တနေ့မှာ ကျောင်းဆရာမ တယောက်ဟာ သူ့အတန်းထဲက ခပ်ဆိုးဆိုး ကျောင်းသားလေး တဦးကို "သားကြီးလာရင် ဘာလုပ်မှာလဲ" လို့ မေးလိုက်တယ်။
ထိုအခါ ကျောင်းသားလေးက မဆိုင်းမတွပဲ "ကျနော် ရုပ်ရှင်မင်းသား လုပ်မယ်။ ပြီးရင် ဗိုက်ဆာနေတဲ့ သူတွေကို မုန့်လိုက်ကျွေးမယ်" လို့ ဖြေလိုက်တယ်။
အဲဒီလိုလည်း ဖြေရော အတန်းဖော်တွေက "ဒီကောင် စောက်ပေါ" ဆိုပြီး သူ့ကို ဝိုင်းဟားကြတယ်။ ဆရာမကလည်း
"မင်းလုပ်ချင်တာ တွေက အရမ်း စိတ်ကူးယဉ် ဆန်လွန်းတယ်။ တခြားအရာတွေကို ပြောင်းစဉ်းစားတာ ကောင်းလိမ့်မယ်" လို့ ပြောခဲ့တယ်။
နောက် နှစ်ပေါင်း၂၀ ကျော် ၃၀ ခန့် ကြာတဲ့အခါ အဲဒီ ကျောင်းသားလေးဟာ သူပြောခဲ့တဲ့ အတိုင်း ကမ္ဘာ့ ရုပ်ရှင်လောကရဲ့ ဝင်ငွေ အမြင့်မားဆုံး အချမ်းသာဆုံး မင်းသား၊ ၂၁ ရာစု ဥရောပနဲ့ အမေရိကက လူတွေ အားလုံးထက် သြဇာရှိတဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်လာခဲ့တယ်။
သူဟာ အိန္ဒိယနိုင်ငံရဲ့ အာဟာရ ချို့တဲ့သူ ၄ သန်းကျော်နဲ့ ကမ္ဘာ့ အိမ်ခြေရာမဲ့တွေ အတွက် သူရရှိတဲ့ အနုပညာကြေးငွေ ၇၅ % ကို လှူဒါန်းထား ပါတယ်။
ဒါတွေကြောင့်လည်း အင်္ဂလန် ဘုရင်မကြီး Elizabeth ကိုယ်တိုင်က သူ့ကို ဂုဏ်ထူးဆောင် ပရဟိတသမားဆု ပေးအပ်ခဲ့ ပါတယ်။
ထိုသူကား အခြားမဟုတ်ပါဘူး။ အချစ်၊ အလွမ်း၊ အဆွေး၊ အကြမ်းအရမ်း အကုန်ရတဲ့ ကျနော်တို့ရဲ့ အသည်းကျော် Bollywood ဘုရင်ကြီး shah rukh khan (ရှရွတ်ခမ်း) ပင် ဖြစ်သည်။
တခြားလူတွေ မင်းအပေါ်မြင်တဲ့ အမြင်က အရေးမကြီးပါဘူး။ မင်းရည်မှန်းချက် အပေါ် ထားတဲ့ မင်းရဲ့ အမြင်ကသာ အရေးအကြီးဆုံးပါ။ မဖြစ်နိုင်ဘူး ဆိုတာ တကယ် သေချာပြီလား။ Crd
Zawgyi
ရည္မွန္းခ်က္ပန္းတိုင္ကို ေရာက္ေအာင္ေလွ်ာက္ပါ
တေန႔မွာ ေက်ာင္းဆရာမ တေယာက္ဟာ သူ႔အတန္းထဲက ခပ္ဆိုးဆိုး ေက်ာင္းသားေလး တဦးကို "သားႀကီးလာရင္ ဘာလုပ္မွာလဲ" လို႔ ေမးလိုက္တယ္။ ထိုအခါ ေက်ာင္းသားေလးက မဆိုင္းမတြပဲ "က်ေနာ္ ႐ုပ္ရွင္မင္းသား လုပ္မယ္။ ၿပီးရင္ ဗိုက္ဆာေနတဲ့ သူေတြကို မုန႔္လိုက္ေကြၽးမယ္" လို႔ ေျဖလိုက္တယ္။
အဲဒီလိုလည္း ေျဖေရာ အတန္းေဖာ္ေတြက "ဒီေကာင္ ေစာက္ေပါ" ဆိုၿပီး သူ႔ကို ဝိုင္းဟားၾကတယ္။ ဆရာမကလည္း "မင္းလုပ္ခ်င္တာ ေတြက အရမ္း စိတ္ကူးယဥ္ ဆန္လြန္းတယ္။ တျခားအရာေတြကို ေျပာင္းစဥ္းစားတာ ေကာင္းလိမ့္မယ္" လို႔ ေျပာခဲ့တယ္။
ေနာက္ ႏွစ္ေပါင္း၂၀ ေက်ာ္ ၃၀ ခန႔္ ၾကာတဲ့အခါ အဲဒီ ေက်ာင္းသားေလးဟာ သူေျပာခဲ့တဲ့ အတိုင္း ကမာၻ႔ ႐ုပ္ရွင္ေလာကရဲ႕ ဝင္ေငြ အျမင့္မားဆုံး အခ်မ္းသာဆုံး မင္းသား၊ ၂၁ ရာစု ဥေရာပနဲ႔ အေမရိကက လူေတြ အားလုံးထက္ ၾသဇာရွိတဲ့ ပုဂၢိဳလ္တေယာက္ ျဖစ္လာခဲ့တယ္။
သူဟာ အိႏၵိယႏိုင္ငံရဲ႕ အာဟာရ ခ်ိဳ႕တဲ့သူ ၄ သန္းေက်ာ္နဲ႔ ကမာၻ႔ အိမ္ေျခရာမဲ့ေတြ အတြက္ သူရရွိတဲ့ အႏုပညာေၾကးေငြ ၇၅ % ကို လႉဒါန္းထား ပါတယ္။ ဒါေတြေၾကာင့္လည္း အဂၤလန္ ဘုရင္မႀကီး Elizabeth ကိုယ္တိုင္က သူ႔ကို ဂုဏ္ထူးေဆာင္ ပရဟိတသမားဆု ေပးအပ္ခဲ့ ပါတယ္။
ထိုသူကား အျခားမဟုတ္ပါဘူး။ အခ်စ္၊ အလြမ္း၊ အေဆြး၊ အၾကမ္းအရမ္း အကုန္ရတဲ့ က်ေနာ္တို႔ရဲ႕ အသည္းေက်ာ္ Bollywood ဘုရင္ႀကီး shah rukh khan (ရွ႐ြတ္ခမ္း) ပင္ ျဖစ္သည္။
တျခားလူေတြ မင္းအေပၚျမင္တဲ့ အျမင္က အေရးမႀကီးပါဘူး။ မင္းရည္မွန္းခ်က္ အေပၚ ထားတဲ့ မင္းရဲ႕ အျမင္ကသာ အေရးအႀကီးဆုံးပါ။ မျဖစ္ႏိုင္ဘူး ဆိုတာ တကယ္ ေသခ်ာၿပီလား။ Crd
0 Comments