မိန်းကလေး တယောက် သူမ မျက်နှာမှာ သနပ်ခါးကို လိမ်းထားတဲ့အခါ နေရာမှန်လို့ လှပပြီး ချစ်စရာ ကောင်းတယ်။
အဲ့ဒီ သနပ်ခါးဟာ သွေး နေရင်းနဲ့ ကြမ်းပြင်ပေါ် ကျကုန်တဲ့အခါ ကြမ်းပြင်မှာ ရှိနေတဲ့ သနပ်ခါးတွေဟာ နေရာမမှန်လို့ တန်ဖိုးမဲ့ရတယ်။ အညစ်အကြေးအဖြစ် သက်ရောက် သွားတယ်။
ဆံပင်က မိန်းကလေး တယောက် ခေါင်းလျှော်ပြီးချိန်လေးများ ဖြန့်ချထားရင်၊ သူမ ဆံပင်လေးကို အမျိုးမျိုး လှပစွာ ပြုပြင်ထားရင် နေရာမှန်လို့ သိပ်လှပြီး ချစ်စရာ ကောင်းတယ်။
အဲ့ဒီ ဆံပင်တွေက ကော်ဖီခွက် (သို့) ဟင်းခွက်ထဲ ရောက်သွားမယ် ဆိုရင် နေရာမမှန်တဲ့ အတွက် ရွံစရာ ဖြစ်သွားတယ်။
ကိုယ်က အလိုက်တသိ ကူညီပေးတယ်။ ဒါပေမယ့် သူများတကယ် လိုအပ်နေချိန် မဟုတ်တော့၊ ကိုယ်ကူညီပေးတာ တွေဟာ နေရာမမှန်၊ အချိန်မှန် မဟုတ်တဲ့ အတွက် တန်ဖိုးမရှိ အသုံးမဝင် ဖြစ်လို့ စေတနာတွေ အလကား ဖြစ်ရတယ်။
စကားပြောတဲ့ နေရာမှာလည်း အချိန်အခါ မဟုတ်ပဲ ပြောမိတဲ့အခါ၊ စကား ပြောပါများရင် အမှားတွေ ပါပြီး ကိုယ့်တန်ဖိုးကို လျော့စေတယ်။ နေရာမမှန်လို့ မလိုအပ်ပဲ ပြောမိတဲ့ ကိုယ်က ငပေါကြီး ဖြစ်ရလိမ့်မယ်။
အချစ်ဆိုတာလည်း ကိုယ်ချစ်တာကို တန်ဖိုးထားပြီး အပြန်လှန် နားလည်မှုရှိမှ၊ ကိုယ့်ကို တန်ဖိုးထားသူနဲ့ ချစ်ခွင့်ရမှ သာလျှင်နေရာမှန်လို့ ချစ်သူတွေလည်း ပျော်ရွှင်ရမှာပါ။
ကိုယ့်အချစ်ကို တန်ဖိုးမထား သစ္စာဖောက်သူနဲ့ တွေ့ရင် ကိုယ်ပေးတဲ့ အချစ်ဆိုတာလည်း နေရာမမှန်လို့ ကိုယ်ပဲ တန်ဖိုးမဲ့ရပါလိမ့်မယ်။
ဘဝမှာ တချို့အရာတွေက နေရာ မမှန်ရင် ထားရှိတဲ့ စေတနာတွေနဲ့၊ ပေးဆပ်တဲ့ အရာတွေဟာ တန်ဖိုးမဲ့နေမှာ ပါပဲ။ အရာရာ အားလုံးက သူ့နေရာနဲ့သူ နေရာမှန်ဖို့ လိုပါတယ်။
နေရာ မမှန်ရင်တော့ တန်ဖိုးတွေ မဲ့နေရဦး မှာပါပဲ။ ပေးဆပ်တယ် ဆိုပေမယ့် နေရာမှားနေရင်တော့ ကိုယ်ပဲ ထိခိုက် နာကျင်ရ ပါလိမ့်မယ်။ Crd
Zawgyi
ေနရာမမွန္ရင္ တန္ဖိုးမရွိဘူး
မိန္းကေလး တေယာက္ သူမ မ်က္ႏွာမွာ သနပ္ခါးကို လိမ္းထားတဲ့အခါ ေနရာမွန္လို႔ လွပၿပီး ခ်စ္စရာ ေကာင္းတယ္။ အဲ့ဒီ သနပ္ခါးဟာ ေသြး ေနရင္းနဲ႔ ၾကမ္းျပင္ေပၚ က်ကုန္တဲ့အခါ ၾကမ္းျပင္မွာ ရွိေနတဲ့ သနပ္ခါးေတြဟာ ေနရာမမွန္လို႔ တန္ဖိုးမဲ့ရတယ္။ အညစ္အေၾကးအျဖစ္ သက္ေရာက္ သြားတယ္။
ဆံပင္က မိန္းကေလး တေယာက္ ေခါင္းေလွ်ာ္ၿပီးခ်ိန္ေလးမ်ား ျဖန႔္ခ်ထားရင္၊ သူမ ဆံပင္ေလးကို အမ်ိဳးမ်ိဳး လွပစြာ ျပဳျပင္ထားရင္ ေနရာမွန္လို႔ သိပ္လွၿပီး ခ်စ္စရာ ေကာင္းတယ္။ အဲ့ဒီ ဆံပင္ေတြက ေကာ္ဖီခြက္ (သို႔) ဟင္းခြက္ထဲ ေရာက္သြားမယ္ ဆိုရင္ ေနရာမမွန္တဲ့ အတြက္ ႐ြံစရာ ျဖစ္သြားတယ္။
ကိုယ္က အလိုက္တသိ ကူညီေပးတယ္။ ဒါေပမယ့္ သူမ်ားတကယ္ လိုအပ္ေနခ်ိန္ မဟုတ္ေတာ့၊ ကိုယ္ကူညီေပးတာ ေတြဟာ ေနရာမမွန္၊ အခ်ိန္မွန္ မဟုတ္တဲ့ အတြက္ တန္ဖိုးမရွိ အသုံးမဝင္ ျဖစ္လို႔ ေစတနာေတြ အလကား ျဖစ္ရတယ္။
စကားေျပာတဲ့ ေနရာမွာလည္း အခ်ိန္အခါ မဟုတ္ပဲ ေျပာမိတဲ့အခါ၊ စကား ေျပာပါမ်ားရင္ အမွားေတြ ပါၿပီး ကိုယ့္တန္ဖိုးကို ေလ်ာ့ေစတယ္။ ေနရာမမွန္လို႔ မလိုအပ္ပဲ ေျပာမိတဲ့ ကိုယ္က ငေပါႀကီး ျဖစ္ရလိမ့္မယ္။
အခ်စ္ဆိုတာလည္း ကိုယ္ခ်စ္တာကို တန္ဖိုးထားၿပီး အျပန္လွန္ နားလည္မႈရွိမွ၊ ကိုယ့္ကို တန္ဖိုးထားသူနဲ႔ ခ်စ္ခြင့္ရမွ သာလွ်င္ေနရာမွန္လို႔ ခ်စ္သူေတြလည္း ေပ်ာ္႐ႊင္ရမွာပါ။ ကိုယ့္အခ်စ္ကို တန္ဖိုးမထား သစၥာေဖာက္သူနဲ႔ ေတြ႕ရင္ ကိုယ္ေပးတဲ့ အခ်စ္ဆိုတာလည္း ေနရာမမွန္လို႔ ကိုယ္ပဲ တန္ဖိုးမဲ့ရပါလိမ့္မယ္။
ဘဝမွာ တခ်ိဳ႕အရာေတြက ေနရာ မမွန္ရင္ ထားရွိတဲ့ ေစတနာေတြနဲ႔၊ ေပးဆပ္တဲ့ အရာေတြဟာ တန္ဖိုးမဲ့ေနမွာ ပါပဲ။ အရာရာ အားလုံးက သူ႔ေနရာနဲ႔သူ ေနရာမွန္ဖို႔ လိုပါတယ္။ ေနရာ မမွန္ရင္ေတာ့ တန္ဖိုးေတြ မဲ့ေနရဦး မွာပါပဲ။ ေပးဆပ္တယ္ ဆိုေပမယ့္ ေနရာမွားေနရင္ေတာ့ ကိုယ္ပဲ ထိခိုက္ နာက်င္ရ ပါလိမ့္မယ္။ Crd
0 Comments