မိသားစုက ဘဝမှာ အမြဲတမ်း ပါဝင်နေတယ်ဆိုပေမယ့် အရာအားလုံးတိုင်းကိုတော့ မပြောပြသင့်ပါဘူး။ မိမိရဲ့အကြောင်းအရာအချို့ကို ရင်းနှီးရတဲ့သူ၊ စိတ်ချရတဲ့သူ၊ မိတ်ဆွေသူငယ်ချင်းတွေကို ပြောပြလိုက်ပေမယ့် တစ်ခါတရံမှာ အဲဒီလိုပြောပြလိုက်ခြင်းက ဆိုးကျိုးတွေ ပိုဖြစ်လာစေပါတယ်။
အဲဒါကြောင့် အရင်းနှီးဆုံးလူတွေကိုတောင် မပြောပြသင့်တဲ့ အကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ အနာဂတ်အစီအစဉ်
အနာဂတ်မှာ ပြုလုပ်မယ့်အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ရင်းနီးတဲ့သူတွေကို ပြောပြတာ၊ တိုင်ပင်တာမျိုးတွေ ပြုလုပ်မိသွားတတ်ပါတယ်။ အနာဂတ် အစီအစဉ်တွေနဲ့ပတ်သက်ပြီး အောင်မြင်လာတဲ့အခါမှသာ ပြောပြသင့်ပါတယ်။
ပြုလုပ်မယ့်အကြောင်းအရာတွေကို အသေးစိတ်ကျကျပြောပြတာက ကောင်းကျိုးထက် ဆိုးကျိုးတွေပဲ ဖြစ်ပေါ်လာစေပါတယ်။
၂။ အချစ်ရေးပြဿနာများ
အချစ်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကို မိသားစုဝင်တွေ၊ သူငယ်ချင်းတွေကို ပြောပြတာက ပြဿနာကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အချစ်ရေးက ဘယ်လိုမှအဆင်မပြေလာနိုင်တော့တဲ့အခါ သင်ကိုယ်တိုင်ပဲ အခက်တွေ့လာမှာပါ။
သင်တို့နှစ်ယောက် အဆင်ပြေသွားရင်တောင် မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေက တစ်ဖက်လူအပေါ်မှာ သံသယတွေ ဝင်နေဦးမှာပါ။
၃။ လစာနဲ့ ဝင်ငွေ
သင့်ရဲ့လစာနဲ့ ဝင်ငွေအကြောင်းကို ဘေးနားက ရင်းနှီးသူတွေက အသေးစိတ်သိနေစရာ မလိုအပ်ပါဘူး။ ဝင်ငွေတွေအကြောင်း မေးလာခဲ့ရင်တောင် ခန့်မှန်းခြေလောက်ကိုသာ ပြောပြသင့်ပါတယ်။ ငွေကြေးနဲ့ပတ်သက်တဲ့အခါ လူတွေရဲ့အမြင်က အမျိုးမျိုးပြောင်းလဲသွားလေ့ရှိပါတယ်။
၄။ သင်နဲ့အခြားသူတွေရဲ့ လျှို့ဝှက်ချက်များ
အတင်းအဖျင်းပြောတာက ဘာမှပြဿနာမရှိဘူးလို့ ထင်ရစေပါတယ်။ ဒါပေမယ့် ဘယ်လောက်ယုံကြည်ရသူကိုပဲဖြစ်ဖြစ် သူ့ရဲ့လျှို့ဝှက်ချက်တွေ၊ အခြားသူရဲ့အတွင်းရေးတွေကို မပြောပြသင့်ပါဘူး။
ယုံကြည်ရလို့ လျှို့ဝှက်ချက်တွေ၊ အားနည်းချက်တွေကို ပြောပြလိုက်ပေမယ့် အချို့သူတွေက ကွယ်ရာမှာ လှောင်ရယ်လေ့ရှိပါတယ်။
၅။ ကလေးအတွက်အစီအစဉ်
ကလေးနဲ့ပတ်သက်ပြီး ရွေးချယ်ခွင့်တွေက သင်တို့နှစ်ယောက်နဲ့ပဲ သက်ဆိုင်ပါတယ်။ အထင်လွဲမှားတာတွေ၊ အငြင်းပွားတာတွေ မဖြစ်အောင် ကလေးယူမယ့်အစီအစဉ်တွေကိုလည်း မပြောပြသင့်ပါဘူး။
၆။ အတိတ်မှာ သင့်ကို နာကျင်စေတဲ့အကြောင်းအရာများ
အတိတ်မှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကို လက်ရှိအချိန်ထိ တွေးတောနေတာက အလဟဿပါပဲ။ အတိတ်က နာကျင်ခံစားခဲ့ရတဲ့ အကြောင်းအရာတွေကို ထပ်ခါထပ်ခါပြောပြနေတဲ့အခါ ပြဿနာတွေကို ပြန်လည်အစဖော်သလို ဖြစ်နေမှာပါ။ ခွင့်လွှတ်ပြီး ပစ္စုပ္ပန်မှာလက်တွေ့ကျကျ နေထိုင်တာက အကောင်းဆုံးပါ။
၇။ အမှားများ
အချို့သော အမှားတွေက ပြောပြလိုက်တဲ့အခါမှ ပိုဆိုးသွားလေ့ရှိပါတယ်။ ပြဿနာတိုင်းကို ပြောပြတဲ့အခါ မိဘတွေက စိတ်ပူပြီး စိုးရိမ်တတ်ကြပါတယ်။
သူ့အလိုလို ပြေလည်သွားနိုင်တဲ့ ပြဿနာတွေကို အမြဲတမ်းမပြောပြသင့်ပါဘူး။ ပြဿနာတိုင်းကို မိဘနဲ့ မိတ်ဆွေသူငယ်ချင်းတွေက မဖြေရှင်းပေးနိုင်ပါဘူး။
၈။ ယုံကြည်တဲ့အရာများ
ဘာသာရေး၊ နိုင်ငံရေးနဲ့ အချို့သော အကြောင်းအရာတွေက အရမ်းကို ထိလွယ်ရှလွယ်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။ အမြင်တွေက မတူညီတာကြောင့် ယုံကြည်ဲ့အရာတွေလည်း မတူညီနိုင်ပါဘူး။ နောက်ဆုံးမှာတော့ ငြင်းခုံစကားများတာနဲ့ပဲ ဆက်ဆံရေးတွေ ကျဲတောက်သွားမှာပါ။
၉။ ရောက်တဲ့နေရာတိုင်းကို အမြဲပြောပြတတ်ခြင်း
ကလေးဘဝတုန်းကတော့ မိဘတွေကို ကြုံခဲ့သမျှ ပြောပြတာ သဘာဝပါပဲ။ အရွဘ်ရောက်လာတဲ့အခါမှာတော့ သွားခဲ့တဲ့နေရာတွေကအစ အသေးစိတ်ပြောပြနေစရာ မလိုအပ်တော့ပါဘူး။ မိဘတွေက အရမ်းကို စိတ်ပူတတ်သူဆိုရင် သူတို့အတွက် စိတ်ပူစရာတွေပဲ တိုးလာမှာပါ။
Zombie (lovemedia)
0 Comments