မျှတစွာ ဆက်ဆံပါ

တခါက ကျန်းမာသန်စွမ်းတဲ့ မြင်းတကောင်ဟာ သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ သန်မာ ဖြတ်လတ်မှုကို မာန်တက်၊ ဂုဏ်ယူနေပါတယ်။

အဲဒီအချိန်မှာ မြည်းတကောင်ကို ဝန်စည်စလွယ်တွေ လေးလံစွာ ပင်ပန်းဆင်းရဲကြီးစွာ သယ်နေရတာကို တွေ့လိုက်ရ ပါတယ်။

မာန်တက်နေတဲ့ မြင်းဟာ သူ့ရဲ့လှပတဲ့ ဝန်စည်စလွယ်တွေ အတွက် ဂုဏ်ယူပြီး တဖက်က ညစ်ပေနေတဲ့ မြည်းကို ရှုတ်ချအပြစ်တင် လိုက်ပါတယ်။

"နှေးကွေး လေးလံလွန်းလို့ အဲဒီလို ဖြစ်နေတာ၊ ငါ့အရှေ့က နေဖယ်" ဆိုပြီး မတူမတန် ပြောဆိုလိုက် ပါတယ်။ အလေးအပင်သယ်ပိုးထားရတဲ့ မြည်းဟာ သည်းခံပြီး ရှေ့ကိုသာ ဆက်လျှောက်သွား လိုက်ပါတယ်။

ကာလ အတန်ကြာတဲ့ အခါမှာတော့ အရင်က လှပသန့်ရှင်းပြီး ကျန်းမာသန်စွမ်းတဲ့ မြင်းဟာ သူ မတူမတန် ဆက်ဆံခဲ့တဲ့ မြည်းကို ပြန်လည် တွေ့ဆုံခဲ့ ပြန်ပါတယ်။

အဲဒီအခါမှာတော့ သူ့ရဲ့ ကျန်းမာသန်စွမ်း ကြံ့ခိုင်မှုကို မာန်တက်ခဲ့တဲ့ မြင်းဟာ လယ်သမား တယောက်ထံမှာ အရောင်းစား ခံလိုက်ရတာမို့ ရွံ့တွေပေလူး ညစ်ပတ်နေပြီး နွားချေးလှည်း တစီးကို ဆွဲလာတဲ့အချိန် ဖြစ်ပါတယ်။

အဲဒီအခါမှာ သူရှုံ့ချခဲ့တဲ့ မြည်းဟာ မြင်းကို ကြည့်ပြီး "အိုမာနကြီးတဲ့ မိတ်ဆွေကြီး ဘယ်လိုများ ဖြစ်ရတာလဲ၊ ဒီလို အဖြစ်မျိုးရောက်မယ်လို့ သင့်ကိုယ်သင် မထင်မိခဲ့ဘူး မဟုတ်လား" လို့ ပြောလိုက် ပါတော့တယ်။

ဘဝမှာလည်း အဲဒီအတိုင်းပါပဲ။ ကိုယ်က ကောင်းစားနေတဲ့ အချိန်မှာ နိမ့်ကျသူကို တွဲခေါ်သင့် ပါတယ်။ အမြဲတမ်း ကောင်းစားနေမယ်လို့ ပြောလို့ မရသလို၊ နိမ့်ကျနေသူဟာလည်း အမြဲ နိမ့်ကျနေမယ်လို သတ်မှတ်လို့ မရနိုင်ပါဘူး။

အဲဒီအတွက် ဘယ်တော့မဆို လူတိုင်းကို အထင်မသေးပဲ မျှတစွာ ဆက်ဆံတတ်ဖို့နဲ့ ကိုယ့်ရောက်ရှိနေတဲ့ နေရာဟာ အမြဲ မရှိနိုင်ဘူးလို့ နှလုံးသွင်းသင့်ကြောင်း သင်ခန်းစာ ပေးထားတာပဲ ဖြစ်ပါတယ်။ BAWA

Zawgyi

မွ်တစြာ ဆက္ဆံတတ္ဖို႔ လိုပါတယ္

တခါက က်န္းမာသန္စြမ္းတဲ့ ျမင္းတေကာင္ဟာ သူ႔ရဲ႕ ခႏၶာကိုယ္ ႀကံ့ခိုင္မႈနဲ႔ သန္မာ ျဖတ္လတ္မႈကို မာန္တက္၊ ဂုဏ္ယူေနပါတယ္။ အဲဒီအခ်ိန္မွာ ျမည္းတေကာင္ကို ဝန္စည္စလြယ္ေတြ ေလးလံစြာ ပင္ပန္းဆင္းရဲႀကီးစြာ သယ္ေနရတာကို ေတြ႕လိုက္ရ ပါတယ္။

မာန္တက္ေနတဲ့ ျမင္းဟာ သူ႔ရဲ႕လွပတဲ့ ဝန္စည္စလြယ္ေတြ အတြက္ ဂုဏ္ယူၿပီး တဖက္က ညစ္ေပေနတဲ့ ျမည္းကို ရႈတ္ခ်အျပစ္တင္ လိုက္ပါတယ္။ "ေႏွးေကြး ေလးလံလြန္းလို႔ အဲဒီလို ျဖစ္ေနတာ၊ ငါ့အေရွ႕က ေနဖယ္" ဆိုၿပီး မတူမတန္ ေျပာဆိုလိုက္ ပါတယ္။ အေလးအပင္သယ္ပိုးထားရတဲ့ ျမည္းဟာ သည္းခံၿပီး ေရွ႕ကိုသာ ဆက္ေလွ်ာက္သြား လိုက္ပါတယ္။

ကာလ အတန္ၾကာတဲ့ အခါမွာေတာ့ အရင္က လွပသန႔္ရွင္းၿပီး က်န္းမာသန္စြမ္းတဲ့ ျမင္းဟာ သူ မတူမတန္ ဆက္ဆံခဲ့တဲ့ ျမည္းကို ျပန္လည္ ေတြ႕ဆုံခဲ့ ျပန္ပါတယ္။ အဲဒီအခါမွာေတာ့ သူ႔ရဲ႕ က်န္းမာသန္စြမ္း ႀကံ့ခိုင္မႈကို မာန္တက္ခဲ့တဲ့ ျမင္းဟာ လယ္သမား တေယာက္ထံမွာ အေရာင္းစား ခံလိုက္ရတာမို႔ ႐ြံ႕ေတြေပလူး ညစ္ပတ္ေနၿပီး ႏြားေခ်းလွည္း တစီးကို ဆြဲလာတဲ့အခ်ိန္ ျဖစ္ပါတယ္။

အဲဒီအခါမွာ သူရႈံ႕ခ်ခဲ့တဲ့ ျမည္းဟာ ျမင္းကို ၾကည့္ၿပီး "အိုမာနႀကီးတဲ့ မိတ္ေဆြႀကီး ဘယ္လိုမ်ား ျဖစ္ရတာလဲ၊ ဒီလို အျဖစ္မ်ိဳးေရာက္မယ္လို႔ သင့္ကိုယ္သင္ မထင္မိခဲ့ဘူး မဟုတ္လား" လို႔ ေျပာလိုက္ ပါေတာ့တယ္။

ဘဝမွာလည္း အဲဒီအတိုင္းပါပဲ။ ကိုယ္က ေကာင္းစားေနတဲ့ အခ်ိန္မွာ နိမ့္က်သူကို တြဲေခၚသင့္ ပါတယ္။ အၿမဲတမ္း ေကာင္းစားေနမယ္လို႔ ေျပာလို႔ မရသလို၊ နိမ့္က်ေနသူဟာလည္း အၿမဲ နိမ့္က်ေနမယ္လို သတ္မွတ္လို႔ မရႏိုင္ပါဘူး။

အဲဒီအတြက္ ဘယ္ေတာ့မဆို လူတိုင္းကို အထင္မေသးပဲ မွ်တစြာ ဆက္ဆံတတ္ဖို႔နဲ႔ ကိုယ့္ေရာက္ရွိေနတဲ့ ေနရာဟာ အၿမဲ မရွိႏိုင္ဘူးလို႔ ႏွလုံးသြင္းသင့္ေၾကာင္း သင္ခန္းစာ ေပးထားတာပဲ ျဖစ္ပါတယ္။ BAWA

Post a Comment

0 Comments