ပိုက်ဆံတွေရှာနေလည်း အလကားပဲ

တခါက အိုဘားမားဟာ ဂျက်မားကို မေးတယ်။ "မင်း ဘာဖြစ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေ အတွက် သဲကြီးမဲကြီး လုပ်နေရတာလဲ" တဲ့။ ဂျက်မားက အခုလို ပြန်ဖြေတယ်။

သူငယ်ငယ်တုန်းက ရေကူးခဲ့တဲ့ ရေကန်လေး တခုရှိတယ်။ သူ အရွယ်ရောက်လာပြီး ပြန်သွားကြည့်တော့ သိပ်နက်မယ် ထင်ခဲ့တဲ့ ရေကန်ဟာ မနက်တော့ဘူး။

နောက်တော့ အဲဒီထက် ပိုဆိုးသွားတယ်။ ရေကန်လေး ပျောက်သွားတယ်။ ပတ်ဝန်းကျင်က လူတွေ ဒုက္ခရောက်ကြတယ်။

လွန်ခဲ့တဲ့ အနှစ်ဆယ်ကို ပြန်စဉ်းစားကြည့်ရင် ကင်ဆာရောဂါသည် ဆိုတာ ရှားရှားပါးပါးပါပဲ။ အခု ကြည့်ကြည့်လိုက်။ ငါတို့ ဆွေမျိုးတွေထဲမှာ ငါတို့ သူငယ်ချင်းတွေထဲမှာ ကင်ဆာ ဖြစ်နေတဲ့လူတွေ အများကြီးပဲ။

ငါတို့တွေ အလုပ် လုပ်ကြတယ်၊ ပိုက်ဆံတွေ ရှာကြတယ်။ အဲဒီပိုက်ဆံတွေကို ဆေးရုံတွေထဲမှာပဲ ထည့်မယ်၊ ဆေးတွေပဲ ဝယ်ဆိုရင် မင်းပိုက်ဆံ ဘယ်လောက်ရှာရှာ အလကားပဲ။

အဲဒီတော့ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး သန့်ရှင်းတဲ့ ပတ်ဝန်းကျင် ဖြစ်အောင် ဖန်တီးခြင်းက ဆေးတွေ ဝယ်သောက်တာထက် ပိုကောင်းတယ်။ ဒါကြောင့် "အလီဘာဘာ" က ရတဲ့ အမြတ်တွေကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သုံးနေတာ ပါတဲ့။

သူပြောတာကို နားထောင်ပြီးတော့ ခေါင်းထဲမှာ အတွေးတခု ရောက်သွားတယ်။ သူပြောတာ ဟုတ်တာပဲ။

ဆေးရုံဆေးခန်းတွေ ဘယ်လောက်ပဲ ကောင်းကောင်း၊ ဆေးဝါးတွေ ဘယ်လောက်ပဲ ခေတ်မီမီ ကိုယ်ကိုယ်တိုင်က ကျန်းမာရေးနဲ့ ညီညွတ်စွာ မနေထိုင် မစားသောက်ဖူး ဆိုရင်တော့ ရှာတဲ့ ပိုက်ဆံတွေက ဆေးဖိုးတွေ ဖြစ်နေဦးမှာ ပါပဲ။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပတ်ဝန်းကျင်နဲ့ အစားသောက်တွေ ဖြစ်လာဖို့ ပြောကြ ဆိုကြတာ နည်းနေသေးတယ် ထင်ပါတယ်။

အစားအသောက်နဲ့ ပတ်ဝန်းကျင်က ကျန်းမာရေးနဲ့ မညီညွတ်ရင်တော့ ဒီလိုနဲ့ပဲ လုံးလည်ချာလည် ဖြစ်နေဦးမှာပဲလေ။ ဒါကြောင့် အတတ်နိုင်ဆုံး ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်နိုင်ကြပါစေလို့။ Crd

Post a Comment

0 Comments