အသက်ကြီးလာတာကို မသိသာအောင် ဖုံးကွယ်လို့ရနိုင်မယ့် နည်းလမ်းများ

အိုမင်းရင့်ရော်တာက နေ့စဉ်နီးကပ်လာတဲ့အရာပါပဲ။ အိုမင်းရင့်ရော်တာကို တားဆီးလို့မရပေမယ့် အသက်ကြီးတာကို မသိသာအောင် ဖုံးကွယ်လို့ ရနိုင်မယ့်နည်းလမ်းတွေ ရှိပါတယ်။

၁။ နားရွက်

အသက်အရွယ်အိုမင်းလာတဲ့အခါ အသိသာဆုံးကတော့ နားရွက်တွေ တွဲကျလာတာပါ။ နားပန်မှာ ရှိတဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့အားတွေက နည်းပါးလာပါတယ်။ နားကပ်ကို နှစ်ပေါင်းများစွာ ဝတ်ဆင်တဲ့အမျိုးသမီးတွေမှာ အိုမင်းရင့်ရော်တဲ့အခါ နားရွက်တွေ တွဲကျလာတာက ပိုသိသာလာပါတယ်။

အသက်ကြီးလာတဲ့အခါ နားရွက်တွဲကျတာကို သက်သာအောင်လို့ လေးလံတဲ့နားကပ်ကြီးတွေပန်တာကို ရှောင်သင့်ပါတယ်။ နားရွက်ကို အားပြည့်စေဖို့ ခရင်မ်လိမ်းပေးရင် နားအရေအပြားတွန့်တာ သက်သာလာပါတယ်။

၂။ လည်ပင်း

အမျိုးသမီးအများစုက မျက်နှာအသားအရေကို ဂရုစိုက်ကြပေမယ့် လည်ပင်းအသားအရေကို ဂရုစိုက်ဖို့ သတိမထားမိကြပါဘူး။ မျက်နှာကို ပြင်ဆင်ခြယ်သထားပေမယ့် လည်ပင်းမှာအရေးအကြောင်းတွေ ရှိနေတဲ့အခါ အိုမင်းရင့်ရော်တာ ပိုသိသာလာပါတယ်။

လည်ပင်းမှာ အရေးအကြောင်းတွေ သက်သာအောင်လို့ ကြေးချွတ်ပေးတာ၊ ရေဓာတ်ဖြည့်တာ၊ ခရင်မ်လိမ်းတာ၊ လည်ပင်းလေ့ကျင့်ခန်းတို့ ပြုလုပ်နိင်ပါတယ်။

၃။ နဖူး

နဖူးက အရေးအကြောင်းတွေကို ဖယ်ရှားဖို့ filler နဲ့ botox ထိုးတဲ့နည်းလမ်းတွေကို အသုံးပြုကြပါတယ်။ အဲဒီလို ထိုးပြီးနောက်မှာ နဖူးက အဆီတွေက လျော့ပါးလာပါတယ်။ အသက်ကြီးတဲ့အခါမှာတော့ နဖူးရဲ့ သဘာဝမူလပုံစံပျောက်ပြီး နဖူးပြင်ကျယ်သလို ထင်လာရစေပါတယ်။

နဖူးက အရေးအကြောင်းတွေကို ပျောက်အောင် filler နဲ့ botox မထိုးသင့်ဘဲ ခရင်မ်နဲ့ face mask ကို အသုံးပြုတာ၊ မျက်နှာအတွက် ယောဂလေ့ကျင့်ခန်းလုပ်တာတို့က ပိုပြီး လှပစေပါတယ်။

၄။ မျက်ခုံး

အသက်ငယ်ရွယ်စဉ်မှာတော့ မျက်ခုံးက ထင်ထင်ရှားရှားလှပနေတတ်ပါတယ်။ အသက်အရွယ်အိုမင်းလာတဲ့အခါမှာ မျက်ခုံးနဲ့ မျက်ခွံက အိကျလာပါတယ်။ မျက်ခုံးက ပါးပြီး တိုသွားလေ့ရှိပါတယ်။

အသက်ကြီးတဲ့အခါ မျက်ခုံးလှပနေစေဖို့ ငယ်ရွယ်တဲ့အချိန်ကတည်းက မျက်နှာအတွက် ယောဂလေ့ကျင့်ခန်းတွေ ပြုလုပ်ထားတာက အထိရောက်ဆုံးပါပဲ။

၅။ နှုတ်ခမ်း

အသက်ကြီးလာတဲ့အခါမှာ နှုတ်ခမ်းအပေါ်ဘက်မှာ အရေးအကြောင်းတွေ ပေါ်လာလေ့ရှိပါတယ်။ အဲဒီအရေးအကြောင်းတွေကြောင့် အသက်ကြီးတာက အရမ်းသိသာလာပါတယ်။

နှုတ်ခမ်းဘေးတစ်ဝိုက်နဲ့ အပေါ်ဘက်မှာ အရေးအကြောင်းတွေ နည်းပါးအောင်လို့ တစ်နေ့ကို ၅ မိနစ်ခန့်အချိန်ပေးပြီး နှုတ်ခမ်းကြွက်သားတွေအတွက် လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးနိုင်ပါတယ်။

၆။ လက်

လက်မှာ အဆီတစ်ရှူးတွေ မရှိပါဘူး။ အဲဒါကြောင့် အသက်ကြီးလာတဲ့အခါမှာ လက်မောင်းတွေက တွဲကျလာပါတယ်။ ဒါပေမယ့် လက်မောင်းတွဲကျတာနဲ့ လက်မှာ အရေးအကြောင်းတွေဖြစ်လာမှာကို ကာကွယ်လို့ရပါတယ်။

လက်မောင်းအတွက် လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးတာက လက်မောင်းတွဲကျတာကို အများကြီး နှေးကွေးသွားစေပါတယ်။ လက်မှာအရေးအကြောင်းတွေ နည်းပါးအောင်လို့ ခရင်မ်လိမ်းတာ၊ ရေများများသောက်တာ၊ အပြင်ထွက်တဲ့အခါ လက်ရှည်အင်္ကျီဝတ်တာ စတဲ့နည်းလမ်းတွေနဲ့ ကာကွယ်လို့ရပါတယ်။

၇။ မျက်နှာ

အသက်ကြီးလာတာနဲ့အမျှ မျက်နှာက ကြွက်သားတွေ အားနည်းလာပါတယ်။ ရလဒ်အနေနဲ့ မျက်နှာရဲ့ကောက်ကြောင်းတွေ ပြောင်းလဲလာပါတယ်။ အသက်အနည်းငယ်ရလာတဲ့အခါ မျက်နှာမှာ ပါးစုံ့တွေ ထွက်လာပါတယ်။

အဲဒီပါးစုံ့တွေကြောင့် ရှိသင့်တဲ့အသက်ထက် ပိုပြီးကြီးရင့်တယ်လို့ ထင်လာရပါတယ်။ တစ်နေ့ကို မိနစ်အနည်းငယ်ခန့်အချိန်ပေးပြီး မျက်နှာလေ့ကျင့်ခန်းတွေ ပြုလုပ်ပေးရင် အသက်ကြီးတာတောင် မျက်နှာက နုပျိုလှပနေမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments