ရွှေဥ ဥပေးသောကြက်

တခါတုန်းက ရွာတရွာမှာ မြေပိုင်ရှင် တဦးဟာ သူ့ဇနီး၊ ကလေးနှစ်ယောက်နဲ့ နေထိုင်လျက် ရှိတယ်။ သူတို့ဟာ တကယ့်ကို ယဉ်ကျေးပြီး ဆက်ဆံရေး ကောင်းမွန်တဲ့ သူတွေပါ။

သူတို့မှာ နေ့စဉ် ရွှေဥတလုံး ဥပေးတဲ့ ကြက်မလှလှ‌လေး တကောင် ရှိတယ်။ ဒါပေမယ့် အဲဒီလူဟာ သူနေ့စဉ် ရရှိခဲ့တဲ့ ရွှေဥတလုံးနဲ့ မရောင့်ရဲ မကျေနပ်ဘူး ဖြစ်နေခဲ့တယ်။

သူဟာ ရွာမှာ လူချမ်းသာတဦး ဖြစ်ပေမယ့် တမြို့လုံး တနိုင်ငံလုံးမှာ ကျော်ကြားတဲ့ သူဌေးကြီး ဖြစ်ချင်လာတယ်။ အဲ့ဒီလောဘကပဲ တနေ့ တလုံးပဲ ဥပေးတဲ့ ကြက်မလေးရဲ့ ဗိုက်ထဲမှာ မရေမတွက် နိုင်လောက်တဲ့ ရွှေတွေ ရှိနေမယ်လို့ ယုံကြည်လာတယ်။

ထိုလူက သူရဲ့ ကြက်မထံမှ ရွှေအားလုံးကို တပြိုင်နက်တည်း ရယူလို လာတယ်။ ဒါကြောင့် တနေ့မှာ သူဟာ အလွန်အကျွံ တွေးကာ နောက်ဆုံး မိသားစုနဲ့ တိုင်ပင်ပြီး အစီအစဉ် တခုကို ဆောင်ရွက်ဖို့ ဆုံးဖြတ်လိုက်တယ်။

နောက်တနေ့တွင် ကြက်မက ရွှေဥတလုံး ဥပြီးစဉ်မှာ ထိုလူသည် ကြက်မလေးကို ဖမ်းလိုက်ပြီး ဓားထက်ထက် တလက် ယူ၍ ကြက်မ၏ လည်ပင်းကိုလှီး ဖြတ်ပြီး ကြက်မရဲ့ ဗိုက်ကို ခွဲလို့ ရွှေတွေကို ရှာလိုက်တယ်။

ဗိုက်ထဲမှာ ကလီစာတွေနဲ့ သွေးတွေကလွဲ ဘာမှ မရှိတဲ့အခါ အလွန် စိုးရိမ်သွားပြီး ကြက်မရဲ့ တကိုယ်လုံးကို အစိတ်စိတ် အမွှာမွှာ တုံးတစ်ပြီး သေချာအောင် အထပ်ထပ် ရှာပါတော့တယ်။

ဒါပေမယ့် ရွှေနဲ့တူတာ ဘာမှ ရှာမရတော့ပါဘူး။ သူနဲ့ သူ့မိသားစုဟာ အခုမှ အလွန် ဝမ်းနည်းသွားခဲ့ ကြတယ်။ နောက်နေ့ကစလို့ ‌ရွှေဥတလုံး ရနိုင်တော့မှာ မဟုတ်တော့ပါဘူး။

သူတို့ရဲ့ ဘဝဟာ တနေ့ကို ရွှေဥတလုံးနဲ့ အဆင်ပြေ ချောမွေ့စွာ နေထိုင်ခဲ့ရ သော်လည်း ယခုတော့ သူကိုယ်တိုင်က သူ့ဘဝကိုပျက်အောင် လုပ်ခဲ့မိပေသည်။

လောဘကြီးပြီး ယူကျုံးမရဖြစ်ကာ အရူးမီးဝိုင်း ဖြစ်လာခဲ့ပြီး သူဟာ တနေ့ထက် တနေ့ စိတ်ဆင်းရဲလာပြီး နောက်ဆုံးတွင်သနားစရာ ရူးသွားခဲ့ ပေသည်။ သူဘယ်လောက်တောင် ရူးသွပ်ခဲ့သလဲ၊ သူဘယ်လောက် မိုက်မဲခဲ့သလဲ။

ဒီအကြောင်းအရာလေးက အလိုကြီးရင် အရနည်းတတ်တာကို ဖော်ပြပေးထားတာ ဖြစ်ပြီး နေ့စဉ် ရွှေဥ ဥပေးသည့် ကြက်ကို သတ်မစားပဲ အခြားဝင်ငွေ တိုးအောင်သာ ဆောင်ရွက်သင့်ပါတယ်။ Crd

Post a Comment

0 Comments