ဒေါသထွက်နေရင် စကားမပြောပါနဲ့

ဒေါသထွက်နေတဲ့ အချိန်မှာ စကားမပြောပဲ နေလိုက်တာဟာ အမှားပေါင်းများစွာ၊ အကျိုးမဲ့မှုပေါင်း များစွာ၊ ဆုံးရှုံးမှု ပေါင်းများစွာကို အကောင်းဆုံးသော တားဆီးပေးတဲ့ နည်းပါပဲ။

ဒေါသနဲ့ ပြောတဲ့ စကားတွေဟာ ဉာဏ်ပညာကိုလည်း ဖျက်ဆီးနိုင်တယ်။ ကျေးဇူးသိတတ်သေ ာစိတ်ကိုလည်း ဖျက်ဆီးနိုင်တယ်။ မေတ္တာတရား ကိုလည်း ဖျက်ဆီးနိုင်တယ်။

အကြင်နာတရားကိုလည်း ဖျက်ဆီးနိုင်တယ်။ အနှစ်နှစ် အလလ ချစ်ခဲ့သမျှတွေ ကိုလည်း ဖျက်ဆီးနိုင်တယ်။ သည်းခံစိတ် ခန္တီတရားကိုလည်း ဖျက်ဆီးနိုင်တယ်။

အတိတ်က ကောင်းခဲ့တာတွေကိုလည်း ဖျက်ဆီးနိုင်တယ်။ အနာဂါတ်အတွက် မျှော်လင့်ချက် အိပ်မက်တွေကိုလည်း ဖျက်ဆီးပစ်နိုင်တယ်။ သူငယ်ချင်းဘဝတွေ၊ လုပ်ဖော်ကိုင်ဖက် ဘဝတွေ၊ ညီအကို မောင်နှမဘဝတွေ၊ ချစ်သူရည်းစားဘဝတွေ၊ မိသားစု ဘဝတွေရဲ့ ချစ်ခင် ညီညွတ်နေမှုတွေကို တစစီ တစစီ ကျေမွ ပြိုကွဲသွားအောင် ဖြိုခွင်းနိုင်တယ်။

ဒေါသထွက်လာတဲ့အခါ ကလျာဏ ဆိုတဲ့ အကောင်းဓာတ်တွေ ပျောက်ဆုံးသွားတယ်။ ပါပ ဆိုတဲ့ မကောင်းဓာတ်တွေ ဝင်စီးလွှမ်းမိုး လာတော့တယ်။ ယဉ်ကျေးတဲ့ အမူအရာတွေ ပျောက်ဆုံးသွားတယ်။ ရိုင်းစိုင်းတဲ့အမူအရာတွေ ထွက်ပေါ်လာတယ်။

ချစ်စရာ အကောင်းဆုံးရုပ်က ကြောက်စရာအကောင်းဆုံး ရုပ်အဖြစ် ပြောင်းလဲသွားတယ်။ အမှန်အမှား မခွဲခြားနိုင် တော့ဘူး။ အကောင်းအဆိုး မတွက်ဆ နိုင်တော့ဘူး။

စကားတွေဟာ မှားပြီးရင်း ဆက်မှားနေတော့တယ်။ ဆူပွက်နေတဲ့ နှလုံးသားကို ဉာဏ္ပညာက တားဆီးနိုင်စွမ်း မရှိတော့ဘူး။

ဒါ့ကြောင့် တခဏတာ ဒေါသစကားတွေက တဘဝစာ ကျေမွအောင် ဖျက်ဆီးပစ်နိုင်တာမို့ ချစ်ကြတဲ့ သူငယ်ချင်း အချင်းချင်း ညီအကိုမောင်နှမ အချင်းချင်း ချစ်သူရည်းစား အချင်းချင်း မိသားစု အချင်းချင်း

ဆရာတပည့် အချင်းချင်း လုပ်ဖော်ကိုင်ဖက် အချင်းချင်း အခန့်မသင့်လို့ ဒေါသ ထွက်ကြတဲ့အခါ စကားမပြောဖြစ်အောင် နေပေးကြပါ။ Juu

Zawgyi

ေဒါသထြက္ေနရင္ စကားမေျပာပါနဲ႔

ေဒါသထြက္ေနတဲ့ အခ်ိန္မွာ စကားမေျပာပဲ ေနလိုက္တာဟာ အမွားေပါင္းမ်ားစြာ၊ အက်ိဳးမဲ့မႈေပါင္း မ်ားစြာ၊ ဆုံးရႈံးမႈ ေပါင္းမ်ားစြာကို အေကာင္းဆုံးေသာ တားဆီးေပးတဲ့ နည္းပါပဲ။

ေဒါသနဲ႔ ေျပာတဲ့ စကားေတြဟာ ဉာဏ္ပညာကိုလည္း ဖ်က္ဆီးႏိုင္တယ္။ ေက်းဇူးသိတတ္ေသ ာစိတ္ကိုလည္း ဖ်က္ဆီးႏိုင္တယ္။ ေမတၱာတရား ကိုလည္း ဖ်က္ဆီးႏိုင္တယ္။ အၾကင္နာတရားကိုလည္း ဖ်က္ဆီးႏိုင္တယ္။ အႏွစ္ႏွစ္ အလလ ခ်စ္ခဲ့သမွ်ေတြ ကိုလည္း ဖ်က္ဆီးႏိုင္တယ္။ သည္းခံစိတ္ ခႏၲီတရားကိုလည္း ဖ်က္ဆီးႏိုင္တယ္။

အတိတ္က ေကာင္းခဲ့တာေတြကိုလည္း ဖ်က္ဆီးႏိုင္တယ္။ အနာဂါတ္အတြက္ ေမွ်ာ္လင့္ခ်က္ အိပ္မက္ေတြကိုလည္း ဖ်က္ဆီးပစ္ႏိုင္တယ္။ သူငယ္ခ်င္းဘဝေတြ၊ လုပ္ေဖာ္ကိုင္ဖက္ ဘဝေတြ၊ ညီအကို ေမာင္ႏွမဘဝေတြ၊ ခ်စ္သူရည္းစားဘဝေတြ၊ မိသားစု ဘဝေတြရဲ႕ ခ်စ္ခင္ ညီၫြတ္ေနမႈေတြကို တစစီ တစစီ ေက်မြ ၿပိဳကြဲသြားေအာင္ ၿဖိဳခြင္းႏိုင္တယ္။

ေဒါသထြက္လာတဲ့အခါ ကလ်ာဏ ဆိုတဲ့ အေကာင္းဓာတ္ေတြ ေပ်ာက္ဆုံးသြားတယ္။ ပါပ ဆိုတဲ့ မေကာင္းဓာတ္ေတြ ဝင္စီးလႊမ္းမိုး လာေတာ့တယ္။ ယဥ္ေက်းတဲ့ အမူအရာေတြ ေပ်ာက္ဆုံးသြားတယ္။ ႐ိုင္းစိုင္းတဲ့အမူအရာေတြ ထြက္ေပၚလာတယ္။

ခ်စ္စရာ အေကာင္းဆုံး႐ုပ္က ေၾကာက္စရာအေကာင္းဆုံး ႐ုပ္အျဖစ္ ေျပာင္းလဲသြားတယ္။ အမွန္အမွား မခြဲျခားႏိုင္ ေတာ့ဘူး။ အေကာင္းအဆိုး မတြက္ဆ ႏိုင္ေတာ့ဘူး။ စကားေတြဟာ မွားၿပီးရင္း ဆက္မွားေနေတာ့တယ္။ ဆူပြက္ေနတဲ့ ႏွလုံးသားကို ဉာဏၸညာက တားဆီးႏိုင္စြမ္း မရွိေတာ့ဘူး။

ဒါ့ေၾကာင့္ တခဏတာ ေဒါသစကားေတြက တဘဝစာ ေက်မြေအာင္ ဖ်က္ဆီးပစ္ႏိုင္တာမို႔ ခ်စ္ၾကတဲ့ သူငယ္ခ်င္း အခ်င္းခ်င္း ညီအကိုေမာင္ႏွမ အခ်င္းခ်င္း ခ်စ္သူရည္းစား အခ်င္းခ်င္း မိသားစု အခ်င္းခ်င္း ဆရာတပည့္ အခ်င္းခ်င္း လုပ္ေဖာ္ကိုင္ဖက္ အခ်င္းခ်င္း အခန႔္မသင့္လို႔ ေဒါသ ထြက္ၾကတဲ့အခါ စကားမေျပာျဖစ္ေအာင္ ေနေပးၾကပါ။ Juu

Post a Comment

0 Comments