အကျိုးမရှိသော ငြင်းခုန်ခြင်း

ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည် ဗြဟ္မဒဏ်မင်း စိုးစံစဉ် အချိန်က ဘုရားလောင်းဟာ တောအရပ်ကို မှီပြီး ရသေ့ပြုပြီး နေတယ်။ အဲဒီ တောထဲမှာတော့ ခြင်္သေ့ တကောင်နဲ့ ကျားတကောင်ဟာ မိတ်ဆွေဖွဲ့ပြီး လိုဏ်ဂူ တခုထဲမှာ အတူ နေကြတယ်။

သူတို့ဟာ ဆိုင်ရာ ဆိုင်ရာ နေရာတွေမှာ လှည့်လည် ကျက်စားပြီး ညနေခင်း အချိန်မှာတော့ လိုဏ်ဂူကို ပြန်လာကြကာ စကားစမြည် ပြောကာ အိပ်စက်ကြတယ်။

တနေ့သော ညနေခင်း အချိန်မှာ ခြင်္သေ့က ကျားကို မေးတယ်။ "မိတ်ဆွေကျား၊ အေးတယ် ချမ်းတယ် ဆိုတယ် ဘယ်အခါမှာ ဖြစ်တတ်သလဲ" လို့ မေးတယ်။

ကျားကြီးက "မိတ်ဆွေ ခြင်္သေ့၊ အေးတယ် ချမ်းတယ် ဆိုတာဟာ လဆုတ်ရက်မှာ ဖြစ်တာပါ" လို့ပြောတယ်။ ခြင်္သေ့ကြီးကတော့

"မိတ်ဆွေ ကျားကြီး၊ အေးတယ် ချမ်းတယ် ဆိုတာဟာ လဆန်းရက်မှာ ဖြစ်တာပါ" လို့ ပြန်ပြောတယ်။ သူတို့ဟာ တဦးနဲ့တဦး အမြင်မတူ တာကြောင့် ညချမ်းရောက်တိုင်း ငြင်းခုန်ကြပြီး ဝိဝါဒ ကွဲပြားနေခဲ့ ကြတယ်။

သူတို့ရဲ့ ငြင်းခုန်မှုတွေက နေ့ရက်တွေ ကြာလာခဲ့ပေမယ့် မပြီးပြတ်နိုင်၊ မဖြေရှင်းနိုင် ခဲ့ကြဘူး။ ဒါကြောင့်လည်း တောအရပ်ကို မှီပြီး တရားအား ထုတ်နေတဲ့ ဘုရားလောင်း ရသေ့ထံ လာပြီး အဆုံးအဖြတ် ခံယူကြတယ်။

ရသေ့ကြီးက သူတို့ရဲ့ ဝိဝါဒ ကွဲပြားမှုကို နားထောင်ပြီးတဲ့နောက် "အသင်တို့၊ ချမ်းတယ် အေးတယ် ဆိုတဲ့ ရာသီဥတုဟာ လေ ကြောင့်သာ ဖြစ်တယ်။

လဆုတ်ပိုင်းမှာ လေ လာရင် လဆုတ်မှာ ချမ်းမှာဖြစ်ပြီး လဆန်းပိုင်းမှာ လေ လာရင်တော့ လဆန်းပိုင်းမှာ ချမ်းမှာ ဖြစ်တယ်။ လဆုတ်ခြင်း၊ လဆန်းခြင်းကြောင့် အေးတာ မဟုတ်ပါဘူး။ လေကြောင့်သာ အေးခြင်း ဖြစ်တယ်" လို့ ပြောလိုက်တယ်။

ဒါ့အပြင် ရသေ့ကြီးက ဒီငြင်းခုန်မှု မှာတော့ သူတို့ နှစ်ဦးစလုံး မနိုင်ကြသလို မရှုံးကြတဲ့ အကြောင်း ပြောတယ်။

ရသေ့ကြီး ပြောလိုက်မှဘဲ သူတို့နှစ်ဦးရဲ့ ညချမ်း အချိန်တိုင်း ဝိဝါဒ ကွဲပြားမှုကြောင့် အမြဲတမ်း ပြောဆိုနေခဲ့တဲ့ ငြင်းခုန်ပွဲကြီး ကလည်း အေးချမ်းစွာနဲ့ ပြီးဆုံးသွားခဲ့ ပါတယ်။ Crd

Zawgyi

အက်ိုးမရွိေသာ ျငင္းခုန္ျခင္း

ဟိုးေရွးေရွးတုန္းက ဗာရာဏသီျပည္ ျဗဟၼဒဏ္မင္း စိုးစံစဥ္ အခ်ိန္က ဘုရားေလာင္းဟာ ေတာအရပ္ကို မွီၿပီး ရေသ့ျပဳၿပီး ေနတယ္။ အဲဒီ ေတာထဲမွာေတာ့ ျခေသၤ့ တေကာင္နဲ႔ က်ားတေကာင္ဟာ မိတ္ေဆြဖြဲ႕ၿပီး လိုဏ္ဂူ တခုထဲမွာ အတူ ေနၾကတယ္။

သူတို႔ဟာ ဆိုင္ရာ ဆိုင္ရာ ေနရာေတြမွာ လွည့္လည္ က်က္စားၿပီး ညေနခင္း အခ်ိန္မွာေတာ့ လိုဏ္ဂူကို ျပန္လာၾကကာ စကားစျမည္ ေျပာကာ အိပ္စက္ၾကတယ္။ တေန႔ေသာ ညေနခင္း အခ်ိန္မွာ ျခေသၤ့က က်ားကို ေမးတယ္။ "မိတ္ေဆြက်ား၊ ေအးတယ္ ခ်မ္းတယ္ ဆိုတယ္ ဘယ္အခါမွာ ျဖစ္တတ္သလဲ" လို႔ ေမးတယ္။

က်ားႀကီးက "မိတ္ေဆြ ျခေသၤ့၊ ေအးတယ္ ခ်မ္းတယ္ ဆိုတာဟာ လဆုတ္ရက္မွာ ျဖစ္တာပါ" လို႔ေျပာတယ္။ ျခေသၤ့ႀကီးကေတာ့ "မိတ္ေဆြ က်ားႀကီး၊ ေအးတယ္ ခ်မ္းတယ္ ဆိုတာဟာ လဆန္းရက္မွာ ျဖစ္တာပါ" လို႔ ျပန္ေျပာတယ္။ သူတို႔ဟာ တဦးနဲ႔တဦး အျမင္မတူ တာေၾကာင့္ ညခ်မ္းေရာက္တိုင္း ျငင္းခုန္ၾကၿပီး ဝိဝါဒ ကြဲျပားေနခဲ့ ၾကတယ္။

သူတို႔ရဲ႕ ျငင္းခုန္မႈေတြက ေန႔ရက္ေတြ ၾကာလာခဲ့ေပမယ့္ မၿပီးျပတ္ႏိုင္၊ မေျဖရွင္းႏိုင္ ခဲ့ၾကဘူး။ ဒါေၾကာင့္လည္း ေတာအရပ္ကို မွီၿပီး တရားအား ထုတ္ေနတဲ့ ဘုရားေလာင္း ရေသ့ထံ လာၿပီး အဆုံးအျဖတ္ ခံယူၾကတယ္။

ရေသ့ႀကီးက သူတို႔ရဲ႕ ဝိဝါဒ ကြဲျပားမႈကို နားေထာင္ၿပီးတဲ့ေနာက္ "အသင္တို႔၊ ခ်မ္းတယ္ ေအးတယ္ ဆိုတဲ့ ရာသီဥတုဟာ ေလ ေၾကာင့္သာ ျဖစ္တယ္။ လဆုတ္ပိုင္းမွာ ေလ လာရင္ လဆုတ္မွာ ခ်မ္းမွာျဖစ္ၿပီး လဆန္းပိုင္းမွာ ေလ လာရင္ေတာ့ လဆန္းပိုင္းမွာ ခ်မ္းမွာ ျဖစ္တယ္။ လဆုတ္ျခင္း၊ လဆန္းျခင္းေၾကာင့္ ေအးတာ မဟုတ္ပါဘူး။ ေလေၾကာင့္သာ ေအးျခင္း ျဖစ္တယ္" လို႔ ေျပာလိုက္တယ္။

ဒါ့အျပင္ ရေသ့ႀကီးက ဒီျငင္းခုန္မႈ မွာေတာ့ သူတို႔ ႏွစ္ဦးစလုံး မႏိုင္ၾကသလို မရႈံးၾကတဲ့ အေၾကာင္း ေျပာတယ္။ ရေသ့ႀကီး ေျပာလိုက္မွဘဲ သူတို႔ႏွစ္ဦးရဲ႕ ညခ်မ္း အခ်ိန္တိုင္း ဝိဝါဒ ကြဲျပားမႈေၾကာင့္ အၿမဲတမ္း ေျပာဆိုေနခဲ့တဲ့ ျငင္းခုန္ပြဲႀကီး ကလည္း ေအးခ်မ္းစြာနဲ႔ ၿပီးဆုံးသြားခဲ့ ပါတယ္။ Crd

Post a Comment

0 Comments