လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကတည်းက အေးခဲထားခဲ့တဲ့ သန္ဓေသားကနေ မွေးဖွားလာတဲ့ အမွှာလေး

Ridgeways တို့မိသားစုက ကလေးတွေအများကြီးနဲ့ ကြီးမားတဲ့မိသားစုကြီးကို အမြဲလိုချင်ခဲ့တာပါ။ သူတို့မိသားစုဟာ နှစ်ပေါင်း ၃၀ ကတည်းက အေးခဲထားတဲ့ သန္ဓေသားကနေ အမွှာလေးနှစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။

Lydia နဲ့ Timothy Ridgeway တို့ဟာ နှစ်အရှည်ကြာဆုံးအေးခဲထားတဲ့သနွေသားကနေ မွေးဖွားလာတဲ့ အမွှာလေးနှစ်ယောက်ဖြစ်ကြောင်း အမျိုးသားသန္ဓေသားလှူဒါန်းရေးစင်တာက ဆိုပါတယ်။

အမွှာလေးနှစ်ယောက်ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ Ridgeways တို့မိသားစုမှာ အသက် ၈ နှစ်၊ အသက် ၆ နှစ်၊ အသက် ၃ နှစ်နဲ့ အသက် ၂ နှစ်စီ အသီးသီးရှိကြတဲ့ ကလေး ၄ ယောက်ရှိပါတယ်။


သူတို့မှာ ကလေး ၄ ယောက်ရှိပေမယ့် နောက်ထပ်ကလေးတွေကို ထပ်ပြီးတော့ မွေးချင်ခဲ့ကြပါတယ်။ အဲဒါကြောင့် အေးခဲထားတဲ့သန္ဓေသားကနေ နောက်ထပ်ကလေး ထပ်မွေးဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

Lydia နဲ့ Timothy Ridgeway တို့အဖြစ် မွေးဖွားလာမယ့် သန္ဓေသားလောင်းကို လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်ကတည်းက အပူချိန် ၂၀၀ ဒီဂရီစင်တီဂရိတ်အောက်မှာ အေးခဲထားခဲ့တာဖြစ်ပါတယ်။

အဖေဖြစ်တဲ့ Philip က ကလေးဘယ်နှယောက်မွေးမယ်ဆိုတာကို သတ်မှတ်ထားတာမရှိကြောင်း၊ အေးခဲထားတဲ သန္ဓေသားကို ယူပြီး ကိုယ်ဝန်ဆောင်လို့ရနိုင်ကြောင်း သိတဲ့အခါ အရမ်းစိတ်ဝင်စားခဲ့ကြောင်း၊ မွေးဖွားဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီး အမျိုးသားသန္ဓေသားလှူဒါန်းရေးစင်တာကို ဆက်သွယ်ခဲ့ကြောင်း ပြောပါတယ်။

အမွှာလေးတွေဖြစ်တဲ့ Lydia က ကိုယ်အလေးချိန် ၅ ပေါင် ၁၁ အောင်စ၊ Timothy က ကိုယ်အလေးချိန် ၆‌ ပေါင် ၇ အောင်စ ရှိပါတယ်။ သန္ဓေသားတွေကို စတင်အေးခဲခဲ့တဲ့အချိန်တုန်းက အဖေ Philip က အသက် ၅ နှစ်ပဲ ရှိပါသေးတယ်။


အခုတော့ Ridgeways မိသားစုမှာ ကလေး ၆ ယောက်ရှိသွားပြီဖြစ်တာကြောင့် မိဘတွေက အရမ်းကို ပျော်ရွှင်နေကြပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments