုအချိန်မှ စ၍ ဆင်နှင့် မျောက်တို့သည် မိမိတို့ထက် အသက်အရွယ် ကြီးသော ခါကို ရိုသေလေးစားလျက်

ခါ၏ အဆုံးအမကို နာယူကာ အသက်ထက်ဆုံး ပျော်ရွှင်စွာ နေထိုင်သွား ကြလေသတည်း။ (အသက်ကြီးသူကို ရိုသေအပ်ခြင်း) Crd

Zawgyi

အသက္ၾကီးေသာသူ

ေရွးသေရာအခါ ဆင္၊ ေမ်ာက္၊ ခါ သတၱဝါ သုံးဦးသည္ ေညာင္ပင္ႀကီး တပင္ကို အမွီျပဳ၍ ေနၾက၏။ တေန႔သ၌ သူတို႔သည္ ဤသို႔ တိုင္ပင္ၾက၏။

"ငါတို႔သည္ တဦးကိုတဦး ႐ိုေသေလးစားျခင္း မရွိၾက။ အမႈမဲ့ အမွတ္မဲ့ ေနခဲ့ၾကသည္။ ငါတို႔သည္ ယေန႔မွစ၍ အသက္ႀကီးသူကို အသက္ငယ္သူက ႐ိုေသစြာ ဆက္ဆံ ေနထိုင္ၾကေတာ့အံ့" ဟု သေဘာတူ ၾက၏။

သူတို႔အနက္ မည္သူက အသက္အႀကီးဆုံး ျဖစ္သည္ကို သိရန္ "ဤေညာင္ပင္ႀကီးကို မည္သည့္ အ႐ြယ္က စ၍ မွတ္မိၾကပါသနည္း" ဟု အခ်င္းခ်င္း ေမးျမန္းၾက၏။

ထိုအခါ ဆင္က "အေဆြတို႔ ငါငယ္စဥ္က ဤအရပ္၌ ကစားေသာအခါ ဤေညာင္ပင္ကို ခြ၍ ကစားခဲ့ဖူး၏။ ဤေညာင္ပင္၏ အၫြန႔္အခက္ မ်ားသည္ ငါ၏ ခ်က္ကို ထိ႐ုံမွ်သာ ရွိေသးသည္ကို ငါေကာင္းစြာ မွတ္မိ၏" ဟု ဆို၏။

ေမ်ာက္ကလည္း "အေဆြတို႔ ငါငယ္စဥ္က ဤေညာင္ပင္သည္ အေဆြဆင္ ေျပာသေလာက္ မႀကီးေသး။ ငါသည္ ေျမႀကီးေပၚထိုင္လ်က္ ဤ‌ေညာင္ပင္ဖ်ားက အၫြန႔္မ်ားကို ပါးစပ္ျဖင့္ ကိုက္ျဖတ္၍ ကစားခဲ့ရသည္ကို ေကာင္းစြာမွတ္မိ၏" ဟု ဆို၏။

ထို႔ေနာက္ ခါက "အေဆြတို႔ ငါငယ္စဥ္က ဤေညာင္ပင္ႀကီးသည္ ဤအရပ္၌ပင္ မရွိေသး။ ငါသည္ အျခားအရပ္က ေညာင္သီးကို စားခဲ့၍ ဤအရပ္၌ မစင္စြန႔္ခဲ့ရာမွ ဤေညာင္ပင္ႀကီး ေပါက္လာရသည္" ဟုဆို၏။

သို႔ျဖစ္၍ ခါသည္ အသက္အႀကီးဆုံး ျဖစ္ေၾကာင္း ဆင္ႏွင့္ ေမ်ာက္က ဝန္ခံၾကရ၏။ ထိုအခ်ိန္မွ စ၍ ဆင္ႏွင့္ ေမ်ာက္တို႔သည္ မိမိတို႔ထက္ အသက္အ႐ြယ္ ႀကီးေသာ ခါကို ႐ိုေသေလးစားလ်က္ ခါ၏ အဆုံးအမကို နာယူကာ အသက္ထက္ဆုံး ေပ်ာ္႐ႊင္စြာ ေနထိုင္သြား ၾကေလသတည္း။ (အသက္ႀကီးသူကို ႐ိုေသအပ္ျခင္း) Crd

Post a Comment

0 Comments