အများသုံးသန့်စင်ခန်းတံခါးတွေ အပြည့်မဖြစ်နေရတဲ့ အကြောင်းအရင်း (၉) ခု

အများသုံးသန့်စင်ခန်းတွေကို အသုံးပြုတဲ့အခါ တံခါးတွေက အပြည့်မဟုတ်ဘဲ ပုံမှန်တံခါးတွေထက် တိုနေတတ်တာကို သင် သတိပြုမိမှာပါ။

တံခါးတွေ တိုနေရတာက သင့်ရဲ့ကိုယ်ရေးကိုယ်တာကို ချိုးဖောက်ဖို့အတွက် မဟုတ်ဘဲ အခြားသော အကြောင်းအချက်တွေကြောင့် ဖြစ်ပါတယ်။

၁။ သန့်ရှင်းရေးလုပ်ရလွယ်ကူခြင်း

အများသုံးသန့်စင်ခန်းကို တစ်နေ့ကို အကြိမ်ပေါင်းစွာ သန့်ရှင်းရေးလုပ်ဖို့ လိုအပ်ပါတယ်။ တံခါးက တိုနေတဲ့အတွက်ကြောင့် သန့်ရှင်းရေးလုပ်တဲ့အခါ လွယ်ကူပြီး ပိုမိုလျင်မြန်လာပါတယ်။ အပြင်ကနေ အလွယ်တကူ သန့်ရှင်းရေးလုပ်လို့ရုံပါပဲ။

၂။ မတော်တဆမှုဖြစ်တဲ့အခါ အလွယ်တကူ အကူအညီပေးနိုင်ခြင်း

တံခါးတွေကို အလုံပိတ်ထားတဲ့အခါ သန့်စင်ခန်းထဲမှာ တစ်ယောက်ယောက် မူးလဲနေတာ သို့မဟုတ် အခြားသောကျန်းမာရေးပြဿနာကြောင့် သတိလစ်နေတာကို မသိနိုင်ပါဘူး။

တံခါးကို တိုတိုလေးပြုလုပ်ထားတာကြောင့် သန့်စင်ခန်းထဲမှာ တစ်ယောက်ယောက်မူးလဲနေရင် အလွယ်တကူသတိထားမိနိုင်ပြီး အကူအညီကို လျင်လျင်မြန်မြန်ပေးလို့ရပါတယ်။

၃။ မသင့်လျော်တဲ့အပြုအမူတွေကို ဟန့်တားနိုင်ခြင်း

အများသုံးသန့်စင်ခန်းထဲမှာ မသင့်လျော်တဲ့အပြုအမူတွေ ပြုလုပ်နေတဲ့အခါ တံခါးတိုနေတာကြောင့် အလွယ်တကူသိရှိနိုင်ပါတယ်။ အဲဒါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။

၄။ ပိုမိုသက်သာခြင်း

သန့်စင်ခန်းမှာ တံခါးတွေကို တိုတိုလေးတွေပြုလုပ်ထားတာကြောင့် ငွေအကုန်အကျအများကြီး သက်သာသွားပါတယ်။ ဒါ့အပြင် တပ်ဆင်ရတာ၊ ပြုပြင်ဖြုတ်လဲရတာလည်း လွယ်ကူသွားပါတယ်။

၅။ လေဝင်လေထွက်ကောင်းခြင်း

အပြည့်ပိတ်ထားတဲ့တံခါးဆိုရင် လေဝင်လေထွက်မကောင်းဘဲ အနံ့တွေ လုံနေတတ်ပါတယ်။ တံခါးက တိုနေတာကြောင့် အနံ့ဆိုးတွေ အလွယ်တကူ ပျောက်ကွယ်ဖို့ ပိုမိုလွယ်ကူပါတယ်။

၆။ သန့်စင်ခန်းကို အသုံးပြုလို့ရနိုင်လားဆိုတာ အလွယ်တကူကြည့်ရှုနိုင်ခြင်း

တံခါးကို အပြည့်ပိတ်ထားတဲ့အခါ အသုံးပြုလို့ရနိုင်လားဆိုတာကို သိဖို့ ခဏလောက် စောင့်နေရတတ်ပါတယ်။ တံခါးက အောက်ပိုင်းမှာ အနည်းငယ်ပွင့်နေတဲ့အခါ အသုံးပြုလို့ရနိုင်မလားဆိုတာကို အလွယ်တကူ သိရှိနိုင်ပါတယ်။

၇။ အလွယ်တကူထွက်နိုင်ခြင်း

တံခါးကို အလွယ်တကူ ပြန်ဖွင့်လို့မရခဲ့ရင် အပြင်မှာ တစ်ယောက်ယောက်မရှိတဲ့အခါ အရမ်းကို အခက်တွေ့မှာပါ။ ဒါပေမယ့် တံခါးအောက်ခြေမှာ လွတ်နေတာကြောင့် တံခါးပြန်ဖွင့်လို့မရရင်တောင် တံခါးအောက်ကနေ ငုံ့ပြီး ထွက်လို့ရပါတယ်။

၈။ မြန်ဆန်ခြင်း

တံခါးကို အပြည့်ပိတ်ထားရင် သန့်စင်ခန်းထဲမှာ အချိန်က ကြာမှန်းမသိကြာသွားတတ်ပါတယ်။ ဒါပေမယ့် တံခါးက အပြည့်မဟုတ်တဲ့အခါ အပြင်မှာ လူရှိနေတာကိုသိပြီး အချိန်မဆွဲဖြစ်တော့ပါဘူး။

၉။ အိမ်သာသုံးစက္ကူကို အလွယ်တကူရနိုင်ခြင်း

သန့်စင်ခန်းကို အသုံးပြုနေရင်းနဲ့ စက္ကူကုန်သွားတဲ့အခါမှာ အရမ်းကို အခက်တွေ့နေမှာပါ။ ဒါပေမယ့် အများသုံးသန့်စင်ခန်းတွေမှာ တံခါးကို အပြည့်မပြုလုပ်ထားတာကြောင့် စက္ကူကိုလည်း အလွယ်တကူဝေမျှပေးလို့ရနိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments