တခါက အစားကြူးသော ကျီးတကောင်သည် မြစ်ထဲ မျောပါလာသော ဆင်သေကောင်ကို မြင်လိုက်ရ၏။ သူဟာ ဝမ်းသာစွာ ဆင်ရှိရာသို့ ပျံသွားလေ၏။ ဆင်သေပေါ် နားမိလျှင် လှည့်ပတ်ကာ အကဲခတ် ကြည့်၏။
"ဆင်ကောင်က ကြီးတယ်။ ငါ့တသက်လုံး စားမကုန်နိုင်ဘူး။ အရင်က အစာရှာရင် ရန်သူကြောက်ရ ပင်လည်း ပင်ပန်းရနဲ့။ ငါလောက် ကံကောင်းတဲ့သူ ဒီကမ္ဘာမှာ မရှိနိုင်တော့ဘူး။
ဟို ကျီးကန်းယုတ်မာတွေ သိလို့ မဖြစ်ဘူး။ တိတ်တိတ်လေး လိုက်သွားမှ" ဟု တွေးကာ ဆင်သေကောင်ပေါ် နား၍ စားလိုက် အိပ်လိုက်ဖြင့် လိုက်ပါသွား ပါတော့သည်။
ဆင်သေကောင်သည် မြစ်အတွင်းမှ ပင်လယ်ထဲသို့ တဖြည်းဖြည်း မျောပါ သွားလေ၏။ ရက်ကြာလာသောခါ ခန္ဓာကိုယ်မှ အသားများ ပုပ်ပွကာ ရေအောက်သို့ ပဲ့ကျကုန် လေ၏။
ဖြစ်ပျက်မှုကို မသိသော ကျီးမိုက်သည် ဆင်သေကောင်၏ အသားကို စွဲလန်းတပ်မက်စွာ စားသုံးလာခဲ့ရာ ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်သို့ ရောက်ရှိသွား ပါတော့သည်။
ဆင်တကောင်လုံး ပုပ်ပွ၍ ရေအောက်သို့ နစ်မြုပ်သွားတော့မှ ကျီးသည် ထိတ်လန့် တုန်လှုပ်လျက် ကုန်းမြေသို့ ပျံသွားရန် ကြိုးစားလေသည်။
သို့သော် စည်းစိမ်ယစ်မူး အစားကြူးပြီး ပတ်ဝန်းကျင်နှင့် အဆက်ပြတ် မေ့လျော့စွာ နေထိုင်လာခဲ့သော ကျီးမိုက်သည် ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်မှ လွတ်မြောက်အောင် မပျံသန်းနိုင်တော့ပေ။ ပင်လယ်ပြင်ထဲ ဘဝဆုံးရှုံး လိုက်ရတော့သည်။ Crd
Zawgyi
အစာၾကဴးေသာ က်ီးမိုက္
တခါက အစားၾကဴးေသာ က်ီးတေကာင္သည္ ျမစ္ထဲ ေမ်ာပါလာေသာ ဆင္ေသေကာင္ကို ျမင္လိုက္ရ၏။ သူဟာ ဝမ္းသာစြာ ဆင္ရွိရာသို႔ ပ်ံသြားေလ၏။ ဆင္ေသေပၚ နားမိလွ်င္ လွည့္ပတ္ကာ အကဲခတ္ ၾကည့္၏။
"ဆင္ေကာင္က ႀကီးတယ္။ ငါ့တသက္လုံး စားမကုန္ႏိုင္ဘူး။ အရင္က အစာရွာရင္ ရန္သူေၾကာက္ရ ပင္လည္း ပင္ပန္းရနဲ႔။ ငါေလာက္ ကံေကာင္းတဲ့သူ ဒီကမာၻမွာ မရွိႏိုင္ေတာ့ဘူး။ ဟို က်ီးကန္းယုတ္မာေတြ သိလို႔ မျဖစ္ဘူး။ တိတ္တိတ္ေလး လိုက္သြားမွ" ဟု ေတြးကာ ဆင္ေသေကာင္ေပၚ နား၍ စားလိုက္ အိပ္လိုက္ျဖင့္ လိုက္ပါသြား ပါေတာ့သည္။
ဆင္ေသေကာင္သည္ ျမစ္အတြင္းမွ ပင္လယ္ထဲသို႔ တျဖည္းျဖည္း ေမ်ာပါ သြားေလ၏။ ရက္ၾကာလာေသာခါ ခႏၶာကိုယ္မွ အသားမ်ား ပုပ္ပြကာ ေရေအာက္သို႔ ပဲ့က်ကုန္ ေလ၏။
ျဖစ္ပ်က္မႈကို မသိေသာ က်ီးမိုက္သည္ ဆင္ေသေကာင္၏ အသားကို စြဲလန္းတပ္မက္စြာ စားသုံးလာခဲ့ရာ ကမ္းမျမင္ လမ္းမျမင္ ပင္လယ္ျပင္သို႔ ေရာက္ရွိသြား ပါေတာ့သည္။
ဆင္တေကာင္လုံး ပုပ္ပြ၍ ေရေအာက္သို႔ နစ္ျမဳပ္သြားေတာ့မွ က်ီးသည္ ထိတ္လန႔္ တုန္လႈပ္လ်က္ ကုန္းေျမသို႔ ပ်ံသြားရန္ ႀကိဳးစားေလသည္။
သို့ေသာ္ စည္းစိမ္ယစ္မူး အစားၾကဴးၿပီး ပတ္ဝန္းက်င္ႏွင့္ အဆက္ျပတ္ ေမ့ေလ်ာ့စြာ ေနထိုင္လာခဲ့ေသာ က်ီးမိုက္သည္ ကမ္းမျမင္ လမ္းမျမင္ ပင္လယ္ျပင္မွ လြတ္ေျမာက္ေအာင္ မပ်ံသန္းႏိုင္ေတာ့ေပ။ ပင္လယ္ျပင္ထဲ ဘဝဆုံးရႈံး လိုက္ရေတာ့သည္။ Crd
0 Comments