မျက်မမြင် ပုဏ္ဏားခြောက်ယောက်အကြောင်း

ရှေးသရောအခါ မျက်မမြင်ပုဏ္ဏား ခြောက်ယောက် ရှိ၏။ ထိုပုဏ္ဏားတို့သည် ဗဟုသုတအတွက် ဆင်၏ ပုံသဏ္ဌာန်ကို သိလိုသဖြင့် ဆင်တကောင်ကို လက်ဖြင့် စမ်းသပ် ကြည့်ကြ၏။

ပဌမပုဏ္ဏားသည် ဆင်၏ ကျယ်ပြန့်သော နံဘေးကို စမ်းသပ်မိသဖြင့် ဆင်သည် အုတ်နံရံကြီးနှင့် တူသည် ဟု ပြော၏။

ဒုတိယပုဏ္ဏားသည် ဆင်၏ အစွယ်ကို စမ်းသပ်မိသဖြင့် ဤအရာသည် ချောမွတ်၍ လုံးလည်း လုံးသည်၊ ချွန်သော အဖျားလည်း ရှိသည်။ ထိုကြောင့် ဆင်သည် လှံနှင့် တူသည်ဟု ပြော၏။

တတိယပုဏ္ဏားသည် ရှည်လျား ပျော့ပျောင်းသော နှာမောင်းကို ကိုင်မိသဖြင့် ဆင်ဆိုသည်မှာ မြွေကဲ့သို့ပါ တကားဟု ဆို၏။

စတုတ္ထပုဏ္ဏားသည် ခြေထောက်ကို စမ်းသပ်မိသဖြင့် ဆင်သည် ကျွန်းတိုင်ကြီးနှင့် တူသည်ဟု ဆို၏။

ပဉ္စမပုဏ္ဏားသည် တဖျပ်ဖျပ် ခတ်လျက်နေသော ဆင်၏ နားရွက်ကို စမ်းမိ၏။ ထို့ကြောင့်ဆင်သည် ယပ်တောင်နှင့် တူသည်ဟု ဆို၏။

ဆဋ္ဌမ ဖြစ်သော နောက်ဆုံးပုဏ္ဏားက ဆင်၏ အမြီးကို ဆွဲမိသဖြင့် သင်တို့အားလုံး မှားသည်၊ ဆင်သည် ကြိုးကဲ့သို့ပင် ဖြစ်သည်ဟု ဆို၏။

ဤဒဏ္ဍာရီကို ထောက်ရှု၍ လူအပေါင်းတို့သည် မိမိတို့ သိမြင်သမျှကိုသာ အမှန်ဟု တယူသန် မထင်မှတ်ကြသင့်။

စူးစမ်းဖွယ်ရှိသည်ကို အကုန်အစင် မစူးစမ်းဘဲ ဆုံးဖြတ်ချက် ချ၍ မိမိထင်ရာကို ပြောဆိုခြင်းသည် အဖြေမှန် မရနိုင်သည့် အပြင် ရယ်ဖွယ်လည်း ဖြစ်တတ်သည်ကို သတိမူကြရာသည်။ Crd

Zawgyi

မ်က္မျမင္ ပုဏၰားေျခာက္ေယာက္အေၾကာင္း

ေရွးသေရာအခါ မ်က္မျမင္ပုဏၰား ေျခာက္ေယာက္ ရွိ၏။ ထိုပုဏၰားတို႔သည္ ဗဟုသုတအတြက္ ဆင္၏ ပုံသဏၭာန္ကို သိလိုသျဖင့္ ဆင္တေကာင္ကို လက္ျဖင့္ စမ္းသပ္ ၾကည့္ၾက၏။

ပဌမပုဏၰားသည္ ဆင္၏ က်ယ္ျပန႔္ေသာ နံေဘးကို စမ္းသပ္မိသျဖင့္ ဆင္သည္ အုတ္နံရံႀကီးႏွင့္ တူသည္ ဟု ေျပာ၏။ ဒုတိယပုဏၰားသည္ ဆင္၏ အစြယ္ကို စမ္းသပ္မိသျဖင့္ ဤအရာသည္ ေခ်ာမြတ္၍ လုံးလည္း လုံးသည္၊ ခြၽန္ေသာ အဖ်ားလည္း ရွိသည္။ ထိုေၾကာင့္ ဆင္သည္ လွံႏွင့္ တူသည္ဟု ေျပာ၏။

တတိယပုဏၰားသည္ ရွည္လ်ား ေပ်ာ့ေပ်ာင္းေသာ ႏွာေမာင္းကို ကိုင္မိသျဖင့္ ဆင္ဆိုသည္မွာ ေႁမြကဲ့သို႔ပါ တကားဟု ဆို၏။ စတုတၳပုဏၰားသည္ ေျခေထာက္ကို စမ္းသပ္မိသျဖင့္ ဆင္သည္ ကြၽန္းတိုင္ႀကီးႏွင့္ တူသည္ဟု ဆို၏။

ပၪၥမပုဏၰားသည္ တဖ်ပ္ဖ်ပ္ ခတ္လ်က္ေနေသာ ဆင္၏ နား႐ြက္ကို စမ္းမိ၏။ ထို႔ေၾကာင့္ဆင္သည္ ယပ္ေတာင္ႏွင့္ တူသည္ဟု ဆို၏။ ဆ႒မ ျဖစ္ေသာ ေနာက္ဆုံးပုဏၰားက ဆင္၏ အၿမီးကို ဆြဲမိသျဖင့္ သင္တို႔အားလုံး မွားသည္၊ ဆင္သည္ ႀကိဳးကဲ့သို႔ပင္ ျဖစ္သည္ဟု ဆို၏။

ဤဒ႑ာရီကို ေထာက္ရႈ၍ လူအေပါင္းတို႔သည္ မိမိတို႔ သိျမင္သမွ်ကိုသာ အမွန္ဟု တယူသန္ မထင္မွတ္ၾကသင့္။ စူးစမ္းဖြယ္ရွိသည္ကို အကုန္အစင္ မစူးစမ္းဘဲ ဆုံးျဖတ္ခ်က္ ခ်၍ မိမိထင္ရာကို ေျပာဆိုျခင္းသည္ အေျဖမွန္ မရႏိုင္သည့္ အျပင္ ရယ္ဖြယ္လည္း ျဖစ္တတ္သည္ကို သတိမူၾကရာသည္။ Crd

Post a Comment

0 Comments