အမေရိကန်နိုင်ငံ JFK လေဆိပ်က ခရီးသည်တစ်ယောက်ရဲ့ အိတ်ထဲမှာ ကြောင်လေးတစ်ကောင်က ခိုးဝင်ပြီး လိုက်လာခဲ့တာကို လေဆိပ်လုံခြုံရေးအဖွဲ့က တွေ့ရှိခဲ့ပါတယ်။
နိုဝင်ဘာလ ၁၆ ရက်နေ့တုန်းက Delta class က ခရီးသည်တစ်ယောက်ရဲ့အိတ်ထဲမှာ ကြောင်တစ်ကောင်ပါလာခဲ့ကြောင်း X-ray ကနေတစ်ဆင့် လေဆိပ်လုံခြုံရေးအရာရှိက တွေ့သွားခဲ့ပါတယ်။
အဝါရောင်ကြောင်လေးတစ်ကောင်က ခရီးဆောင်အိတ်ထဲမှာ အသက်ရှင်လျက် ပါလာနိုင်တာကို တွေ့သွားလို့ အရာရှိလည်း အရမ်းကို လန့်သွားခဲ့ပါတယ်။
အိတ်က X-ray ကနေ ဖြတ်သန်းတဲ့အခါ ကြောင်တစ်ကောင် လိုက်ပါလာကြောင်း အချက်ပြပါတယ်။ အိတ်ထဲမှာ ခရီးသည်ရဲ့ ဝိုင်ပုလင်းတွေ၊ ဖန်ခွက်တွေ၊ ဖိနပ်တွေနဲ့အခြားသော အသုံးအဆောင်တွေလည်း ပါဝင်ပါတယ်။
အိတ်ကို ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ ကြောင်လေးက မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ကြည့်နေတယ်လို့ Twitter မှာ ဖော်ပြထားပါတယ်။
ကြောင်လေးက လေယာဉ်ခိုးစီးသူဖြစ်ပြီး အခြားခရီးသည်တစ်ယောက်ရဲ့ ကြောင်လေးတစ်ကောင် ဖြစ်ပါတယ်။
Delta class ခရီးသည်ရဲ့အိတ်ထဲမှာ ကြောင်လေးတစ်ကောင် ခိုးဝင်လာတာကြောင့် လေဆိပ်က တာဝန်ရှိသူတွေကလည်း အရမ်းကို အံ့ဩနေကြပါတယ်။
ကြောင်လေးကိုတော့ ပိုင်ရှင်ဆီကို ကောင်းကောင်းမွန်မွန် ပို့လိုက်ပြီဖြစ်ပါတယ်။ အိတ်ပိုင်ရှင်ကတော့ Florida ပြည်နယ်က Orlando ကို ခရီးဆက်သွားနေပါပြီ။
၂၀၂၁ ခုနှစ်တုန်းကလည်း Texas လေဆိပ်မှာ chihuahua အမျိုးအစား ခွေးလေးတစ်ကောင်ဟာ ခရီးဆောင်အိတ်ထဲက ဖိနပ်တွေကြားမှာ အိပ်လျက်သားပါလာတာကို ကြုံတွေ့ရဖူးပါတယ်။
Zombie (lovemedia)
0 Comments