တရက်မှာ ဆရာတဦးဟာ ကျောင်းသားများကို လူပုံစံ အရုပ်သုံးခု ပြသပြီး ကွဲလွဲချက်များကို ရှာဖွေပေးရန် ပြောကြား လိုက်တယ်။ အရုပ်သုံးခုစလုံး၏ ပုံစံ၊ အရွယ်အစားနဲ့ ပြုလုပ်ပစ္စည်း အားလုံးတို့ဟာ တူညီကြတယ်။
ကလေးများဟာ တက်ကြွစွာ လေ့လာကြပြီး ကွဲလွဲချက် မတွေ့လို့ အရုပ်တွေရဲ့ အပေါက်တွေကိုပါ လေ့လာ ကြတယ်။ ပထမအရုပ်ရဲ့ နားတွေမှာ အပေါက် ရှိကြတယ်။
ဒုတိယ အရုပ်ရဲ့ နားတွေနဲ့ ပါးစပ်ထဲမှာ အပေါက်တွေ ရှိတယ်။ တတိယအရုပ်ရဲ့ နားတဖက်မှာ အပေါက်တပေါက်သာ ရှိတယ်။
ကျောင်းသားများသည် ပင်အပ်၏ အကူအညီဖြင့် အပ်ကို ပထမအရုပ်၏ နားပေါက်ထဲသို့ ထည့်လိုက်တယ်။ အပ်က အခြားနားမှ ထွက်လာတယ်။ ဒုတိယ အရုပ်ကတော့ အပ်ကို နားထဲ ထည့်လိုက်တဲ့အခါ အပ်က ပါးစပ်က ထွက်လာတယ်။
တတိယအရုပ်ရဲ့ နားထဲ အပ်ကို ထည့်လိုက်တဲ့အခါ အပ်က ဘယ်ကမှ ထွက်မလာဘူး။ ကွဲလွဲချက်တွေကို ကလေးတွေ လေ့လာပြီးနောက်မှာ ဆရာက ကလေးတွေကို ရှင်းပြတယ်။
"အရုပ်တွေက မင်းတို့ ပတ်ဝန်းကျင်က လူတွေကို ကိုယ်စားပြုတယ်။ ပထမအရုပ်ကို ကြည့်ရင် သူတို့တွေဟာ မင်းတို့ ပြောတာတွေကို နားထောင်နေပြီး မင်းတို့ကို သူတို့က ဂရုစိုက်တယ်လို့ ထင်မြင်နေ ကြလိမ့်မယ်။
ဒါပေမဲ့ သူတို့က ဟန်ဆောင်နေကြတာ ဖြစ်တယ်။ အပ်ဟာ နားတဖက်က ဝင်ပြီး တဖက်က ထွက်သွားသလိုပဲ မင်းတို့ ပြောသမျှဟာ နားတဖက်က ဝင်ပြီး နောက်နားတဖက်က ထွက်သွားပြီး မင်းတို့ ပြောလိုက်သမျှဟာ သူတို့ နားထောင်ပြီး ပျောက်ကုန် ကြတယ်။
မင်းတို့ ပတ်ဝန်းကျင်မှာ မင်းတို့ ပြောသမျှကို မေ့ပျောက်ပစ်ကြတဲ့၊ မင်းကို ဂရုမစိုက်တဲ့ သူတွေလဲ ရှိကြမယ်။
ဒုတိယ အရုပ်ကလဲ မင်းပြောသမျှ အရာအားလုံးကို နားထောင်ပြီး သူတို့က မင်းကို ဂရုစိုက်တယ်လို့ ထင်မြင်သူတွေ ကိုပဲ ကိုယ်စားပြုတယ်။
ဒါပေမယ့် အရုပ်မှာ နားက သွင်းတဲ့အပ် ပါးစပ်ကနေ ထွက်လာသလိုပဲ ဒီလူတွေကလဲ မင်းပြောခဲ့တဲ့ စကားတွေကို သုံးပြီး မင်းကို ဆန့်ကျင်မယ်။ မပြောသင့်တဲ့၊ မသက်ဆိုင်တဲ့ အခြားသူတွေကိုပြောမယ်။ သူတို့ ရည်ရွယ်ချက်အတွက် မင်းရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ကြ လိမ့်မယ်။
တတိယအရုပ် ကတော့ နားက အပ်ထည့်လည်း ဘယ်ကမှ ပြန်ထွက် မလာတော့ဘူး။ မင်းတို့ ပြောသမျှတွေဟာ သူတို့ နားထဲဝင်သွားရင် ဦးနှောက်ထဲ၊ ရင်ဘတ်ထဲ ရောက်သွားပြီးတော့ မင်းရဲ့ လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းပေးမယ်။
တတိယအရုပ်လို့လူမျိုးဟာ မင်းတို့ကို အကူအညီ ပေးမယ်၊ အကြံကောင်းတွေ ပေးမယ်။ အဲဒီလို လူတွေကတော့ မင်းတို့ရဲ့ ယုံ ကြည်မှုကို ထိန်းသိမ်းထားလိမ့်မယ်။ သူတို့ကို မင်းတို့ အားကိုးလို့ရတယ်"
သင်ခန်းစာ။ ။ အမြဲတမ်း သစ္စာရှိပြီး ယုံကြည်စိတ်ချရသူ ကိုသာ ပေါင်းပါ။ Crd
0 Comments