ပါးစပ်စည်း စောင့်ပါ

လူတိုင်း လူတိုင်းမှာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဆိုတာ ရှိပါတယ်။ လူသိစေချင်တာ ရှိသလို လူမသိစေချင်တာလည်း ရှိတတ် ကြပါတယ်။

အဲဒါကြောင့် ပေါင်းသင်းဆက်ဆံရေး နယ်ပယ်မှာ သိပေမဲ့ မသိချင်ယောင် ဆောင်ရသလို၊ သိပေမဲ့ မပြောပဲ နေပေးရတာလည်း ရှိပါတယ်။ ဒီနေရာမှာ "စာနာမှု" က လူတယောက်ရဲ့ အဆင့်အတန်းကို ပြပါတယ်။

မိတ်ဆွေအစစ်လို့ ထင်ရတဲ့၊ ထင်ခဲ့တဲ့ လူတချို့က ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းအရာ တွေကို အတင်းပြောတဲ့ အခါ၊ ပုံကြီးချဲ့တဲ့အခါ ကိုယ်က သိပေမဲ့ မသိချင်ယောင် ဆောင်လိုက်ဝာလည်း ရှိတယ်။

နောက်တခါသူတို့ ပုံကြီးချဲ့လို့ သိသွားတဲ့ သူတွေက မထိခလုတ် ထိခလုတ်ခနဲ့ တဲ့တဲ့ရိ သဲ့သဲ့ လာလာ ပြောတဲ့အခါ ဘာမှတော့ ပြန်မပြောဘူး။ ဒါပေမဲ့ သီးမခံနိုင်တဲ့ တနေ့ ပြန်ပြောရင်လည်း တယောက်မျက်နှာ တယောက် ကြည့်နိုင်တော့မှာ မဟုတ်ဘူး။

ပြောချင်တာက ဘာကြောင့် လူမှုရေး နယ်ပယ်မှာ စည်းမထားတာလဲ။ ဘာကြောင့် ကိုယ့်ရဲ့ ပါးစပ်ကို စည်းကမ်း ရှိအောင် မထိန်းသိမ်းတာလဲ။ ဘာကြောင့် သူများရဲ့ အကြောင်းအရာတွေကို ပယ်ပယ်နယ်နယ် ပြောပြီး အရသာ ခံချင်ရတာလဲ။

ငါလည်း တနေ့ သူ့လို ကြုံနိုင်တယ် ဆိုတဲ့ အဲဒီလို အသိလေး ရှိဖို့ လိုပါတယ်။ လူတယောက်ရဲ့ အဆင့်အတန်းက "ငွေကြေး ချမ်းသာမှု" မဟုတ်ပါဘူး။

လူတယောက်ရဲ့ အဆင့်အတန်းက "ပါးစပ် စည်းကမ်းရှိဖို့ နဲ့ စာနာနားလည် ဖေးမတတ်မှု" ပါ။ Crd

Zawgyi

ပါးစပ္စည္း ေစာင့္ပါ

လူတိုင္း လူတိုင္းမွာ သူ႔ရဲ႕ ကိုယ္ေရးကိုယ္တာ စိတ္ပိုင္းဆိုင္ရာ ျပႆနာ ဆိုတာ ရွိပါတယ္။ လူသိေစခ်င္တာ ရွိသလို လူမသိေစခ်င္တာလည္း ရွိတတ္ ၾကပါတယ္။

အဲဒါေၾကာင့္ ေပါင္းသင္းဆက္ဆံေရး နယ္ပယ္မွာ သိေပမဲ့ မသိခ်င္ေယာင္ ေဆာင္ရသလို၊ သိေပမဲ့ မေျပာပဲ ေနေပးရတာလည္း ရွိပါတယ္။ ဒီေနရာမွာ "စာနာမႈ" က လူတေယာက္ရဲ႕ အဆင့္အတန္းကို ျပပါတယ္။

မိတ္ေဆြအစစ္လို႔ ထင္ရတဲ့၊ ထင္ခဲ့တဲ့ လူတခ်ိဳ႕က ကိုယ့္ရဲ႕ ကိုယ္ေရးကိုယ္တာ အေၾကာင္းအရာ ေတြကို အတင္းေျပာတဲ့ အခါ၊ ပုံႀကီးခ်ဲ႕တဲ့အခါ ကိုယ္က သိေပမဲ့ မသိခ်င္ေယာင္ ေဆာင္လိုက္ဝာလည္း ရွိတယ္။

ေနာက္တခါသူတို႔ ပုံႀကီးခ်ဲ႕လို႔ သိသြားတဲ့ သူေတြက မထိခလုတ္ ထိခလုတ္ခနဲ႔ တဲ့တဲ့ရိ သဲ့သဲ့ လာလာ ေျပာတဲ့အခါ ဘာမွေတာ့ ျပန္မေျပာဘူး။ ဒါေပမဲ့ သီးမခံႏိုင္တဲ့ တေန႔ ျပန္ေျပာရင္လည္း တေယာက္မ်က္ႏွာ တေယာက္ ၾကည့္ႏိုင္ေတာ့မွာ မဟုတ္ဘူး။

ေျပာခ်င္တာက ဘာေၾကာင့္ လူမႈေရး နယ္ပယ္မွာ စည္းမထားတာလဲ။ ဘာေၾကာင့္ ကိုယ့္ရဲ႕ ပါးစပ္ကို စည္းကမ္း ရွိေအာင္ မထိန္းသိမ္းတာလဲ။ ဘာေၾကာင့္ သူမ်ားရဲ႕ အေၾကာင္းအရာေတြကို ပယ္ပယ္နယ္နယ္ ေျပာၿပီး အရသာ ခံခ်င္ရတာလဲ။

ငါလည္း တေန႔ သူ႔လို ႀကဳံႏိုင္တယ္ ဆိုတဲ့ အဲဒီလို အသိေလး ရွိဖို႔ လိုပါတယ္။ လူတေယာက္ရဲ႕ အဆင့္အတန္းက "ေငြေၾကး ခ်မ္းသာမႈ" မဟုတ္ပါဘူး။ လူတေယာက္ရဲ႕ အဆင့္အတန္းက "ပါးစပ္ စည္းကမ္းရွိဖို႔ နဲ႔ စာနာနားလည္ ေဖးမတတ္မႈ" ပါ။ Crd

Post a Comment

0 Comments