ဘားအံဘက်က မြွေဖမ်း အလွန် ကျွမ်းကျင်တဲ့ ကရင်ကြီး တယောက် ရှိတယ်။ အဲဒီ ကရင်ကြီးက ခြေထောက် တဖက်က မသန်ရှာဘူး။ ဒါပေမဲ့ မြွေဖမ်းတဲ့ နေရာမှာတော့ အလွန်တော်တယ်။
တညကို ၂ ကောင် ၃ ကောင်လောက် ရတယ်။ သူဖမ်းလိုက်ရင်လည်း မြွေပွေးပဲ။ တကောင်ကို တသောင်းလောက် ရတာကိုး။ လူငယ်လေး တယောက်က "ဖထီး မြွေပွေးကို ဘယ်လို ဖမ်းလဲဗျ" လို့ ကရင်ကြီးကို မေးတယ်။
"ငါက ခြေထောက်မသန်တော့ လင်းမြွေတို့ ရေမြွေတို့ကို မဖမ်းနိုင်ဘူး။ အဲဒီကောင်တွေက လူတွေ့ရင် ထွက်ပြေးတာကိုး။ ဒါကြောင့် ငါက မြွေပွေးပဲ ဖမ်းတယ်။
မြွေပွေးကျတော့ လူတွေ့ရင် မပြေးဘူး၊ ငါ့ထိရင် ကိုက်မယ် ဆိုပြီး ငြိမ်နေတာ။ လာမထိနဲ့ သေသွားမယ် ဆိုတဲ့ ပုံစံမျိုးပေါ့။
မြွေပွေးက သူ့ကို မထိသေးရင် ဘာမှမလုပ်ဘူး။ ဒီတော့ သူ့ဦးခေါင်းနားကို မှိန်းနဲ့ အသာလေး ကပ်သွားပြီး ဦးခေါင်းကို မှိန်းနှင့် တခါထဲ ထိုးချလိုက်တယ်။
ဒီကောင် မလှုပ်နိုင်တော့ဘူး။ မြွေထဲမှာ မြွေပွေးက ဖမ်းလို့ အလွယ်ဆုံးပဲ။ သူက အဆိပ်ပြင်းတယ် ဆိုပြီး မာန်တက်နေတာကိုး" လို့ ပြောပြပါတယ်။
ဒီတော့ မြွေပွေး ဘာကြောင့် သေရသလဲ။ အဆိပ်ပြင်းတယ် ဆိုပြီး မာန်တက် နေလို့ပဲ။ အရပ်ထဲမှာလည်း မာန်တက်နေတဲ့ လူတွေ အများကြီး ရှိတယ်။ အဲဒါ မြွေပွေးလို လူပဲ။ အောင်မြင်မှုတွေ ရလာပြီ၊ နာမည်တွေ ကျော်ကြားလာပြီ ဆိုရင် မာန်တက်တတ်တယ်။
အဲဒီလို မာန်တက်လာရင် မှန်ကင်းကနေ ထင်းဖြစ်သွားနိုင်တယ်လေ။ မာနဝင်လာပြီ ဆိုရင် ကိုယ့်ရဲ့ ဦးခေါင်းပေါ်မှာ မှိန်းကြီး ရောက်လာလိမ့်မယ် ဆိုတာကို သတိရပါ။
မှိန်းဆိုတာ အခြား မဟုတ်ဘူး၊ အကုသိုလ် ကံကြမ္မာပဲ။ ဒါကြောင့် သတိပေးချင် ပါတယ်။ မြွေပွေးလို လူ မဖြစ်ပါစေနဲ့။ Crd
Zawgyi
မာန္တက္ေနတဲ့သူ
ဘားအံ ဘက္က ေႁမြဖမ္း အလြန္ ကြၽမ္းက်င္တဲ့ ကရင္ႀကီး တေယာက္ ရွိတယ္။ အဲဒီ ကရင္ႀကီးက ေျခေထာက္ တဖက္က မသန္ရွာဘူး။ ဒါေပမဲ့ ေႁမြဖမ္းတဲ့ ေနရာမွာေတာ့ အလြန္ေတာ္တယ္။
တညကို ၂ ေကာင္ ၃ ေကာင္ေလာက္ ရတယ္။ သူဖမ္းလိုက္ရင္လည္း ေႁမြေပြးပဲ။ တေကာင္ကို တေသာင္းေလာက္ ရတာကိုး။ လူငယ္ေလး တေယာက္က "ဖထီး ေႁမြေပြးကို ဘယ္လို ဖမ္းလဲဗ်" လို႔ ကရင္ႀကီးကို ေမးတယ္။
"ငါက ေျခေထာက္မသန္ေတာ့ လင္းေႁမြတို႔ ေရေႁမြတို႔ကို မဖမ္းႏိုင္ဘူး။ အဲဒီေကာင္ေတြက လူေတြ႕ရင္ ထြက္ေျပးတာကိုး။ ဒါေၾကာင့္ ငါက ေႁမြေပြးပဲ ဖမ္းတယ္။ ေႁမြေပြးက်ေတာ့ လူေတြ႕ရင္ မေျပးဘူး၊ ငါ့ထိရင္ ကိုက္မယ္ ဆိုၿပီး ၿငိမ္ေနတာ။ လာမထိနဲ႔ ေသသြားမယ္ ဆိုတဲ့ ပုံစံမ်ိဳးေပါ့။
ေႁမြေပြးက သူ႔ကို မထိေသးရင္ ဘာမွမလုပ္ဘူး။ ဒီေတာ့ သူ႔ဦးေခါင္းနားကို မွိန္းနဲ႔ အသာေလး ကပ္သြားၿပီး ဦးေခါင္းကို မွိန္းႏွင့္ တခါထဲ ထိုးခ်လိုက္တယ္။ ဒီေကာင္ မလႈပ္ႏိုင္ေတာ့ဘူး။ ေႁမြထဲမွာ ေႁမြေပြးက ဖမ္းလို႔ အလြယ္ဆုံးပဲ။ သူက အဆိပ္ျပင္းတယ္ ဆိုၿပီး မာန္တက္ေနတာကိုး" လို႔ ေျပာျပပါတယ္။
ဒီေတာ့ ေႁမြေပြး ဘာေၾကာင့္ ေသရသလဲ။ အဆိပ္ျပင္းတယ္ ဆိုၿပီး မာန္တက္ ေနလို႔ပဲ။ အရပ္ထဲမွာလည္း မာန္တက္ေနတဲ့ လူေတြ အမ်ားႀကီး ရွိတယ္။ အဲဒါ ေႁမြေပြးလို လူပဲ။ ေအာင္ျမင္မႈေတြ ရလာၿပီ၊ နာမည္ေတြ ေက်ာ္ၾကားလာၿပီ ဆိုရင္ မာန္တက္တတ္တယ္။
အဲဒီလို မာန္တက္လာရင္ မွန္ကင္းကေန ထင္းျဖစ္သြားႏိုင္တယ္ေလ။ မာနဝင္လာၿပီ ဆိုရင္ ကိုယ့္ရဲ႕ ဦးေခါင္းေပၚမွာ မွိန္းႀကီး ေရာက္လာလိမ့္မယ္ ဆိုတာကို သတိရပါ။ မွိန္းဆိုတာ အျခား မဟုတ္ဘူး၊ အကုသိုလ္ ကံၾကမၼာပဲ။ ဒါေၾကာင့္ သတိေပးခ်င္ ပါတယ္။ ေႁမြေပြးလို လူ မျဖစ္ပါေစနဲ႔။ Crd
0 Comments