ပါးစပ်နဲ့ အသက်ရှူပါများတဲ့အခါမှာ ဘယ်လိုဆိုးကျိုးတွေ ရလာမလဲ

မွေးကင်းစကလေးတွေက ပါးစပ်ကနေ အသက်မရှူနိုင်ကြပါဘူး။ ဒါပေမယ့် အသက် ၆ လကျော်သွားတဲအ့ခါမှာ ပါးစပ်ကနေ အသက်ရှူလို့ရမှန်း သိရှိလာကြပါတယ်။

နှာခေါင်းပိတ်တဲ့အခါမှာ ပါးစပ်ကနေ အသက်ရှူရတာက အရမ်းကို အဆင်ပြေပါတယ်။ ဒါပေမယ့် ပါးစပ်နဲ့ အသက်ရှူတဲ့အခါ ထင်မထားတဲ့ဆိုးကျိုးတွေ ရရှိလာစေပါတယ်။

၁။ မျက်နှာပုံစံပြောင်းလဲသွားခြင်း

ပါးစပ်နဲ့အသက်ရှူပါများလာတဲ့အခါမှာတော့ မျက်နှာပုံစံက အရင်ကနဲ့မတူဘဲ ပြောင်းလဲသွားပါတယ်။ မေးရိုးနဲ့ ပါးရိုးက ကျဉ်းမြောင်းလာပါတယ်။ ဒါ့အပြင် နှာခေါင်းပုံစံကလည်း ပြောင်းလဲသွားပြီး မလှမပဖြစ်လာပါတယ်။

၂။ ပုခုံးကိုင်းလာခြင်း

ပါးစပ်နဲ့အသက်ရှူလေ့ရှိတဲ့သူတွေက ကိုယ်နေဟန်ထားလည်း မမှန်ကတော့ပါဘူး။ ဦးခေါင်းက အရှေ့ဘက်ကို အနည်းငယ်ငိုက်ကြလာပြီး ပုခုံးက ကိုင်းလာပါတယ်။

ပါးစပ်နဲ့အသက်ရှူတဲ့အခါ အဆင်ပြေဖို့ ခန္ဓာကိုယ်ရဲ့ကိုယ်နေဟန်ထားက အလိုက်သင့်ပြောင်းလဲသွားတာကြောင့်ပါ။

၃။ သွားတွေ မညီမညာဖြစ်လာခြင်း

ပါးစပ်နဲ့အသက်ရှူတာက သွားရဲ့အလှကိုလည်း ထိခိုက်စေပါတယ်။ ငယ်ငယ်ကတည်းက ပါးစပ်နဲ့အသက်ရှူလေ့ရှိတဲ့ကလေးတွေဟာ သွားတွေမညီမညာဖြစ်တာ၊ စောင်းလာတာတို့ ကြုံတွေ့ရပါတယ်။ ဒါ့အပြင် နှုတ်ခမ်းပုံစံနဲ့ လျှာရဲ့အနေအထားပါ ပြောင်းလဲသွားပါတယ်။

၄။ အိပ်ရတာ အဆင်မပြေဖြစ်လာခြင်း

ပါးစပ်နဲ့အသက်ရှူတဲ့အခါ ခန္ဓာကိုယ်ထဲကို အောက်ဆီဂျင်နည်းနည်းပဲ ဝင်ပြီး ကာဗွန်ဒိုင်အောက်ဆိုက်က များများဝင်သွားပါတယ်။

ပါးစပ်နဲ့အသက်ရှူလေ့ရှိသူတွေအများစုက ဟောက်တာ၊ သွားရည်ကျတာကို ကြုံတွေ့ရလေ့ရှိပါတယ်။ အဲဒါကြောင့် ပါးစပ်နဲ့အသက်ရှူပြီးအိပ်တာက ခန္ဓာကိုယ်ရဲ့ကျန်းမာရေးကို ထိခိုက်လာစေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments