၁။ သူက ဆိတ်ကျောင်းသွားတယ်။ သင်က ထင်းခုတ်သွားတယ်။ သင်တို့နှစ်ယောက် တရက်လုံး ထိုင်စကားပြော နေကြတယ်။
သူ့ဆိတ်တွေက မြတ်တွေစားလို့ ဝသွားပြီ၊ သင်ကတော့ ထင်းမရလိုက်ပါ။ သင်ခန်းစာ (၁) မလိုအပ်သော လူမှု ဆက်ဆံရေးတွေကို စွန့်လွှတ်ပါ။
ထင်းခုတ်တဲ့ လူနဲ့ ဆိတ်ကျောင်းတဲ့ လူ၊ တနေ့လုံး စကား ပြောဖြစ် ပါတယ်။ အပြင်ပန်းက ကြည့်ရင် ထင်းခုတ်တဲ့လူက ဘာမှ မရလိုက်ပါဘူး။
ဒါပေမဲ့ စကားပြောတာကနေ တဆင့် ဘယ်တောင်ကျောမှာ ထင်း ပေါတယ်၊ ဘယ်လမ်းကြောက လမ်းသာတယ်၊ ဘယ်နေရာက သွားရတာ ခက် တယ်၊ ဆူးပင်တွေချည်း စတဲ့ သတင်းတွေကို ထင်းခုတ်သူ ရလာခဲ့ ပါတယ်။
နောက်တရက်က စပြီး သူ ထင်းကောင်းတွေ တော်တော် များများ ရခဲ့ပါတယ်။ သင်ခန်းစာ (၂) လူမှု ဆက်ဆံရေးဟာ အရေးကြီးသလို လူမှန် ပေါင်းမိရင် လမ်းမှန် ပိုရောက် လွယ်ပါတယ်။
၃။ သင်က ထင်းခုတ်တယ်။ သူက ဆိတ်ကျောင်းတယ်။ သင်တို့ သူငယ်ချင်း ဖြစ်သွားတယ်။ စကား အကြာကြီး ပြောဖြစ်တယ်။
သင် သူ့ဆီကနေ ဆိတ်ကျောင်းခြင်း အတတ်ပညာ တတ်မြောက် သွားတယ်။ သူ သင့်ဆီက ထင်းခုတ်တဲ့ ပညာ တတ်မြောက် သွားတယ်။ သင်ခန်းစာ (၃) နေရာတိုင်းမှာ သင်ယူစရာချည်းပါ။
၄။ သင်က ထင်းခုတ်တယ်။ သူက ဆိတ်ကျောင်းတယ်။ သင်သူနဲ့ တရက်လုံး စကားပြော ဖြစ်တယ်။ သူ့ ဆိတ်အချို့ နဲ့ သင့်ထင်းနဲ့ လဲလှယ် ဖြစ်တယ်။
သင်က ဆိတ် ပိုင်ဆိုင် သွားတယ်။ သူလည်း ထင်း ပိုင်ဆိုင် သွားတယ်။ သင်ခန်းစာ (၄) တန်ဖိုးတူ ဖလှယ် ခြင်းပါ။ ဘယ်သူ့ကိုမှ အထင် မသေးပါနှင့်၊ လူတိုင်း သူ့တန်ဖိုးနဲ့ သူပါ။
၅။ သင်က ထင်းခုတ်တယ်။ သူက ဆိတ်ကျောင်းတယ်။ သင်တို့ တရက်လုံး စကားပြော ဖြစ်တယ်။ သူက ဆိတ်ဝယ်တဲ့ ဖေါက်သည်ကို သင့်ကို မိတ်ဆက် ပေးတယ်။
သင်က ထင်းဝယ်တဲ့ ဖေါက်သည် သူ့ကို မိတ်ဆက် ပေးတယ်။ သင်တို့ နှစ်ဦးစလုံး အလုပ် ပိုတွင်ကျယ် လာပါတယ်။ သင်ခန်းစာ (၅) အရင်း အမြစ် စုဆောင်းတတ်ခြင်းဟာ စီးပွားရေး အတွက် အရေး ကြီးသည်။
၆။ သင်က ထင်းခုတ်တယ်။ သူက ဆိတ်ကျောင်းတယ်။ သင်တို့ တရက်လုံး စကားပြော ဖြစ်တယ်။ သင်တို့ ၂ ဦး ပူးပေါင်းပြီး ဆိတ်သားကင်ဆိုင် တဆိုင်ကို ဖွင့်ဖို့ ကြိုးစား ကြတယ်။
သင်က အကောင်းမွန်ဆုံး ထင်းကို ရှာဖွေနိုင်တယ်။ သူ့ရဲ့ ဆိတ်သားက သဘာဝ အသား ဖြစ်တယ်။ သင်တို့ အောင်မြင် သွားတယ်။ သင်ခန်းစာ (၆) ပြည့်စုံတဲ့ လူ မရှိပါ။ ပြည့်စုံတဲ့ အသင်းသာ ရှိပါသည်။ Credit – Aung Ko Latt
0 Comments