ငါးဟင်းစားချင်တဲ့ ယုန်ကလေး

တရက်မှာ ယုန်ကလေး တကောင်ဟာ ငါးဟင်း စားချင်တဲ့ အတွက် ငါးသွားမျှားချင် နေတယ်။ အဲဒါနဲ့ ပထမ တရက်မှာ ယုန်ကလေးက ငါးမျှား ထွက်တယ်။ ငါး ရမလာခဲ့ဘူး။

ဒုတိယ တရက် ထပ်သွား မျှားတယ်။ လက်ဗလာနဲ့ပဲ ပြန်လာ ခဲ့ရ ပြန်တယ်။ တတိယတရက် ယုန်ကလေး ငါးမျှားဖို့ ထပ်သွား ပြန်တယ်။

ယုန်ကလေး ရေကန်နား ရောက်တော့ ရေထဲက ငါးတကောင်က ခုန်တက်လာပြီး ယုန်ကလေးကို လှမ်းအော် ပြောလိုက်တယ်။

"မင်း အဲဒီ မုန်လာဥနီနဲ့ လာမျှား နေသေးသမျှ လက်ဗလာနဲ့ချည်း အိမ်ပြန်နေရမှာပဲ ဆိုတာ မှတ်ထားလိုက်ပါ" တဲ့။

ကိုယ်ကြိုက်နှစ်သက်တဲ့ အရာကို သူတပါးကို ပေးနေပေမဲ့ သူတပါး မလိုအပ်တဲ့ အရာ ဖြစ်နေခဲ့ရင် တန်ဖိုး မရှိပါဘူး။

ကိုယ်က ကြိုက်တာ မှန်ပေမဲ့ သူကြိုက်တာ မဟုတ်တော့ ကိုယ်ပေးမှုက အရာမထင်ပဲ အလကား သက်သက်လို ဖြစ်နေမှာပါပဲ။

ဒီအကြောင်းအရာလေးကနေ စီးပွားရေး လောက၊ အချစ်ရေး လူမှုရေး လောက တွေမှာ သင်္ခန်းစာယူ အသုံးချလို့ ရပါတယ်။

ကုန်သွယ်ရေး လုပ်တဲ့အခါ ဆိုရင်တော့ ကိုယ့်ရဲ့ အမြတ်အစွန်းတွေထက် သူတပါးရဲ့ လိုအပ်ချက်တွေကို အရင် ကြည့်ပေးတတ်မှ သာလျှင် တိုးတက် အောင်မြင်နိုင်မှာပဲ ဖြစ်ပါတယ်။ Crd

Zawgyi

ငါးဟင္းစားခ်င္တဲ့ ယုန္ကေလး

တရက္မွာ ယုန္ကေလး တေကာင္ဟာ ငါးဟင္း စားခ်င္တဲ့ အတြက္ ငါးသြားမွ်ားခ်င္ ေနတယ္။ အဲဒါနဲ႔ ပထမ တရက္မွာ ယုန္ကေလးက ငါးမွ်ား ထြက္တယ္။ ငါး ရမလာခဲ့ဘူး။

ဒုတိယ တရက္ ထပ္သြား မွ်ားတယ္။ လက္ဗလာနဲ႔ပဲ ျပန္လာ ခဲ့ရ ျပန္တယ္။ တတိယတရက္ ယုန္ကေလး ငါးမွ်ားဖို႔ ထပ္သြား ျပန္တယ္။

ယုန္ကေလး ေရကန္နား ေရာက္ေတာ့ ေရထဲက ငါးတေကာင္က ခုန္တက္လာၿပီး ယုန္ကေလးကို လွမ္းေအာ္ ေျပာလိုက္တယ္။ "မင္း အဲဒီ မုန္လာဥနီနဲ႔ လာမွ်ား ေနေသးသမွ် လက္ဗလာနဲ႔ခ်ည္း အိမ္ျပန္ေနရမွာပဲ ဆိုတာ မွတ္ထားလိုက္ပါ" တဲ့။

ကိုယ္ႀကိဳက္ႏွစ္သက္တဲ့ အရာကို သူတပါးကို ေပးေနေပမဲ့ သူတပါး မလိုအပ္တဲ့ အရာ ျဖစ္ေနခဲ့ရင္ တန္ဖိုး မရွိပါဘူး။ ကိုယ္က ႀကိဳက္တာ မွန္ေပမဲ့ သူႀကိဳက္တာ မဟုတ္ေတာ့ ကိုယ္ေပးမႈက အရာမထင္ပဲ အလကား သက္သက္လို ျဖစ္ေနမွာပါပဲ။

ဒီအေၾကာင္းအရာေလးကေန စီးပြားေရး ေလာက၊ အခ်စ္ေရး လူမႈေရး ေလာက ေတြမွာ သခၤန္းစာယူ အသုံးခ်လို႔ ရပါတယ္။

ကုန္သြယ္ေရး လုပ္တဲ့အခါ ဆိုရင္ေတာ့ ကိုယ့္ရဲ႕ အျမတ္အစြန္းေတြထက္ သူတပါးရဲ႕ လိုအပ္ခ်က္ေတြကို အရင္ ၾကည့္ေပးတတ္မွ သာလွ်င္ တိုးတက္ ေအာင္ျမင္ႏိုင္မွာပဲ ျဖစ္ပါတယ္။ Crd

Post a Comment

0 Comments