လောဘကြီးသောခွေးကလေး

တခါတုန်းက ခွေးကလေး တကောင်ဟာ အသားတုံး တတုံးကို ခိုးယူလာတယ်။ ခိုးယူလာတဲ့ အသားတုံးကို ပါးစပ်ကလေးနဲ့ ကိုက်ချီရင်း ဖြေးညင်းစွာ စီးဆင်းနေတဲ့ စမ်းချောင်းကလေး တခုရဲ့ တံတားပေါ်ကနေ သူဟာ ဖြတ်သွားနေ ပါတယ်။

အဲဒီအချိန် အောက်ကို ငုံ့ကြည့်လိုက်တော့ သူ့ရဲ့ အရိပ်ကို သူမြင်တာပေါ့။ စမ်းချောင်းကလေးနဲ့ တံတားက တထွာလောက်ပဲ ကွာပါတယ်။

ဒါပေမယ့် သူဟာ သူ့အရိပ်လို့ မထင်ခဲ့ဘူး။ တခြားတကောင်က အခြား အသားတုံး တခုကို ကိုက်ချီလာတယ်လို့ သူ့စိတ်ထဲမှာ ထင်မြင်မိတယ်။

ခွေးကလေးဟာ အဲဒီအသားတုံးကို ရယူချင်တဲ့ အတွက်နဲ့ လောဘတကြီး ဆတ်ခနဲ ကိုက်ယူလိုက်တဲ့အခါ သူ့မှာ နဂိုရှိနေတဲ့ အသားတုံးဟာ စမ်းချောင်းကလေးထဲမှာ ပျောက်ဆုံးသွားပါတော့တယ်။

ဒီပုံပြင်လေးက အားလုံးနီးပါး ကြားဖူးကြ ပါတယ်။ ဘဝမှာလည်း ဒီပုံပြင်လေးလို ပါပဲ။ ပုထုဇဉ် လူသား ဟူသမျှဟာ လောဘတရားတော့ အနည်းအများ ကိုယ်စီ ရှိကြမှာ ဖြစ်ပါတယ်။

ဒါပေမယ့် လောဘတရားမှာ များရင်လည်း မကောင်းပါ။ တန်ဆေးလွန်ဘေး ဆိုသလိုမျိုးပေါ့။

လောဘဆိုတာက လိုတာထက် ပိုများလေလေ ဒုက္ခကြီးကြီးနဲ့ ကြုံတွေ့နိုင်ဖို့ နီးစပ်လေလေပါ။ ဘဝမှာ အစစအရာရာ ဂရုစိုက်၍ ပြုမူလုပ်ဆောင် နိုင်ပါမှ ပိုမိုကောင်းမွန်တဲ့ အခြေအနေကို ရရှိစေပါလိမ့်မယ်။ ရှိတာလေးနဲ့ ကျေနပ်မှု ရှိကြပါလို့ တိုက်တွန်းရင်း။ ကောင်းချစ်

Zawgyi

ေလာဘႀကီးေသာေခြးကေလး

တခါတုန္းက ေခြးကေလး တေကာင္ဟာ အသားတုံး တတုံးကို ခိုးယူလာတယ္။ ခိုးယူလာတဲ့ အသားတုံးကို ပါးစပ္ကေလးနဲ႔ ကိုက္ခ်ီရင္း ေျဖးညင္းစြာ စီးဆင္းေနတဲ့ စမ္းေခ်ာင္းကေလး တခုရဲ႕ တံတားေပၚကေန သူဟာ ျဖတ္သြားေန ပါတယ္။

အဲဒီအခ်ိန္ ေအာက္ကို ငုံ႔ၾကည့္လိုက္ေတာ့ သူ႔ရဲ႕ အရိပ္ကို သူျမင္တာေပါ့။ စမ္းေခ်ာင္းကေလးနဲ႔ တံတားက တထြာေလာက္ပဲ ကြာပါတယ္။

ဒါေပမယ့္ သူဟာ သူ႔အရိပ္လို႔ မထင္ခဲ့ဘူး။ တျခားတေကာင္က အျခား အသားတုံး တခုကို ကိုက္ခ်ီလာတယ္လို႔ သူ႔စိတ္ထဲမွာ ထင္ျမင္မိတယ္။

ေခြးကေလးဟာ အဲဒီအသားတုံးကို ရယူခ်င္တဲ့ အတြက္နဲ႔ ေလာဘတႀကီး ဆတ္ခနဲ ကိုက္ယူလိုက္တဲ့အခါ သူ႔မွာ နဂိုရွိေနတဲ့ အသားတုံးဟာ စမ္းေခ်ာင္းကေလးထဲမွာ ေပ်ာက္ဆုံးသြားပါေတာ့တယ္။

ဒီပုံျပင္ေလးက အားလုံးနီးပါး ၾကားဖူးၾက ပါတယ္။ ဘဝမွာလည္း ဒီပုံျပင္ေလးလို ပါပဲ။ ပုထုဇဥ္ လူသား ဟူသမွ်ဟာ ေလာဘတရားေတာ့ အနည္းအမ်ား ကိုယ္စီ ရွိၾကမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ေလာဘတရားမွာ မ်ားရင္လည္း မေကာင္းပါ။ တန္ေဆးလြန္ေဘး ဆိုသလိုမ်ိဳးေပါ့။

ေလာဘဆိုတာက လိုတာထက္ ပိုမ်ားေလေလ ဒုကၡႀကီးႀကီးနဲ႔ ႀကဳံေတြ႕ႏိုင္ဖို႔ နီးစပ္ေလေလပါ။ ဘဝမွာ အစစအရာရာ ဂ႐ုစိုက္၍ ျပဳမူလုပ္ေဆာင္ ႏိုင္ပါမွ ပိုမိုေကာင္းမြန္တဲ့ အေျခအေနကို ရရွိေစပါလိမ့္မယ္။ ရွိတာေလးနဲ႔ ေက်နပ္မႈ ရွိၾကပါလို႔ တိုက္တြန္းရင္း။ ေကာင္းခ်စ္

Post a Comment

0 Comments