မနက်ခင်းတခုမှာ ငါးကလေး တကောင်ဟာ ကုန်းပေါ်ကို ရောက်လာပါတယ်။ ရေထဲ ပြန်ဆင်းဖို့ အတွက် သူဟာ လူးလှိမ့် ခုန်ပစ်ပေမယ့် ရေမြောင်းဆီကို မရောက်နိုင် ဖြစ်နေတော့ သူစိတ်လျော့လိုက်တယ်။ သေပါစေတော့ပေါ့။
ဒါကို ပုရွက်ဆိတ်တွေက မြင်တော့ ငါးကို ကယ်မယ် လုပ်ကြတယ်။ ပုရွတ်ဆိတ် တချို့က ဝိုင်းချီပြီး ငါးကို ရေမြောင်းဆီကို ပို့မယ်ပေါ့။
ပုရွတ်ဆိတ် ခေါင်းဆောင်က ပြောတယ်။ "မချီကြနဲ့ မနိုင်လောက်ဘူး။ ငါတို့ သူ့ကို နာအောင် ဝိုင်းကိုက်ကြမယ်" ဆိုပြီး ဝိုင်းကိုက်ကြ ပါတော့တယ်။
ငါးကလေးဟာ နာလွန်းပြီး တအားပဲ ခုန်ဆွ လူးလှိမ့် ပြေးရင်း ရေမြောင်းစပ်ဆီ ရောက်သွားတယ်။ နောက်ဆုံးမှာတော့ ရေထဲထိ ရောက်သွားနိုင် ခဲ့ပါတယ်။
တချို့ နာကျင်ခြင်း၊ တချို့တိုက်ခိုက်ခြင်း တွေဟာ အောင်မြင်ဖို့အတွက် အထောက်ပံ့ ဖြစ်စေတယ် ဆိုတာ မမေ့ကြပါ။ တခါတလေ တိုက်ခိုက်တဲ့ လူတွေကြောင့် ကိုယ်က ပိုပြီး သန်မာလာရတယ်။
စိတ်ညစ်ချင် ညစ်ပါ။ သို့သော် စိတ်ဓာတ်မကျနဲ့။ ဘာအကြောင်း ကြောင့်မှ စိတ်ဓာတ် မကျကောင်းဘူးနော်။ နင်းတတ်ရင် အားလုံးက လှေကားထစ်တွေချည်း ပါပဲ။
ဘဝမှာ အခက်ခဲ ကြုံလာရင် အရာရာကောင်းဖို့ ဖြစ်လာတာပါ ဆိုတဲ့ ပုံပြင်လေးကို သတိရလိုက်ပါ။ Crd
Zawgyi
ငါးကေလးနွင့္ ပုရြက္ဆိတ္
မနက္ခင္းတခုမွာ ငါးကေလး တေကာင္ဟာ ကုန္းေပၚကို ေရာက္လာပါတယ္။ ေရထဲ ျပန္ဆင္းဖို႔ အတြက္ သူဟာ လူးလွိမ့္ ခုန္ပစ္ေပမယ့္ ေရေျမာင္းဆီကို မေရာက္ႏိုင္ ျဖစ္ေနေတာ့ သူစိတ္ေလ်ာ့လိုက္တယ္။ ေသပါေစေတာ့ေပါ့။
ဒါကို ပု႐ြက္ဆိတ္ေတြက ျမင္ေတာ့ ငါးကို ကယ္မယ္ လုပ္ၾကတယ္။ ပု႐ြတ္ဆိတ္ တခ်ိဳ႕က ဝိုင္းခ်ီၿပီး ငါးကို ေရေျမာင္းဆီကို ပို႔မယ္ေပါ့။
ပု႐ြတ္ဆိတ္ ေခါင္းေဆာင္က ေျပာတယ္။ "မခ်ီၾကနဲ႔ မႏိုင္ေလာက္ဘူး။ ငါတို႔ သူ႔ကို နာေအာင္ ဝိုင္းကိုက္ၾကမယ္" ဆိုၿပီး ဝိုင္းကိုက္ၾက ပါေတာ့တယ္။
ငါးကေလးဟာ နာလြန္းၿပီး တအားပဲ ခုန္ဆြ လူးလွိမ့္ ေျပးရင္း ေရေျမာင္းစပ္ဆီ ေရာက္သြားတယ္။ ေနာက္ဆုံးမွာေတာ့ ေရထဲထိ ေရာက္သြားႏိုင္ ခဲ့ပါတယ္။
တခ်ိဳ႕ နာက်င္ျခင္း၊ တခ်ိဳ႕တိုက္ခိုက္ျခင္း ေတြဟာ ေအာင္ျမင္ဖို႔အတြက္ အေထာက္ပံ့ ျဖစ္ေစတယ္ ဆိုတာ မေမ့ၾကပါ။ တခါတေလ တိုက္ခိုက္တဲ့ လူေတြေၾကာင့္ ကိုယ္က ပိုၿပီး သန္မာလာရတယ္။
စိတ္ညစ္ခ်င္ ညစ္ပါ။ သို႔ေသာ္ စိတ္ဓာတ္မက်နဲ႔။ ဘာအေၾကာင္း ေၾကာင့္မွ စိတ္ဓာတ္ မက်ေကာင္းဘူးေနာ္။ နင္းတတ္ရင္ အားလုံးက ေလွကားထစ္ေတြခ်ည္း ပါပဲ။ ဘဝမွာ အခက္ခဲ ႀကဳံလာရင္ အရာရာေကာင္းဖို႔ ျဖစ္လာတာပါ ဆိုတဲ့ ပုံျပင္ေလးကို သတိရလိုက္ပါ။ Crd
0 Comments