နေ့လယ်ဘက် တစ်ရေးတမောအိပ်တာက ခန္ဓာကိုယ်ကို ဘယ်လိုပြောင်းလဲလာစေသလဲ

နေ့လယ်ခင်း တရေးတမောအိပ်တာကို ပျင်းရိတဲ့အကျင့်လို့ အချို့တွေက သတ်မှတ်ကြပါတယ်။ ဂျပန်နိုင်ငံမှာတော့ နေ့လယ်ခင်းတစ်ရေးခန့် အိပ်တာကို အလုပ်ကို ကြိုးစားလုပ်ဖို့အတွက် အားယူတယ်လို့ မြင်ကြပါတယ်။

လေ့လာချက်တွေအရ နေ့လယ်ခင်း အချိန်ခဏခန့်အိပ်တာက ကျန်းမာရေအပြင် အခြားသောအရာတွေမှာပါ အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။

၁၀ မိနစ်ကနေ မိနစ် ၂၀ ခန့် အိပ်ခြင်း

ကျွမ်းကျင်သူတွေရဲ့အဆိုအရ နေ့လယ်ဘက်မှာ ၁၀မိနစ်ကနေ မိနစ် ၂၀ ခန့်အိပ်တာက ခန္ဓာကိုယ်ကို ပိုမိုနိုးကြားလာစေပြီး စွမ်းအင်တွေ တိုးလာစေပါတယ်။ အိပ်တဲ့အချန်က ခဏလေးပေမယ့် အိပ်ရေးဝသလို ခံစားရစေပါတယ်။

နေ့လယ် ၃ နာရီကျော်မှာ ၁၀ မိနစ်ကနေ မိနစ် ၂၀ ခန့်အိပ်တာက စိတ်ဖိစီးမှုဖြစ်စေတဲ့ဟော်မုန်းကို လျော့ကျစေပါတယ်။ နေ့လယ်ဘက် တွေ့ကရာစားချင်တဲ့စိတ်ကိုလည်း နည်းပါးသွားစေပါတယ်။

၃၀ မိနစ်ကြာ အိပ်ခြင်း

မိနစ် ၃၀ ခန့် အိပ်ခြင်းက မှတ်ဉာဏ်ကို တိုးတက်စေပါတယ်။ စိတ်ဖိစီးမှုတွေ လျော့နည်းစေပြီး အာရုံစူးစိုက်မှု ပိုကောင်းလာစေပါတယ်။ နောက်ထပ်အကျိုးကျေးဇူးတစ်ခုကတော့ ဆီးချိုရောဂါဖြစ်နိုင်ချေကို လျော့ကျစေတာပါ။ နေ့လယ်ဘက်မှာ မိနစ် ၃၀ ခန့် အချိန်ပေးပြီး ခဏတာ အိပ်ပြီးနောက် နိုးလာတဲ့အခါ စိတ်ရောလူပါ လန်ဆန်းနေမှာပါ။

မိနစ် ၆၀ ကြာ အိပ်ခြင်း

သင့်ရဲ့အလုပ်က စိတ်ကိုပါနှစ်မြှုပ်ပြီး လုပ်ရတဲ့အခါမှာ နေ့လယ်ဘက်ကို ခဏလောက် အနားပေးပြီး အိပ်သင့်ပါတယ်။ တစ်နာရီခန့်အနားယူပြီး အိပ်တဲ့အခါ ဦးနှောက်ကို အနားရပြီး အာရုံစူးစိုက်မှု ပိုကောင်းလာပါတယ်။

အချက်အလက်တွေကို ပိုမိုမှတ်နိုင်လာပါတယ်။ စိတ်အရမ်းရှုပ်ထွေးနေတဲ့အချိန်မှာ ခဏလောက်အနားယူပြီး အိပ်လိုက်ရင် နိုးလာတဲ့အခါ စိတ်က ကြည်လင်နေမှာပါ။

မိနစ် ၉၀ ကြာ အိပ်ခြင်း

မိနစ် ၉၀ကြာအိပ်တဲ့အခါမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားနိုင်တာကြောင့် အိပ်မက်တွေပါ မက်တတ်ပါတယ်။ Dr.Sara Mednick ရဲ့အဆိုအရ နေ့လယ်ဘက်မှာ မိနစ် ၉၀ ခန့် အိပ်ပြီး အနားယူတာက ခန္ဓာကိုယ်ကိုရော စိတ်ကိုပါ အားအင်တွေပြည့်လာစေပါတယ်။ မှတ်ဉာဏ်တိုးတက်ပြီး ဖန်တီးနိုင်မှုစွမ်းအားတွေ တိုးတက်လာပါတယ်။

နေ့လယ်ဘက် တစ်ရေးတမောအိပ်ခြင်းရဲ့ အကျိုးကျေးဇူးများ

- နှလုံးနဲ့ ပတ်သက်တဲ့ရောဂါများ ဖြစ်နိုင်ချေကို လျော့ကျစေခြင်း

- နှလုံးသွေးကြောနဲ့ပတ်သက်တဲ့ ဖိအားတွေ လျော့သွားခြင်း

- ဆီးချိုရောဂါဖြစ်နိုင်ချေ နည်းပါးသွားခြင်း

- ကိုယ်အလေးချိန်ကျခြင်း

- ဦးနှောက်ပျက်စီးမှုကို ကာကွယ်ပေးခြင်း

Zombie (lovemedia)

Post a Comment

0 Comments