စိတ်ဓာတ် ကောင်းတဲ့သူနဲ့ပဲ ပေါင်းပါ၊ စိတ်ကောင်းလေးတွေ ကူးစက် လာပါလိမ့်မယ်။ ခွင့်လွှတ်တတ်အောင် သင်ယူပါ၊ ဘဝဟာ လွတ်လပ် လာပါလိမ့်မယ်။ သံယောဇဉ်တွေ နည်းနိုင်သမျှ နည်းအောင် ကြိုးစားပါ၊ အေးချမ်းမူတွေ ရလာပါလိမ့်မယ်။
စိတ်အလိုကို မလိုက်ဘဲ ထိန်းချုပ်နိုင်အောင် ကြိုးစားပါ၊ ရင့်ကျက်တဲ့သူ ဖြစ်လာပါလိမ့်မယ်။ ဘယ်သူ့ကိုမှ မမုန်းမိအောင် ကြိုးစားပါ၊ ဘဝဟာ ပေါ့ပါးလာလိမ့်မယ်။
အကောင်းမြင်စိတ် များများထားနိုင်အောင် ကြိုးစားပါ၊ ဘဝမှာ နေပျော်လာလိမ့်မယ်။
ဒါကြောင့် ကိုယ်တွေ့ရတဲ့သူက ကိုယ့်လို မဟုတ်ခဲ့သည် ရှိသော် ငါကောင်းသလို သူမကောင်းဘူးလို့ ဘယ်သူ့ကိုမှ မပြောမိပါစေနဲ့။
သူဆိုတာ ငါမှ မဟုတ်တာ။ ငါ စေတနာ ထားသလောက် သူရက်စက်တယ်လို့ ဘယ်သူ့ကိုမှ မပြောမိပါစေနဲ့။ သူဆိုတာ ငါမှ မဟုတ်တာ။
ငါ ဒီလောက်အထိ လိုက်လျော ပေးနေတာတောင် သူလုပ်ရက်တယ်လို့ ဘယ်သူ့ကိုမှ မပြောမိပါစေနဲ့။ သူဆိုတာ ငါမှ မဟုတ်တာ။ အဲဒါမျိုးတွေ မလုပ်သင့် မပြောသင့်ပါဘူးကွာလို့ ဘယ်သူ့ကိုမှ မထင်လိုက်ပါနဲ့။ သူဆိုတာ ငါမှ မဟုတ်တာ။
အရာအားလုံးကို နာလည်ပေးနိုင်အောင် ကိုယ့်စိတ်ကို ကြိုးစား ကျင့်သုံးခြင်းကသာ ချမ်းသာစွာ နေထိုင်နည်းပါပဲ။ ဘယ်သူ့ကိုမှ အချစ် မဝင်တော့သလို အပြစ်တွေလည်း မတင်ဖြစ်တော့ဘူးလေ။
သူဆိုတာ ငါမဟုတ်တဲ့ အတွက် အရာအားလုံးကို အလိုက်သင့်ရုံပဲ ရွေ့လျားတတ်ပြီး ပေါ့ပေါ့ပါးပါး နေထိုင်တတ် ကြပါစေ။ ကြိုးစားမူနဲ့ ရှင်သန်ကြပါ။ ဘဝဟာ ပိုပြီး အဓိပ္ပာယ် ရှိလာကြပါလိမ့်မယ်။ Crd
Zawgyi
သူ ဆိုတာ ငါမွ မဟုတ္တာ
0 Comments