ယုတ်မာဖို့ ကြံစည်ထားသူ

တနေ့သ၌ ဝံပုလွေ တကောင်သည် အုပ်စုမှ ကွဲနေသော သိုးငယ် တကောင်ကို မြင်၏။ သူသည် ထိုသိုးငယ်ကို ကိုက်သတ် စားလိုရကား မည်သို့ အပြစ်ရှာ ရပါအံ့နည်း ဟု အကြံထုတ်၍ နေလေ၏။

ထို့နောက် သူသည် သိုးငယ် အနီးသို့ ချဉ်းကပ်သွားကာ "အသင် ငိုးငယ်၊ သင်သည် မနှစ်က ငါ့အား အနှောက်အယှက် ကြီးစွာ ပေးခဲ့ပေသည်။ ထို့ကြောင့် သင့်ကို ငါစားရမည်" ဟု ဆိုသည်။

ထိုအခါ သိုးငယ်က "မဖြစ်နိုင်ပါ အရှင်၊ မနှစ်က ကျွန်ုပ်သည် မွေးပင် မမွေးသေးပါ" ဟု ပြန်ကြား၏။

သို့ရာတွင် ဝံပုလွေကား မလျှော့ချေ။ "ဟုတ်ပေလိမ့်မည်။ သို့ရာတွင် သင်သည် ငါ၏ စားကျက်၌ ဝင်ရောက် စားသောက်ခြင်း ပြုပေသည်" ဟု ဆိုပြန်၏။

သိုးငယ်ကလည်း "မဟုတ်နိုင်ပါ အရှင်၊ ကျွန်ုပ်သည် ငယ်လှသေး၍ ယခုထိ မြတ်ကို စားသောက်ခြင်း မပြုရသေးပါ" ဟု‌ ဖြေလေသည်။

သို့သော် ဝံပုလွေကမူ ရန်ရှာမြဲ ရှာလျက်ပင် ရှိလေ၏။ "သို့မဟုတ်ပါမူ သင်သည် ငါ၏ စမ်းချောင်းမှ ရေကိုကား သောက်လေသည်" ဟု သူက စွပ်စွဲ၏။

ထိုအခါ သိုးငယ်က "မဟုတ်ပါအရှင်၊ ကျွန်ုပ်သည် မိခင်၏ နို့မှ လွဲ၍ မည်သည့် ရေကိုမျှ မသောက်ဖူးသေးပါ" ဟု ငြင်းဆို ပြန်လေ၏။

သို့ရာတွင် ဝံပုလွေကား မည်သည့်နည်းနှင့်မျှ သိုးငယ်ကို အလွတ်ပေးရန် စိတ်မကူးချေ။ ထိုကြောင့် "ကောင်းပြီ၊ မည်သို့ပင် ဖြစ်စေ ငါသည် ငါ၏ ညစာကို စားဖြစ်အောင် စားရပေတော့အံ့" ဟု ဆိုလျက် သိုးငယ်ကို စားလိုက်လေ၏။

လောကမှာ ယုတ်မာဖို့ ကြံစည်ထားတဲ့ သူတွေကတော့ ဘယ်လောက်ဘဲ အပြစ်မရှိပါဘူး ပြောပြော သူတို့ရဲ့ ယုတ်မာမှုတွေကို မဖြစ် ဖြစ်အောင် အကောင်ထည်ဖေါ် ကြံစည်တတ်ကြပါတယ်။ Crd

Zawgyi

ယုတ္မာဖို့ ၾကံစည္ထားသူ

တေန႔သ၌ ဝံပုေလြ တေကာင္သည္ အုပ္စုမွ ကြဲေနေသာ သိုးငယ္ တေကာင္ကို ျမင္၏။ သူသည္ ထိုသိုးငယ္ကို ကိုက္သတ္ စားလိုရကား မည္သို႔ အျပစ္ရွာ ရပါအံ့နည္း ဟု အႀကံထုတ္၍ ေနေလ၏။

ထို႔ေနာက္ သူသည္ သိုးငယ္ အနီးသို႔ ခ်ဥ္းကပ္သြားကာ "အသင္ ငိုးငယ္၊ သင္သည္ မႏွစ္က ငါ့အား အေႏွာက္အယွက္ ႀကီးစြာ ေပးခဲ့ေပသည္။ ထို႔ေၾကာင့္ သင့္ကို ငါစားရမည္" ဟု ဆိုသည္။ ထိုအခါ သိုးငယ္က "မျဖစ္ႏိုင္ပါ အရွင္၊ မႏွစ္က ကြၽႏ္ုပ္သည္ ေမြးပင္ မေမြးေသးပါ" ဟု ျပန္ၾကား၏။

သို႔ရာတြင္ ဝံပုေလြကား မေလွ်ာ့ေခ်။ "ဟုတ္ေပလိမ့္မည္။ သို႔ရာတြင္ သင္သည္ ငါ၏ စားက်က္၌ ဝင္ေရာက္ စားေသာက္ျခင္း ျပဳေပသည္" ဟု ဆိုျပန္၏။ သိုးငယ္ကလည္း "မဟုတ္ႏိုင္ပါ အရွင္၊ ကြၽႏ္ုပ္သည္ ငယ္လွေသး၍ ယခုထိ ျမတ္ကို စားေသာက္ျခင္း မျပဳရေသးပါ" ဟု‌ ေျဖေလသည္။

သို႔ေသာ္ ဝံပုေလြကမူ ရန္ရွာၿမဲ ရွာလ်က္ပင္ ရွိေလ၏။ "သို႔မဟုတ္ပါမူ သင္သည္ ငါ၏ စမ္းေခ်ာင္းမွ ေရကိုကား ေသာက္ေလသည္" ဟု သူက စြပ္စြဲ၏။ ထိုအခါ သိုးငယ္က "မဟုတ္ပါအရွင္၊ ကြၽႏ္ုပ္သည္ မိခင္၏ ႏို႔မွ လြဲ၍ မည္သည့္ ေရကိုမွ် မေသာက္ဖူးေသးပါ" ဟု ျငင္းဆို ျပန္ေလ၏။

သို႔ရာတြင္ ဝံပုေလြကား မည္သည့္နည္းႏွင့္မွ် သိုးငယ္ကို အလြတ္ေပးရန္ စိတ္မကူးေခ်။ ထိုေၾကာင့္ "ေကာင္းၿပီ၊ မည္သို႔ပင္ ျဖစ္ေစ ငါသည္ ငါ၏ ညစာကို စားျဖစ္ေအာင္ စားရေပေတာ့အံ့" ဟု ဆိုလ်က္ သိုးငယ္ကို စားလိုက္ေလ၏။

ေလာကမွာ ယုတ္မာဖို႔ ႀကံစည္ထားတဲ့ သူေတြကေတာ့ ဘယ္ေလာက္ဘဲ အျပစ္မရွိပါဘူး ေျပာေျပာ သူတို႔ရဲ႕ ယုတ္မာမႈေတြကို မျဖစ္ ျဖစ္ေအာင္ အေကာင္ထည္ေဖၚ ႀကံစည္တတ္ၾကပါတယ္။ Crd

Post a Comment

0 Comments