ရှေးအခါက တခုသော နေပြည်တော်တွင် ဉာဏ်ပညာ အမျှော်အမြင်နှင့် ပြည့်စုံလျက် အတတ်မျိုးစုံ သင်ကြားပေးသော ဒိသာပါမောက္ခဆရာကြီး တဦးရှိသည်။
ထိုဒိသာပါမောက္ခဆရာကြီးထံတွင် ငါးရာသော တပည့်လုလင် တို့သည် အတတ်ပညာသင်ယူ၍ နေကြကုန်၏။
တနေ့သ၌ ဆရာကြီးသည် တပည့်တို့၏ အကျင့်စာရိတ္တကို စုံစမ်းလို သဖြင့် ဤသို့ဆို၏။
"အမောင်တို့ ငါ့၌ သမီးပျိုတယောက် ရှိ၏။ ထိုသမီးသည် လိမ္မာ၏။ အဆင်းလည်း လှ၏။ ချစ်ဖွယ်သော စကားကိုလည်း ဆိုတတ်၏။
ထိုသမီးသည် အရွယ်ရောက်ပြီဖြစ်၍ အမောင်တို့ အထဲမှ တယောက်ယောက်နှင့် ငါ ထိမ်းမြားပေးလို၏။ အမောင်တို့သည် ငါ၏ သမီးအတွက် အဝတ်တန်ဆာကို သင်တို့၏ ဆွေမျိုးများထံမှ ခိုးယူခဲ့ကြပါ။ ငါ၏သမီးကို သင်တို့အနက် အသင့်တော်ဆုံးသူနှင့် ထိမ်းမြားအံ့" ဟု ဆို၏။
တပည့်တို့လည်း ကောင်းနိုးရာရာ အဝတ်တန်ဆာ တို့ကို ခိုးယူ၍ လာကြ၏။ တယောက်သော တပည့်ကား တစုံတရာမျှ မယူခဲ့ပေ။ ထိုအခါ ဆရာကြီးက သူ့အား အကြောင်းကို မေး၏။ တပည့်က
"ဆရာ၊ သူတပါး မပေးသော ပစ္စည်းကို ခိုးယူခြင်းသည် မကောင်းသော အမှုသာတည်း။ မစင်ကြယ်သော အမှုသာတည်း။ ခိုးသူလည်း မကောင်းသော အကျင့် ရှိသူသာတည်း။ ကိုယ်ချင်းစာတရား ကင်းသောသူ သာတည်း။
မိမိဥစ္စာကို သူတပါးက ခိုးယူလျှင် မိမိမကြိုက်။ ထို့အတူ သူတပါးဥစ္စာကို မိမိက ခိုးယူလျှင်လည်း သူတပါးက ကြိုက်မည် မဟုတ်ပါ။ ဤသို့ ကိုယ်ချင်းစာ ရာသည်။ ထို့ကြောင့် မိမိသည် တစုံတခုကိုမျှ တိတ်တဆိတ် မယူခဲ့ပါ" ဟု ဆို၏။
ထိုအခါ ဆရာကြီးလည်း များစွာ နှစ်သက်သဖြင့် ထိုတပည့်အား ဤသို့ဆို၏။ "အမောင် ငါ၌ ပစ္စည်းဥစ္စာ ပေါများ၏။ အကျင့်စာရိတ္တ ကောင်းသူကို ရွေးချယ်လို၍သာ ဤသို့ ငါပြု၏။
အမောင်ကား အကျင့်ကောင်းနှင့် ပြည့်စုံသူ ဖြစ်ပေသည်။ ထို့ကြောင့် အမောင့်ကို ငါ၏သမီးနှင့် ထိမ်းမြားအံ့" ဟု ဆို၍ သမီးကို ထိုတပည့်အား ပေးလိုက်လေသတည်း။ Crd
Zawgyi
႐ိုးသားေျဖာင့္မတ္ေသာသူ
ေရွးအခါက တခုေသာ ေနျပည္ေတာ္တြင္ ဉာဏ္ပညာ အေမွ်ာ္အျမင္ႏွင့္ ျပည့္စုံလ်က္ အတတ္မ်ိဳးစုံ သင္ၾကားေပးေသာ ဒိသာပါေမာကၡဆရာႀကီး တဦးရွိသည္။ ထိုဒိသာပါေမာကၡဆရာႀကီးထံတြင္ ငါးရာေသာ တပည့္လုလင္ တို႔သည္ အတတ္ပညာသင္ယူ၍ ေနၾကကုန္၏။
တေန႔သ၌ ဆရာႀကီးသည္ တပည့္တို႔၏ အက်င့္စာရိတၱကို စုံစမ္းလို သျဖင့္ ဤသို႔ဆို၏။ "အေမာင္တို႔ ငါ့၌ သမီးပ်ိဳတေယာက္ ရွိ၏။ ထိုသမီးသည္ လိမၼာ၏။ အဆင္းလည္း လွ၏။ ခ်စ္ဖြယ္ေသာ စကားကိုလည္း ဆိုတတ္၏။
ထိုသမီးသည္ အ႐ြယ္ေရာက္ၿပီျဖစ္၍ အေမာင္တို႔ အထဲမွ တေယာက္ေယာက္ႏွင့္ ငါ ထိမ္းျမားေပးလို၏။ အေမာင္တို႔သည္ ငါ၏ သမီးအတြက္ အဝတ္တန္ဆာကို သင္တို႔၏ ေဆြမ်ိဳးမ်ားထံမွ ခိုးယူခဲ့ၾကပါ။ ငါ၏သမီးကို သင္တို႔အနက္ အသင့္ေတာ္ဆုံးသူႏွင့္ ထိမ္းျမားအံ့" ဟု ဆို၏။
တပည့္တို႔လည္း ေကာင္းႏိုးရာရာ အဝတ္တန္ဆာ တို႔ကို ခိုးယူ၍ လာၾက၏။ တေယာက္ေသာ တပည့္ကား တစုံတရာမွ် မယူခဲ့ေပ။ ထိုအခါ ဆရာႀကီးက သူ႔အား အေၾကာင္းကို ေမး၏။ တပည့္က "ဆရာ၊ သူတပါး မေပးေသာ ပစၥည္းကို ခိုးယူျခင္းသည္ မေကာင္းေသာ အမႈသာတည္း။ မစင္ၾကယ္ေသာ အမႈသာတည္း။ ခိုးသူလည္း မေကာင္းေသာ အက်င့္ ရွိသူသာတည္း။ ကိုယ္ခ်င္းစာတရား ကင္းေသာသူ သာတည္း။
မိမိဥစၥာကို သူတပါးက ခိုးယူလွ်င္ မိမိမႀကိဳက္။ ထို႔အတူ သူတပါးဥစၥာကို မိမိက ခိုးယူလွ်င္လည္း သူတပါးက ႀကိဳက္မည္ မဟုတ္ပါ။ ဤသို႔ ကိုယ္ခ်င္းစာ ရာသည္။ ထို႔ေၾကာင့္ မိမိသည္ တစုံတခုကိုမွ် တိတ္တဆိတ္ မယူခဲ့ပါ" ဟု ဆို၏။
ထိုအခါ ဆရာႀကီးလည္း မ်ားစြာ ႏွစ္သက္သျဖင့္ ထိုတပည့္အား ဤသို႔ဆို၏။ "အေမာင္ ငါ၌ ပစၥည္းဥစၥာ ေပါမ်ား၏။ အက်င့္စာရိတၱ ေကာင္းသူကို ေ႐ြးခ်ယ္လို၍သာ ဤသို႔ ငါျပဳ၏။ အေမာင္ကား အက်င့္ေကာင္းႏွင့္ ျပည့္စုံသူ ျဖစ္ေပသည္။ ထို႔ေၾကာင့္ အေမာင့္ကို ငါ၏သမီးႏွင့္ ထိမ္းျမားအံ့" ဟု ဆို၍ သမီးကို ထိုတပည့္အား ေပးလိုက္ေလသတည္း။ Crd
0 Comments