ကလေးလေးတွေ စတင်လမ်းလျှောက်တတ်လာတဲ့အခါမှာ မိဘတွေက အရင်ကထက်ပြီး ပိုပြီး ဂရုစိုက်လာရပါတယ်။
လမ်းလျှောက်တတ်စ ကလေးအရွယ်နဲ့ ပတ်သက်ပြီး လက်ဆင့်ကမ်းလာကြတဲ့ထိန်းသိမ်းစောင့်ရှောက်နည်းတွေက အများကြီးပါပဲ။ အဲဒီထဲကမှ လွဲမှားနေတဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ မိဘတွေပြောတာကို နားမလည်သေးခြင်း
တကယ်တော့ ကလေးတွေက မိဘတွေ ပြောတာကို နားလည်ပါတယ်။ လမ်းလျှောက်တတ်စအရွယ်မှာ စကားလေးတွေ ပြောပေးတာက ဘာသာစကားစွမ်းရည်တိုးတက်ဖို့အတွက် အကောင်းဆုံးအချိန်ပါ။
အဲဒီအချိန်မှာ လူကြီးတွေ ပြောနေကျစကားလေးတွေကို ဖြည်းဖြည်းချင်းစီ ပြောပြပေးရင် ကလေးနဲ့ မိဘကြား ပိုမုရင်းနှီးလာမှာပါ။ ကလေးတွေက နို့တိုက်အရွယ်ကနေစပြီး မိဘတွေရဲ့စိတ်ခံစားချက်ကို ဖတ်နေနိုင်ပါပြီ။
၂။ ကလေးအသက်ငယ်ငယ်လေးနဲ့ စာသင်ပေးခြင်း
မိဘတွေက ကလေးတွေကို အရမ်းထူးချွန်စေချင်တာကြောင့် အရမ်းငယ်တဲ့အချိန်ကနေစပြီး စာတွေ သင်ပေးကြပါတယ်။ ကလေးတွေက ငယ်ရွယ်စဉ်မှာ အမြင်နဲ့ သင်ယူတတ်ပါတတယ်။
စာတွေကို ရေးတတ်အောင် အစောကြီး သင်ပေးတာထက် စာလုံးတွေကို ပြထားတာ၊ စာလုံးတွေပြပြီး တုံ့ပြန်ခိုင်းတာက အထိရောက်ဆုံးပါ။
၃။ အစားအစာတွေကို အများကြီးကျွေးဖို့ လိုအပ်တယ်လို့ ယူဆခြင်း
ကလေးအရွယ်မှာ အာဟာရမျှတဖို့ ပိုအရေးကြီးပါတယ်။ လမ်းလျှောက်တတ်စ ကလေးအရွယ်က အစားဂျီးများပါတယ်။ အစားအစာ အသစ်အဆန်းမှန်သမျှကို စားကြည့်ချင်ကြပါတယ်။ အဲဒါကြောင့် မတူညီတဲ့အစားအစာတွေကို နည်းနည်းချင်းစီ ကျွေးရင် အစားပိုစားဖြစ်မှာပါ။
၄။ အိမ်မှုကိစ္စမလုပ်နိုင်ဘူးလို့ ထင်ခြင်း
လမ်းလျှောက်တတ်စ ကလေးအရွယ်တွေက အိမ်မှုကိစ္စတွေကို မကူညီနိုင်သေးပါဘူး။ ဒါပေမယ့် သူတို့က ဘေးနားမှာ ရှိတဲ့သူတွေကို ကူညီရတာကို အရမ်းသဘောကျပါတယ်။
အဲဒါကြောင့် ကလေးကို ကူညီဖို့အခွင့်အရေးပေးသင့်ပါတယ်။ နောက်ပိုင်းမှာတော့ ကလေးကို အိမ်မှုကိစ္စလုပ်ဆောင်တတ်အောင် သင်ကျပေးတဲ့အခါ လွယ်ကူသွားပါတယ်။
၅။ တစ်ညလုံးအိပ်ခြင်း
ကလေးတွေက ခဏခဏအိပ်ပြီး ခဏခဏနိုးပါတယ်။ လူကြီးတွေလို တစ်ညလုံးမအိပ်ပါဘူး။ ကလေးတွေက အိပ်မက်မက်ပြီး အိမ်မက်ဆိုးတွေကနေလည်း လန့်နိုးလာတတ်ပါတယ်။ ကလေးတွေကို ညဘက်မှာ မကြောက်တတ်အောင်၊ ထင်ယောင်ထင်မှားမဖြစ်အောင် အားပေးဖို့ လိုအပ်ပါတယ်။
၆။ အရုပ်တွေကို မျှကစားခိုင်းခြင်း
ကလေးတွေက အခြားကလေးတွေနဲ့ အရုပ်တွေ မျှကစားရမယ်ဆိုတာကို နားမလည်သေးပါဘူး။ အသက် ၄နှစ်အရွယ်ခန့်ရောက်မှသာ အရုပ်တွေကို မျှကစားရကြောင်း နားလည်လာတာပါ။
သင့်ကလေးက အခြားကလေးတွေနဲ့ အရုပ်တွေကို မျှမကစားတဲ့အခါ မဆူသင့်ဘဲ နားလည်အောင် အေးအေးဆေးဆေး ရှင်းပြသင့်ပါတယ်။
၇။ ခဏခဏဂျီကျတာကို စိတ်မရှည်ခြင်း
ကလေးတိုင်းက ဂျီကျတတ်ပါတယ်။ ကလေးအရွယ်မှာ ဂျီကျတာက စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်သေးတာကြောင့်ပါ။ လူကြီးတွေပြောပြတဲ့ လူမှုစည်းမျဉ်းတွေကို ကလေးတွေက နားမလည်သေးတဲ့အခါ စိတ်ကောက်ဂျီကျတတ်ပါတယ်။ ဒါပေမယ့် ခဏခဏဂျီကျတာက အသက် ၄ နှစ်ကျော်ရင် နည်းပါးသွားလေ့ရှိပါတယ်။
Zombie (lovemedia)
0 Comments