လှပရတာ ပင်ပန်းတယ်လို့ အချို့လူတွေက ပြောကြပါတယ်။ တစ်ခါတရံမှာ အများအမြင်မှာ ကြည့်လို့လှနေပေမယ့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဝတ်အစားတွေ၊ အသုံးအဆောင်တွေ ရှိနေတတ်ပါတယ်။
ဘယ်လိုအရာတွေက လှပပေမယ့် ကျန်းမာရေးကို ထိခိုက်စေလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ထိပ်ချွန်ဖိနပ်
ထိပ်ချွန်ဖိနပ်လေးတွေကို စီးထားတဲ့အခါမှာ အရမ်းကို စမတ်ကျပြီး ကြည့်လို့ကောင်းပါတယ်။ ဒါပေမယ့် ခြေချောင်းလေးတွေ ကျန်းမာရေးအတွက်တော့ မကောင်းပါဘူး။
ခန္ဓာကိုယ်တစ်ခုလုံးရဲ့အလေးချိန်က ခြေထောက်ရဲ့အရှေ့ပိုင်းမှာ သက်ရောက်နေတဲ့အတွက် အသားမာတက်တာ၊ နာဗ်ကြောလေးတွေ နာကျင်တာတို့ ခံစားရနိုင်ပါတယ်။
၂။ စီးနေကျဖိနပ်ထက် ပိုကြီးနေတဲ့ဖိနပ်
နာမည်ကျော်အများစုက စီးနေကျဖိနပ်ဆိုဒ်ထက် ၁ လက်မ၊ နှစ်လက်မပိုတဲ့ ဖိနပ်တွေကို စီးတတ်ကြပါတယ်။ ဖိနပ်က ခြေထောက်နဲ့ အံဝင်ခွင်ကျမဖြစ်တာကြောင့် ခြေထောက်နာကျင်စေပါတယ်။
ဖိနပ်က ကြီးနေတာကြောင့် လမ်းလျှောက်တဲ့အခါမှာ အရမ်းကို သတိထားပြီး လျှောက်နေရမှာပါ။ ခြေချောင်းလေးတွေကို ညှစ်ထားသလိုဖြစ်ပြီး ဒူး၊ နောက်ကျောနဲ့ လည်ပင်းကိုပါ နာကျင်စေမှာပါ။
၃။ ပလက်စတစ်ဖိနစ်
ကြည်နေတဲ့ပလက်စတစ်ဖိနပ်လေးတွေက အရမ်းကို ကြည့်ကောင်းတာကြောင့် မိန်းကလေးအများစု သဘောကျကြပါတယ်။ ဒါပေမယ့် ပလက်စတစ်ဖိနပ်ကို ခဏခဏမစီးသင့်ပါဘူး။
ပလက်စတစ်ဖိနပ်စီးတဲ့အခါမှာ လေဝင်လေထွက် မကောင်းတာကြောင့် မှိုနဲ့ ဘက်တီးရီးယားတွေ ဖြစ်ပေါ်လာစေပါတယ်။
၄။ ဘဲလေးဖိနပ်
ဘဲလေးကသူတွေ စီးတဲ့ဖိနပ်နဲ့ တူတဲ့ ဖိနပ်အပါးလေးတွေက လှပပေမယ့် ခြေထောက်ကျန်းမာရေးအတွက်တော့ မကောင်းပါဘူး။ ဒီလိုဖိနပ်တွေက ခြေထောက်အတွက် ပြည့်ပြည့်ဝဝ မပံ့ပိုးပေးနိုင်တာကြောင့် ဒူးနဲ့ နောက်ကျောကို နာကျင်လာစေပါတယ်။
၅။ လက်ဝတ်ရတနာအကြီးကြီးတွေ
နားကပ်အကြီးကြီးတွေက ဝတ်ထားတဲ့အခါမှာတော့ အရမ်းကို မိမိုက်နေပါတယ်။ ဒါပေမယ့် နားပန်အတွက်တော့ မကောင်းပါဘူး။ နားပန်ကနေ အလေးချိန်အများကြီးကို ဆွဲထားရတာကြောင့် နားက အရွယ်မတိုင်ခင်မှာ တွဲကျနေမှာပါ။
၆။ Shapeweaer
ခန္ဓာကိုယ်အလှကို ပေါ်လွင်စေတဲ့ Shapeweaer တွေက အမျိုးသမီးတွေကြားမှာ အလွန်ရေပန်းစားပါတယ်။ Shapeweaer ဝတ်သူတွေမှာ တွေ့ရများတဲ့ပြဿနာကတော့ အရေပြားယားယံတာပါ။
Shapeweaer တွေက အရမ်းတင်းကျပ်နေတာကြောင့် နာဗ်ကြောတွေကို ထုံကျင်စေပါတယ်။ သွေးလည်ပတ်မှုလည်း မကောင်းပါဘူး။
၇။ တင်းကျပ်တဲ့အဝတ်အစားများ
တင်းကျပ်တဲ့အဝတ်အစားတွေကို အချိန်အကြာကြီးဝတ်ထားရင်၊ ခဏခဏဝတ်ရင် ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်။ တင်းကျပ်တဲ့အဝတ်အစားတွေကြောင့် အရေပြားယားယံပြီး သွေးလည်ပတ်မှုလည်း မကောင်းပါဘူး။ အစာချေဖျက်တဲ့အခါမှာလည်း အခက်အခဲဖြစ်စေပါတယ်။
၈။ ခါးမြင့်ဘောင်းဘီ
ခါးမြင့်ဘောင်းဘီတွေကို ဝတ်လိုက်တဲ့အခါမှာ ဖိအားတွေက ဝမ်းဗိုက်ပေါ်မှာ သက်ရောက်နေပါတယ်။ အဲဒါကြောင့် အချိန်ကြာကြာဝတ်ထားရင် ဝမ်းဗိုက်ထဲမှာ အစာမကြေသလို ခံစားလာရပါတယ်။
ဒါ့အပြင် နောက်ကျောမှာ ရှိတဲ့ကြွက်သားတွေအပေါ်မှာလည်း ဖိအားတွေ သက်ရောက်စေတာကြောင့် ခါးနာတာကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။
Zombie (lovemedia)
0 Comments