ခန္ဓာကိုယ်မှာ မျက်နှာအပြင် sunscreen လိမ်းသင့်တဲ့အခြားနေရာများ

Sunscreen က နေ့စဉ်မဖြစ်မနေလိမ်းသင့်တဲ့အရာတွေထဲက တစ်ခုပါ။ နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ဖို့ sunscreen ကို မျက်နှာ၊ လက်မောင်း၊ ကျော၊ လည်ပင်းတို့မှာ လိမ်းကြပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်မှာ sunscreen လိမ်းပေးသင့်တဲ့နေရာတွေလည်း ရှိပါတယ်။

၁။ ဆံပင်

ဆံပင်တွေ ဖုံးကွယ်နေတာကြောင့် ဦးရေပြားကို sunscreen မလိမ်းသင့်ဘူးလို့ လူအများက ယူဆကြပါတယ်။ ဒါပေမယ့် နေရောင်ခြည်က ဦးရေပြားကို ထိတွေ့ပါများတဲ့အခါမှာတော့ အားနည်းလာပါတယ်။

အထူးသဖြင့် ရေကူးကန်တွေနဲ့ ပင်လယ်ထဲမှာ ရေကူးတဲ့အခါ ဦးရေပြားကျန်းမာရေးကို ပိုဂရုစိုက်ပေးသင့်ပါတယ်။ ကမ်းခြေသွားမယ့်အခါမှာ ဦးရေပြားကို sunscreen အနည်းငယ်လိမ်းဖို့ မမေ့သင့်ပါဘူးနော်။

၂။ နှုတ်ခမ်း

နှုတ်ခမ်းက နေရောင်ခြည်ထိတွေ့ပါများတဲ့အခါ ခြောက်သွေ့ပြီး ညိုလာပါတယ်။ အောက်နှုတ်ခမ်းက အပေါ်နှုတ်ခမ်းထက် ပိုပြီးခြောက်သွေ့ပါတယ်။

အပြင်ထွက်တဲ့အခါမှာ နှုတ်ခမ်းကို နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးနိုင်တဲ့ခရင်မ်တွေကို အမြဲလိမ်းပေးသင့်ပါတယ်။

၃။ ခြေထောက်

ခြေထောက်ကလည်း နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တဲ့နေရာပါပဲ။ ခြေထောက်ရဲ့အရေပြားက ထိလွယ်ရှလွယ်ပြီး လျင်လျင်မြန်မြန်နေလောင်လွယ်ပါတယ်။ ခြေထောက်ကို နေရောင်ခြည်ကာကွယ်ပေးတဲ့ခရင်မ်မလိမ်းတဲ့အခါ အသားအရေမညီတော့ပါဘူး။

၄။ မျက်လုံး

နေရောင်ခြည်ဒဏ်က မျက်လုံးအောက်က အရေးအကြောင်းတွေကို ပိုမိုထင်ရှားလာစေပါတယ်။ အပြင်ထွက်တဲ့အခါ eye cream မလိမ်းရင်၊ နေကာမျက်မှန်မတပ်ရင် မျက်လုံးဘေးမှာ အရေးအကြောင်းတွေက ထပ်လာပါတယ်။

မျက်လုံးတစ်ဝိုက်အသားအရေက နုတာကြောင့် eye cream ကို ရွေးတဲ့အခါမှာ ဂရုပြုသင့်ပါတယ်။

၅။ နား

ဆံပင်က နားကို အမြဲလိုလိုဖုံးလွှမ်းနေတာကြောင့် sunscreen မလိုအပ်ဘူးလို့ လူအများက ထင်ကြပါတယ်။ နားရွက်ရဲ့အလယ်က အန္တရာယ်ပေးနိုင်တဲ့အကျိတ်တွေ ဖြစ်ပေါ်ဖို့ အကောင်းဆုံးနေရာပါ။

အဲဒါကြောင့် နားရွက်ကို နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ဖို့ sunscreen ကို လိမ်းပေးပါ။

Zombie (lovemedia)

Post a Comment

0 Comments