အိမ်ကို ဖောက်ထွင်းသူခိုးဝင်ရောက်ဖို့ ကြိုးစားနေတယ်ဆိုရင် ဒီအချက်တွေကို ပြုလုပ်ပါ

အိမ်ဖောက်ထွင်းမှုတွေက လူတိုင်းကြုံလာရနိုင်တဲ့ကိစ္စတစ်ရပ်ပါ။ အိမ်ဖောက်ထွင်းတဲ့သူခိုးတွေက ခန့်မှန်းရခက်တတ်ပါတယ်။ အဲဒါကြောင့် တစ်စုံတစ်ယောက်က သင့်အိမ်ထဲကို ဖောက်ထွင်းပြီးဝင်ရောက်ဖို့ကြိုးစားနေတယ်ဆိုရင် ဒီအချက်တွေကို ပြုလုပ်နိုင်ပါတယ်။

၁။ အိမ်ကို ဖောက်ထွင်းသူခိုးတွေ မျက်စိကျစရာမဖြစ်အောင် ပြုလုပ်ပါ။

ဖောက်ထွင်းမယ့်သူတွေက အိမ်တွေကို အချိန်ပေးပြီး လေ့လာကြည့်ရှုတတ်ပါတယ်။ ဖောက်ထွင်းသူခိုးတွေ မျက်စိကျစရာမဖြစ်အောင် အိမ်မှာ တံခါးတွေကို သေသေချာချာပိတ်ထားတာ၊ စီစီတီဗွီကင်မရာတပ်ထားတာ၊

အချက်ပေးစနစ်တွေ ပြုလုပ်ထားတာ၊ မီးတွေဖွင့်ထားတာတို့ ပြုလုပ်ထားသင့်ပါတယ်။ အိမ်အပြင်မီးတွေကို ဖွင့်ထားတာက ဖောက်ထွင်းသူခိုးတွေအတွက် အခက်ကြုံစေမှာပါ။

၂။ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပါ။

အိမ်ထဲကို တစ်စုံတစ်ယောက်က ဖောက်ထွင်းဝင်ရောက်ဖို့ကြိုးစားတဲ့အခါ ပျာယာမခတ်သွားဘဲ စိတ်တည်ငြိမ်နေဖို့ အရေးကြီးပါတယ်။ ဖောက်ထွင်းသူခိုးတွေက အရမ်းလျင်မြန်တာကြောင့် လုပ်စရာရှိတာတွေကိုလည်း မြန်မြန်ပြုလုပ်က အဓိကပါပဲ။ အိမ်ကို ဝင်ဖောက်နေတာလားဆိုတာ သေချာဖို့ အာရုံစိုက်ပြီး နားထောင်ပါ။

၃။ အိမ်သူအိမ်သားတွေကို အသိပေးဖို့ လျှို့ဝှက်စကားလုံးကို အသုံးပြုပါ။

အိမ်ကို ဖောက်ထွင်းဝင်ရောက်နေတာသေချာပြီဆိုရင် မိသားစုဝင်တွေအားလုံးကို လျှို့ဝှက်စကားလုံးနဲ့ အသိပေးလိုက်ပါ။ အိမ်မှာ အရေးကြုံလာတဲ့အခါ အသိပေးနိုင်ဖို့ လျှို့ဝှက်စကားလုံးကို မိသားစုဝင်အားလုံးကို ပြောပြထားပါ။

လျှို့ဝှက်စကားလုံးက ရှင်းလင်းပြီးလွယ်ကူ နားလည်လွယ်ဖို့လည်း လိုအပ်ပါတယ်။ ဒါ့အပြင် လျှို့ဝှက်စကားလုံးကို မလိုအပ်တဲ့အခါမှာ စနောက်ပြီး အသုံးမပြုမိဖို့လည်း လိုပါသေးတယ်။

၄။ အိမ်ကနေ ထွက်ပြေးလွတ်မြောက်နိုင်မလားဆိုတာကို ဆုံးဖြတ်ပါ။

အိမ်ကို ဖောက်ထွင်းဝင်ရောက်သူတွေက အိမ်သူအိမ်သားတွေအားလုံးရဲ့အသက်ကို ရန်ရှာသွားနိုင်ပါတယ်။ အဲဒါကြောင့် အိမ်ကို ဖောက်ထွင်းဝင်ရောက်နေပြီဆိုရင် အရင်ဆုံးပြုလုပ်သင့်တာကတော့

အရေးပေါ်လှေကား သို့မဟုတ် နောက်ဖေးတံခါးကနေ ထွက်ပြေးနိုင်ဖို့ပါပဲ။ ဖောက်ထွင်းသူခိုးနဲ့ ထိပ်တိုက်ဖြေရှင်းနဲ့တာကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။

၅။ အိမ်မှာ လျှို့ဝှက်အခန်းတစ်ခန်း ထားရှိပါ။

အိမ်ကနေ ထွက်ပြေးလွတ်မြောက်ဖို့ မဖြစ်နိုင်တဲ့အခါမှာ ပုန်းခိုနိုင်ဖို့အတွက် လုံခြုံစိတ်ချရတဲ့ အခန်းတစ်ခန်းကို ရွေးချယ်လိုက်ပါ။ ဖုန်းအားသွင်းဖို့ ပလပ်ခုံပါတဲ့အခါအခန်း၊ တံခါးခိုင်ခန့်တဲ့အခန်း၊ လုံခြုံစိတ်ချရတဲ့အခန်းထဲမှာ မိသားစုဝင်တွေနဲ့အတူ ခဏကြာ ရှောင်နေသင့်ပါတယ်။

၆။ ရဲကို ဖုန်းဆက်ပါ။

အိမ်ကနေ ထွက်ပြေးတာပဲဖြစ်ဖြစ်၊ အိမ်မှာ ရှိနေတာပဲဖြစ်ဖြစ် ရဲကိုချက်ချင်းဖုန်းဆက်သင့်ပါတယ်။ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး

- အိမ်လိပ်စာ

- သင့်နာမည်နဲ့ ဖုန်းနံပါတ်

- အိမ်မှာရှိတဲ့မိသားစုဝင်တွေ

- ဖောက်ထွင်းသူခိုးရဲ့ပုံစံတွေကို ရဲကို အကြောင်းကြားပါ။

၇။ ရဲတွေ ရောက်လာတဲ့အထိ လုံခြုံစိတ်ချရတဲ့နေရာမှာ နေပါ။

ရဲကို ဖုန်းဆက်ပြီးနောက် ရဲတွေညွှန်ကြားတဲ့အတိုင်း လုပ်ဆောင်ပါ။ အသံတွေ ကြားနေရရင်တောင် စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပါ။ အပြင်ထွက်ပြီး စစ်ဆေးတာကို မပြုလုပ်သင့်ပါဘူး။ ရဲတွေ ရောက်လာပြီဆိုမှသာ စိတ်ချရတဲ့နေရာကနေ ထွက်လာခဲ့ပါ။

၈။ ဖောက်ထွင်းသူခိုးတွေနဲ့ ထိပ်တိုက်မရင်ဆိုင်သင့်ပါဘူး။

ဖောက်ထွင်းသူခိုးတွေက ခန့်မှန်းရခက်သလို သူတို့မှာပါဝင်တဲ့ပစ္စည်းတွေကိုလည်း မမှန်းဆနိုင်ပါဘူး။ အရဲစွန့်ပြီး ဖောက်ထွင်းသူခိုးနဲ့ တိုက်ခိုက်တာမျိုးကိုတော့ ရှောင်သင့်ပါတယ်။ အကယ်၍ ဖောက်ထွင်းသူခိုးက ထွက်သွားပြီဆိုတာနဲ့ ရဲကိုဖုန်းဆက်ပြီး ပါသွားတဲ့အရာတွေကို သတင်းပို့ပါ။

(lovemedia)

Post a Comment

0 Comments