လက်ခုပ်တီးတိုင်း အားပေးနေတယ် မထင်ပါနဲ့

တနေ့မှာ အရွယ် ရောက်လာတဲ့ ခြင်တကောင်ဟာ သူ့ဘဝရဲ့ ပထမဆုံး အကြိမ်အဖြစ် လှည့်လည် ပျံသန်း ပြီးတဲ့နောက် ဖခင်ဖြစ်သူက "ဘယ်လိုနေလဲ ငါ့သား၊ ပျော်ခဲ့ရဲ့လား" လို့ မေးလိုက်တယ်။

သားဖြစ်သူက ဝမ်းသာအားရနဲ့ "အရမ်းပျော်တာပဲ အဖေ၊ လူတိုင်း လူတိုင်းက သားကို လက်ခုပ်တွေ တီးပြီး သြဘာ ပေးကြတယ်" လို့ ပြန်ဖြေ လိုက်တယ်။

ဒီအခါ ဖခင်ဖြစ်သူက "သူတို့ သားကို လက်ခုပ်တီးပြီး သြဘာပေးကြတာ မဟုတ်ဘူး။ အဲဒါ ငါ့သားကို သတ်ဖို့ ကြိုးစားကြတာ ဖြစ်တယ်။

သူတို့ လက်ခုပ်တွေ ပိုပြီး တီးလေလေ ငါ့သား သေဖို့အတွက် အခွင့်အလမ်း ပိုပြီး များလာလေလေပဲ။ ဂရုစိုက်ပါ ချစ်သား" လို့ ပြန်ပြီး ဆုံးမလိုက်တယ်။

ဘဝမှာ သင့်ကို လက်ခုပ် ဝိုင်းတီးပြီး ချီးမွမ်းသြဘာ ပေးနေကြတဲ့ လူတွေ အားလုံးကို စိတ်ကောင်း စေတနာမှန် ရှိတယ်လို့ ပုံသေ မတွက်လိုက် ပါနဲ့။ phoomyatchal

Zawgyi

လက္ခုပ္တီးတိုင္း အားေပးေနတယ္ မထင္ပါနဲ႔

တေန႔မွာ အ႐ြယ္ ေရာက္လာတဲ့ ျခင္တေကာင္ဟာ သူ႔ဘဝရဲ႕ ပထမဆုံး အႀကိမ္အျဖစ္ လွည့္လည္ ပ်ံသန္း ၿပီးတဲ့ေနာက္ ဖခင္ျဖစ္သူက "ဘယ္လိုေနလဲ ငါ့သား၊ ေပ်ာ္ခဲ့ရဲ႕လား" လို႔ ေမးလိုက္တယ္။

သားျဖစ္သူက ဝမ္းသာအားရနဲ႔ "အရမ္းေပ်ာ္တာပဲ အေဖ၊ လူတိုင္း လူတိုင္းက သားကို လက္ခုပ္ေတြ တီးၿပီး ၾသဘာ ေပးၾကတယ္" လို႔ ျပန္ေျဖ လိုက္တယ္။

ဒီအခါ ဖခင္ျဖစ္သူက "သူတို႔ သားကို လက္ခုပ္တီးၿပီး ၾသဘာေပးၾကတာ မဟုတ္ဘူး။ အဲဒါ ငါ့သားကို သတ္ဖို႔ ႀကိဳးစားၾကတာ ျဖစ္တယ္။

သူတို႔ လက္ခုပ္ေတြ ပိုၿပီး တီးေလေလ ငါ့သား ေသဖို႔အတြက္ အခြင့္အလမ္း ပိုၿပီး မ်ားလာေလေလပဲ။ ဂ႐ုစိုက္ပါ ခ်စ္သား" လို႔ ျပန္ၿပီး ဆုံးမလိုက္တယ္။

ဘဝမွာ သင့္ကို လက္ခုပ္ ဝိုင္းတီးၿပီး ခ်ီးမြမ္းၾသဘာ ေပးေနၾကတဲ့ လူေတြ အားလုံးကို စိတ္ေကာင္း ေစတနာမွန္ ရွိတယ္လို႔ ပုံေသ မတြက္လိုက္ ပါနဲ႔။ phoomyatchal

Post a Comment

0 Comments