ကော်ဖီကို သောက်တာအပြင် အိမ်မှာအသုံးပြုနိုင်တဲ့ အခြားနည်းလမ်း (၆) မျိုး

ကော်ဖီက အိမ်တိုင်းအိမ်တိုင်းမှာ အမြဲတမ်းနေရာယူထားတတ်ပါတယ်။ ကော်ဖီကြိုက်တတ်သူအဖို့ မနက်ခင်းမှာ ကော်ဖီမသောက်ရရင် တစ်နေ့တာက မပြည့်စုံသလိုဖြစ်နေမှာပါ။ ကော်ဖီက အိမ်က အခြားနေရာတွေမှာလည်း အသုံးဝင်ပါသေးတယ်။

၁။ အနံ့အသက်ဆိုးတွေကို ဖယ်ရှားပေးခြင်း

ကော်ဖီမှုန့်လေးတွေကို ဘူးတစ်လုံးထဲမှာ ထည့်ထားပြီး အနံ့အသက်ဆိုးတွေ ရှိတဲ့နေရာမှာ ဘူးအဖုံးဖွင့်ထားပေးပါတယ်။ ကော်ဖီမှုန့်က အနံ့အသက်ဆိုးတွေကို စုပ်ယူပေးပါတယ်။ စဉ်းတီတုံးမှာ အနံ့အသက်ဆိုးတွေပျောက်အောင်လို့ ကော်ဖီမှုန့်နဲ့ ပွတ်တိုက်ပေးလို့ရပါတယ်။

၂။ ညစ်ပတ်နေတဲ့အိုးကို သန့်ရှင်းပေးခြင်း

ချိုးတွေကပ်နေတဲ့ ဒယ်အိုးတွေကို ဆေးရခက်နေတဲ့အခါ ကော်ဖီမှုန့်အနည်းငယ်ဖြူးပြီး ဆေးကြောလိုက်ပါ။ ဖယ်ရှားရခက်တဲ့ချိုးတွေက အလွယ်တကူပြောင်စင်သွားပါတယ်။

၃။ သစ်သားပရိဘောဂပစ္စည်းတွေပေါ်က ခြစ်ရာတွေကို ဖယ်ရှားပေးခြင်း

ကော်ဖီမှုန့်နဲ့ ရေအနည်းငယ်ကို ရောပြီး ပျစ်လာတဲ့အထိမွှေပါ။ အဲဒီနောက် ခြစ်ရာတွေရှိနေတဲ့သစ်သားပရိဘောဂပစ္စည်းတွေပေါ်ကို ကော်ဖီအနှစ်နဲ့ ပွတ်တိုက်ပေးပါ။ ၁၀ မိနစ်ခန့်ကြာထားပြီးနောက် အဝတ်စနဲ့သန့်ရှင်းရေးလုပ်လိုက်လို့ရပါပြီ။

၄။ အသားတွေကို နူးညံ့စေခြင်း

အသားပေါ်မှာ ကော်ဖီမှုန့်ကို စိမ့်ဝင်သွားအောင် နယ်ပေးပြီး ၂ နာရီခန့်နှပ်ထားပေးပါ။ ကော်ဖီနဲ့နှပ်ပြီး ကြော်တဲ့အသားက ကြွပ်ကြွပ်ရွရွနဲ့ အရသာရှိသလို ချက်တဲ့အခါမှာလည်း အသားက နူးညံ့သွားပါတယ်။

၅။ ပန်းတွေကို ကြာရှည်လန်းဆန်းစေခြင်း

ရေ ခွက်ရဲ့ ၄ ပုံ ၃ ပုံနဲ့ ကော်ဖီ ခွက်ရဲ့ ၄ ပုံ ၁ ပုံခန့် ရောမွှေပါ။ ရောမွှေပြီးနောက် ပန်းအိုးထဲကို ပြောင်းပြီး ထည့်လိုက်ပါ။ ကော်ဖီက ပန်းတွေကို ကြာရှည်လန်းဆန်းနေစေပါတယ်။ ခဏအတွင်း မညိုးနွမ်းစေတော့ပါဘူး။

၆။ ခြင်မလာအောင် ကာကွယ်ပေးခြင်း

လတ်ဆတ်တဲ့ကော်ဖီမှုန့်ကို ပန်းကန်ပြားတစ်ချပ်မှာ ထည့်ထားပါ။ ကော်ဖီမှုန့်ထဲကို မီးခြစ်ဆံအနည်းငယ်ထည့်ပြီး မီးညှိလိုက်ပါ။ မီးက ကော်ဖီမှုန့်တွေဆီကို တဖြည်းဖြည်း ကူးသွားပါတယ်။

ကော်ဖီမှုန့်ရဲ့ရနံ့ကြောင့် ခြင်တွေက မလာတော့ပါဘူး။ တစ်ခန်းလုံးက အနံ့အသက်ဆိုးတွေကိုလည်း ကော်ဖီမှုန့်က စုပ်ယူပြီးသားဖြစ်စေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments