သင့်အနီးအနားမှာ တစ်ယောက်ယောက် မူးလဲသတိလစ်သွားတဲအခါ အရေးပေါ်ပြုစုပေးနိုင်မယ့်နည်းလမ်းများ

မူးမော်တာ၊ မူးလဲတာက လူအများစုမှာ ဖြစ်ပေါ်လေ့ရှိကြပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေမှာ လွယ်လွယ်ကူကူ ရေဓာတ်ခန်းခြောက်တာကြောင့် မူးလေ့ရှိပါတယ်။

အချို့လူတွေက မူးပြီးနောက်တစ်ခါတရံ သတိလစ်သွားတတ်ကြပါတယ်။ သင့်ဘေးနားမှာ လူတစ်ယောက်ယောက်က အားနည်းပြီး မူးလဲသွားတဲ့အခါ ဒီအချက်လေးတွေကို အရေးပေါ်ပြုလုပ်ပေးနိုင်ပါတယ်။

၁။ စိတ်ချရတဲ့နေရာမှာ ထားပါ။

ဦးနှောက်ကို သွေးစီးဆင်းဖို့အတွက် မူးလဲသွားသူရဲ့ခြေထောက်ကို ခုံတစ်လုံးပေါ်မှာ မြှောက်တင်ထားလိုက်ပါ။ ခန္ဓာကိုယ်ကိုတော့ ကြမ်းပြင်မှာ လဲလျောင်းထားလိုက်ပါ။ မူးလဲသွားသူက ကော်လံပါတဲ့အင်္ကျီ၊ ခါးပတ်၊ တင်းကျပ်တဲ့အဝတ်အစားတွေ ဝတ်ထားတဲ့အခါ ချွတ်ပေးလိုက်ပါ။

၂။ မူးလဲသွားသူကို သတိပြန်လည်လာအောင် ပြုလုပ်ပါ။

မူးလဲသွားတဲ့သူကို လေကောင်းလေသန့်ရအောင် ပြုလုပ်ပေးပါ။ ပြူတင်းပေါက်တွေကို ဖွင့်လိုက်ပါ။ မူးလဲသွားသူက အစားမစားရသေးရင် လတ်ဆတ်တဲ့သစ်သီးဖျော်ရည် သို့မဟုတ် သွေးတွင်းသကြားဓာတ်မြင့်တက်လာအောင် အချိုရည်တိုက်လို့ရပါတယ်။

၃။ ဘေးစောင်းလိုက်ပါ။

မူးလဲသွားသူက အန်နေတယ်ဆိုရင်၊ ပါးစပ်ကနေ သွေးယိုနေတယ်ဆိုရင် ဘေးဘက်ကို စောင်းလိုက်ပါ။

၄။ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မယ့်သူကို ဖုန်းဆက်ပါ။

ပုံမှန်အားဖြင့် မူးလဲပြီး သတိလစ်သွားသူတွေဟာ စက္ကန့် ၂၀ အတွင်း သတိပြန်ရလာတတ်ပါတယ်။ မူးလဲသွားသူဟာ

- တစ်လကို တစ်ကြိမ်ထက်ပိုပြီး မူးလဲသတိလစ်နေရင်

- နှုတ်ခမ်းနဲ့ မျက်နှာက ပြာလာရင်

- မူးလဲသွားတဲ့အချိန်မှာ ခေါင်းက တစ်စုံတစ်ခုနဲ့ ဆောင့်မိရင် ကျန်းမာရေးဝန်ထမ်းတွေဆီကို ဖုန်းဆက်ပြီး အကူအညီတောင်းသင့်ပါတယ်။

မူးလဲသွားသူတွေကို မလုပ်ပေးသင့်တဲ့အရာများ

မူးလဲသွားသူတွေကို

- ပါးရိုက်တာ၊ ခန္ဓာကိုယ်ကို လှုပ်ရမ်းပြီးနှိုးတာ

- မျက်နှာကို ရေနဲ့ပတ်တာ

- အသံအကျယ်ကြီးနဲ့ အော်ခေါ်တာ

- ခေါင်းအောက်မှာ ခေါင်းအုံးထားတာတို့ လုံးဝမပြုလုပ်သင့်ပါဘူး။

(lovemedia)

Post a Comment

0 Comments